Saturday, January 31, 2026

စစ်ကောင်စီ

ဖယ်ခုံမြို့ စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲ ဖြစ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကသဲကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၃၁)ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်၌ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ ၃၁ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်ကစပြီး...

မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း ဖြစ်ပွားသည့် ကိုးကန့်တပ်မတော် (MNDAA) နှင့် တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်သည် မိုင်းယော်တိုက်နယ်ရှိ မဟာမိတ်တပ်ဖွဲ့ကို တိုက်လေယာဥ်ဖြင့် အကြမ်းဖက် ထိုးစစ်ဆင်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ မိုင်းယော်တိုက်နယ်နှင့် မိုင်းဟက်ကြား လုံမွန်းကျေးရွာအုပ်စုအတွင်း သွားလာလှုပ်ရှားနေသည့် မဟာမိတ်တပ်ဖွဲ့တို့၏ စခန်းနေရာများကို...

စစ်ကောင်စီ ကုန်ပစ္စည်းများကို မရောင်းချရန် နမ့်ခမ်း ပျောက်ကြားအဖွဲ့ စာထုတ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်း စစ်ကောင်စီ ထုတ်ကုန်များကို အသုံးမပြုရန်အတွက် နမ့်ခမ်းပျောက်ကြား အဖွဲ့က ထုတ်ပြန်ထားသည့် စာစောင်သည် လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့ နှံ့နေကြောင်း စုံစမ်းသိရှိရသည်။ ထိုစာတစ်စောင် ပျံ့ နှံ့ပြီးနောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဆိုင်များတချို့တွင် စစ်ကောင်စီ ထုတ်ကုန် ဘီယာများကို ရောင်းချမှု မရှိတော့ကြောင်း သိရသည်။ “စာကတော့...

လွိုင်ကော်မြို့ တစ်ပတ်အတွင်း ကုန်စည်များမရနိုင်ပါက ရိက္ခာ ပြတ်တောက်နိုင်ချေရှိ

ကရင်နီပြည် လွိုင်ကော်မြို့တွင် တစ်ပတ်အတွင်း ကုန်စည်များမရနိုင်ပါက ရိက္ခာများ ပြတ်တောက်နိုင်ချေရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ လက်ရှိ လွိုင်ကော်မြို့အတွင်းတွင် ပြည်သူတစ်ထောင်ဝန်းကျင် ကျန်ရှိနေပြီး ကုန်စည်များလည်း ပြတ်တောက်နေ သည့်အတွက် မြို့တွင်း ကျန်ရှိနေသေးသည့် ကုန်စည်ရိက္ခာများကလည်း တစ်ပတ်အတွင်းလောက်သာ ဖူလုံမှု ရှိနိုင်ကြောင်း လွိုင်ကော်မြို့တွင်း ကျန်ရှိနေသည့် အသက် ၅၀...

မိုင်းရှူးလူငယ်တဉီးအား စစ်ကောင်စီကားဖြင့်တိုက်မိ သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၂၉)ရက် နေ့လည် ၁နာရီ ဝန်းကျင်တွင် သျှမ်းလူငယ်တစ်ဦးကို ကားဖြင့်တိုက်ကာ လူငယ်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းရှူးမြို့နယ် ဝမ်လုံပန်စွဲကျေးရွာမှ မင်္ဂလာဆောင် တခုမှအပြန် စိုင်းမောင်ညို (ခ) စိုင်းနော်ခမ်းသည် ခြေလျင်တပ်ရင်း...

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း ယနေ့ (ဇန်နဝါရီ ၆)ရက် မနက် ၆နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီ က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့တို့ တပ်စွဲနေရာချထားသည့် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာ အနီး ကင်းပုန်းစခန်းနှင့် တပ်စခန်းတို့ကို ကရင်နီမှ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှု အပြီး စစ်ကောင်စီဘက်မှ...

ကွတ်ခိုင်မြို့ လက်နက်ကြီးသံများကြားနေရ

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့အနီး ယနေ့ (ဇန်နဝါရီ ၂၈)ရက် နေ့လည်(၂)နာရီ တွင် လက်နက်ကြီး လက်နက်သံများ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၂၈) ရက် နေ့လည် (၂) နာရီကျော်ခန့်က ကွက်ခိုင်မြို့အနီး စစ်ကောင်စီတပ်၏ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံ မှ...

မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များ မီးလိုက်ဖြတ်နေဆဲ

သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့နယ်အတွင်း မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များကို ကြိုတင် သတိပေးမှုမရှိဘဲ မီးလိုက်ဖြတ်နေဆဲဖြစ်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၇)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရွှေညောင်မြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အတွင်း လျှပ်စစ်ရုံးမှ အမျိုးသား ၅ ဦးသည် ကားတစ်စီးနှင့် ရောက်ရှိလာပြီး...

အသံတိတ်သပိတ် ဈေးမပိတ်ရန် စစ်ကောင်စီ အရှိန်အဟုန် လုပ်ဆောင်နေ

သျှမ်းပြည်နယ်အတွင်းရှိ မြို့များတချို့တွင် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဈေးမပိတ်ရန်အတွက် စစ်ကောင်စီများက အရှိန်အဟုန်ဖြင့် အတင်းအကြပ်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၁ ရက်သည် စစ်အာဏာသိမ်း တနှစ်ပြည့်ဖြစ်သည့်အတွက် “အသံတိတ် သပိတ်” လုပ်ဆောင်ရန် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် စစ်အာဏာကို လွန်ဆန်သည့် လုပ်ရက်ဖြစ်သည့်အတွက်...

တောင်ကြီးမြို့အထွက် PNO နှင့် စစ်ကောင်စီ ပူးပေါင်း ဖုန်းထဲ VPN စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အထွက် (၄)မိုင်တွင် စစ်ကောင်စီ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO )တို့ ပူးပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းထဲတွင် VPN သုံးစွဲမှု ရှိ၊ မရှိကို စစ်ဆေးလျက်ရှိကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ ယနေ့ ဇန်နဝါရီ ၂၆ ရက်...

Latest news