စစ်ကောင်စီမှ ပရဟိတကားများကို ည ဂိတ်မဖြတ်ရန် တားမြစ်

သျှမ်းပြည်တောင်ပိုင်း အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ပရဟိတကားများကို ည ဝင်ထွက် သွားလာမှုမပြုရန် တားမြစ်သဖြင့် လူနာတင်ပို့ရန် အခက်အခဲများစွာရှိနေကြောင်း သတင်းသိရသည်။

လူမှုရေးပရဟိတလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသော သျှမ်းတောင်မှ ပရဟိတအသင်း တစ်သင်းသည် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ အရေးပေါ်လူနာပို့ဆောင်ရန်အတွက် ထွက်လာစဉ် အေးသာယာ ထုံးဖိုစစ်ဆေးရေးဂိတ်၌ တားမြစ်စစ်ဆေးခံရပြီး နောက်နောင်တွင် ညအချိန် သွားလာခြင်းမပြုရန် သတိပေးခြင်းခံရကြောင်း သတင်းသိရသည်။

“ဇန်နဝါရီလ ၁ ရက်နေ့ကပါ၊ လူနာပါရင် ဂိတ်ကို ပေးဖြတ်တယ် ဆိုပေမဲ့ ကျနော်တို့ စကားပြောရတာ ကြာတာပေါ့၊ သူတို့ စစ်တာ မေးတာနဲ့ အခန့်မသင့်ရင် လူနာက အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားနိုင်တယ်” ဟု အဆိုပါ ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီး – အေးသာယာ အတက်အဆင်းလမ်း ထုံးဖိုစစ်ဆေးရေးဂိတ်တွင် စောင့်နေသည့် စစ်ကောင်စီတပ်သားများသည် ညအချိန်တွင် အရက်သောက်ပြီး ပရဟိတကားများကို မလိုအပ်သည့် မေးမြန်းမှုများ ပြုလုပ်သည့်အတွက် လူနာများအတွက် စိုးရိမ်စရာဖြစ်ကြောင်း သိရသည်။

“ညည ဗိုလ်ကြီးဆိုတဲ့ အမူးတွေ ရစ်ခံရတာ များလာရင် ပရဟိတ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေအနေနဲ့ စိတ်ကုန်သွားနိုင်တယ် ကြောက်သွားနိုင်ပါတယ်၊ သူတို့မူးတဲ့အချိန်မှာ ဂိတ်ရောက်ရင်၊ စစ်ဆေးခံရရင် တခါတလေ လှည့်ပြန်ရတာ ဂိတ်နားအိပ်ရတာတွေ ရှိလာတယ်၊ ကျနော်တို့က ကယ်ဆယ်ရေးလုပ်နေတာ ဖြစ်တဲ့အတွက် ဒါဟာ ပြည်သူတွေအတွက် ကျနော်တို့အတွက် ထိခိုက်မှုပါပဲ” ဟု ၎င်းက ပြောသည်။

သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ တပ်သားများသည် ကားသမားက တိုင်းရင်းသားဖြစ်နေပါက ပိုမိုစစ်ဆေးမှု ပြုလုပ်နေသည့်အပြင် ဗမာစကားမကျွမ်းကျင်ပါက ဖမ်းမည်ဟုလည်း ခြိမ်းခြောက်ခံရကြောင်း သျှမ်းပြည်တောင်ပိုင်းအတွင်း လှုပ်ရှားနေသည့် အခြားပရဟိတအသင်းဝင်တစ်ဦးကလည်း ပြောသည်။

“ကျနော်တို့ ပရဟိတသမားတွေက နေ့ည ရွေးလို့မရဘူးလေ၊ လူနာရှိတဲ့ချိန် ကူညီဖို့ရှိလာရင် သွားရတာပဲ၊ ပြီးတော့ ကျနော်တို့တိုင်းရင်းသားတွေက ရိုးကြတယ်၊ စကားပြောမတတ်ဘူး၊ မိဘတွေတောင် နင်နဲ့ငါ ပြောကြတဲ့ ကျနော်တို့တိုင်းရင်းသားတွေအတွက် လမ်းမှာ အစစ်ခံရရင် အမြင်ကတ်ပုဒ်မနဲ့ မတရား ဖမ်းဆီးခံရမှာလို့ အပြောခံရတယ်” ဟု ၎င်းကြုံတွေ့ရသည့် အခြေအနေကို ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် လူမှုကယ်ဆယ်ရေး၊ ပရဟိတသမားတို့၏ လူနာတင်ယာဥ်များအကြား ပြဿနာသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး ပရဟိတသမားတွေ အနေဖြင့်လည်း သွားလာရေး မလွယ်ကူတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

“ပုစ္ဆာအဟောင်းကို နည်းဟောင်းနဲ့ ဆက်သွားနေရင်တော့ ရလဒ်အဟောင်းပဲ ထွက်မယ်။ တွက်နည်းအသစ်နဲ့တော့ ကျနော်တို့ တွက်ရလိမ့်မယ်”

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းပြည်တောင်ပိုင်း အမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယမန်နှစ် ၂၀၂၅ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး KNDF ၏စစ်ရေး...