နမ့်ခမ်းမြို့အနီး TNLA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် တနှစ်သားကလေး အပါအဝင် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး ၁ နှစ်အရွယ်ကလေး အပါအဝင် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ (၅)ရက် မနက် (၁၀)နာရီခွဲမှစပြီး လက်ရှိ သတင်းရေးသားချိန်ထိ နမ့်ခမ်းမြို့အနီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။

“ဟိုနားကျေးရွာက နေအိမ်တွေ လက်နက်ကြီးကျည် ထိမှန်ပြီးတော့ အရပ်သား (၆)ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ နေအိမ် ဘယ်နှအိမ် ထိသွားလဲတော့ သေချာမသိရသေးဘူး။ ခုချိန်ထိ လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ အနီး နောင်စန့်ကုန်း ဘောလုံးကွင်းနားတဝိုက်၊ ဟိုနားကျေးရွာနှင့် ကောင်းပိန်းကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားပြီး နမ့်ခမ်းမြို့နှင့် (၁)မိုင်သာ ကွာဝေးကြောင်း သိရှိရသည်။

ထို ထိခိုက်ဒဏ်ရာရသူများအနက် အသက် (၁)နှစ် မပြည့်သေးသည့် ကလေးတဦး အပါအဝင် အသက် (၆၆) နှစ်အရွယ် သက်ကြီးလည်း ပါဝင်ပြီး လက်ရှိတွင် နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

“တစ်နှစ်အောက် ကလေး တစ်ယောက်လည်း ထိခိုက်တယ်လို့ သိရတယ်။ ကလေးတွေက ရင်ဘတ်ထိတယ်လို့ ပြောတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၄) တွင် နမ့်ခမ်းမြို့မစျေးအတွင်း TNLA တပ်ဖွဲ့မှ ဆက်ကြေးလာကောက်နေချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး (၂) ဦး သေဆုံးသွားကြောင်း၊ ယနေ့ပစ်ခတ်မှုသည် ၄င်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

“မနေ့က ကိစ္စနဲ့ ပတ်သက်ပြီး ဆက်စပ်မှုရှိမယ်ထင်တယ်။ ဒီနေ့မနက် TNLA ဘက်က မြို့အနီး ဝတ်စုံအပြည့်နဲ့ အင်အားပြတဲ့သဘော သွားနေတော့ စစ်ကောင်စီဘက်က ပြန်ပစ်လိုက်တာထင်တယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦးက ပြောသည်။

TNLA ၏ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူး မိုင်းအိုက်ကျော် ကို သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့မှ မြို့မစျေးအတွင်း စျေးရောင်းသည့် စျေးသည်များထံ ဆက်ကြေးကောက်မှုများ ပြုလုပ်လာသဖြင့် ဒေသခံများ စျေးပိတ်ပြီး ဆန္ဒပြခဲ့ကြောင်းလည်း သိရသည်။

နမ့်ခမ်းမြို့သည် တိုင်းရင်းသားလက်နက်ကိုင် ပေါင်းစုံရှိသည့် ဒေသဖြစ်ပြီး မကြာခဏ ပေါက်ကွဲမှု ဖြစ်ပွားခြင်း၊ အရပ်သားများ ပစ်ခတ်ခံရကာ သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပွားသည့် ဒေသတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...