Tuesday, January 27, 2026

နမ့်ခမ်းမြို့အနီး TNLA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် တနှစ်သားကလေး အပါအဝင် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး ၁ နှစ်အရွယ်ကလေး အပါအဝင် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ (၅)ရက် မနက် (၁၀)နာရီခွဲမှစပြီး လက်ရှိ သတင်းရေးသားချိန်ထိ နမ့်ခမ်းမြို့အနီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။

“ဟိုနားကျေးရွာက နေအိမ်တွေ လက်နက်ကြီးကျည် ထိမှန်ပြီးတော့ အရပ်သား (၆)ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ နေအိမ် ဘယ်နှအိမ် ထိသွားလဲတော့ သေချာမသိရသေးဘူး။ ခုချိန်ထိ လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ အနီး နောင်စန့်ကုန်း ဘောလုံးကွင်းနားတဝိုက်၊ ဟိုနားကျေးရွာနှင့် ကောင်းပိန်းကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားပြီး နမ့်ခမ်းမြို့နှင့် (၁)မိုင်သာ ကွာဝေးကြောင်း သိရှိရသည်။

ထို ထိခိုက်ဒဏ်ရာရသူများအနက် အသက် (၁)နှစ် မပြည့်သေးသည့် ကလေးတဦး အပါအဝင် အသက် (၆၆) နှစ်အရွယ် သက်ကြီးလည်း ပါဝင်ပြီး လက်ရှိတွင် နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

“တစ်နှစ်အောက် ကလေး တစ်ယောက်လည်း ထိခိုက်တယ်လို့ သိရတယ်။ ကလေးတွေက ရင်ဘတ်ထိတယ်လို့ ပြောတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၄) တွင် နမ့်ခမ်းမြို့မစျေးအတွင်း TNLA တပ်ဖွဲ့မှ ဆက်ကြေးလာကောက်နေချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး (၂) ဦး သေဆုံးသွားကြောင်း၊ ယနေ့ပစ်ခတ်မှုသည် ၄င်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

“မနေ့က ကိစ္စနဲ့ ပတ်သက်ပြီး ဆက်စပ်မှုရှိမယ်ထင်တယ်။ ဒီနေ့မနက် TNLA ဘက်က မြို့အနီး ဝတ်စုံအပြည့်နဲ့ အင်အားပြတဲ့သဘော သွားနေတော့ စစ်ကောင်စီဘက်က ပြန်ပစ်လိုက်တာထင်တယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦးက ပြောသည်။

TNLA ၏ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူး မိုင်းအိုက်ကျော် ကို သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့မှ မြို့မစျေးအတွင်း စျေးရောင်းသည့် စျေးသည်များထံ ဆက်ကြေးကောက်မှုများ ပြုလုပ်လာသဖြင့် ဒေသခံများ စျေးပိတ်ပြီး ဆန္ဒပြခဲ့ကြောင်းလည်း သိရသည်။

နမ့်ခမ်းမြို့သည် တိုင်းရင်းသားလက်နက်ကိုင် ပေါင်းစုံရှိသည့် ဒေသဖြစ်ပြီး မကြာခဏ ပေါက်ကွဲမှု ဖြစ်ပွားခြင်း၊ အရပ်သားများ ပစ်ခတ်ခံရကာ သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပွားသည့် ဒေသတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...