ရွာငံမြို့မှ အရပ်သားနေအိမ်ကို စစ်ကောင်စီ ဒုတိယအကြိမ် ဝင်ရောက် ရှာဖွေစစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ ရွာမရပ်ကွက်တွင်ရှိသည့် အရပ်သား နေအိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်သားများက လက်နက်အပြည့်အစုံဖြင့် လာရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၅ ) မွန်းလွဲပိုင်း ၂ နာရီခွဲမှ ၂ နာရီ ၄၅ မိနစ်အထိ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် အင်အား ၂၀ ခန့် စစ်ကောင်စီတပ်သားများသည် ရွာမရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဒုတိယအကြိမ်မြောက် လာရောက်ရှာဖွေခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တစ်ခေါက်တုန်းကလည်း သူတို့ (စကစ)တွေ တစ်ခေါက်လာတယ်၊ အဲ့ချိန်ကတော့ ညသန်းခေါင်အချိန်မှာ လာကြတာ၊ ဒီနေ့တော့ နေ့ခင်းပိုင်းလာကြတာ၊ အဲ့အိမ်က လူငယ်(ယောက်ျားလေး)ကို လာရှာတာတဲ့၊ ထုတ်ပေးပါတဲ့၊ ဒါပေမဲ့ အဲ့လူငယ်က အိမ်မှာမရှိတာ ကြာပါပြီ” ဟု ရွာမရပ်ကွက်မှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နေအိမ်မှ အမျိုးသားလူငယ်သည် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တခြားနယ်သို့ စီးပွားရေးလုပ်မည်ဟု ဆိုကာ နေအိမ်မှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ရောက်လာသော စစ်ကောင်စီတပ်သားများဖြစ်သည့် ရဲ နှင့် စစ်သားတို့သည် အိမ်သားများကို သေနတ်ပြ ခြိမ်းခြောက်ပြီး တချို့ အိမ်တွင်းပစ္စည်းများကို ရိုက်ချိုးဖျက်စီးခြင်းများလည်း ရှိကြောင်း သတင်းသိရသည်။

“ပစ္စည်းရိုက်ခွဲသံတွေ မှန်ကွဲသံတွေ ကြားရပါတယ်၊ သူတို့ (စကစ)တွေ ထွက်သွားပေမယ့်လည်း အဲ့အိမ်ကို မသွားရဲဘူး၊ စောင့်ကြည့်နေမှာကြောက်လို့လေ၊ အိမ်သားတွေ အခြေအနေလည်း မသိရသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတို့သည် ပြည်သူ့နေအိမ်များအား ဝင်မွှေခြင်း၊ ရွာသားအချို့အား ဖမ်းဆီးခြင်း၊ ညဘက် သေနတ်ပစ်ဖောက်ခြောက်လန့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သလို စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ထွက်နေသူများလည်း တရားခံမသိ သတ်ဖြတ်ခံမှုများရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...