ပြည်သူများ တနေ့ စက်သုံးဆီ တလီတာ ချွေတာရန် စစ်ကောင်စီ ညွှန်ကြား

ပြည်သူများကို တနေ့လျှင် စက်သုံးဆီ တလီတာချွေတာရန် စစ်ကောင်စီထုတ် သတင်းစာ ယမန်နေ့ (ဖေဖော်ဝါရီ ၁၂)ရက်တွင် ထည့်သွင်းဖော်ပြထားသည်။

စက်သုံးဆီဈေးနှုန်းများသည် စစ်တပ်အာဏာမသိမ်းခင်က တစ်လီတာကျပ် ၆၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် တစ်လီတာကို ကျပ် ၁၈၀၀ နီးပါးအထိ ဈေးနှုန်း မြင့်တက်လာကြောင်း လားရှိုးမြို့နယ်မှ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယာဥ်သွားဖို့လာဖို့ရှိလာရင် ဆီကတော့ မရှိမဖြစ်သုံးနေရမှာပဲလေ၊ ဘယ်လိုပဲ ချွေတာနေပါစေ သွားသလောက် ကုန်နေမှာပဲ၊ အခု စက်သုံးဆီဈေးနှုန်းက စစ်တပ်အာဏာမသိမ်းခင်ထက် ၃ ဆနီးနီး တက်လာတော့ တခြားပြည်သူတွေ မပြောနဲ့ ကျနော်တို့လို ပန့်ဆီဆိုင်ပိုင်ရှင်အနေနဲ့လည်း သွားဖို့လာဖို့ တော်တော် စဥ်းစားလိုက်ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာသည့် စက်သုံးဆီဈေးနှုန်းများကြောင့် တချို့သော စက်သုံးဆီရောင်းဝယ်ရေးဆိုင်တချို့ ပိတ်သိမ်းရပ်နားထားရကြောင်း သိရသည်။

“သူများတော့ မသိဘူး၊ ကျမတို့ကတော့ စက်သုံးဆီမရောင်းနိုင်တော့ဘူး၊ ဆိုင်ထဲကျန်နေတဲ့ စက်သုံးဆီတွေကို ကျမတို့ သုံးဖို့အတွက် ထားထားလိုက်ရတယ်၊ အခုဝယ်ဈေးနဲ့ ပြန်ရောင်းရမယ့်ဈေးက မငြိမ်တော့ ကျမတို့လည်း မရောင်းရဲဘူး “ ဟု သီပေါမြို့မှ စက်သုံးဆီအရောင်းဆိုင် ပိတ်ထားလိုက်ရသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့မှု ရပ်တန့်ကာ စက်သုံးဆီ ဈေးနှုန်းတက်လာသည့်အပြင် တခြားသော ကုန်စည်ဈေးနှုန်းများလည်း တက်လာသည့်အတွက် ပြည်သူများအနေဖြင့် ခရီးသွားလာရေးနှင့် စားဖို့သောက်ဖို့ရုန်းကန်လှုပ်ရှားမှုများလည်း ခက်ခဲလာကြောင်း တောင်ကြီးမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆီဈေးတွေက တစ်ရက်နဲ့တစ်ရက်တက်နေတာ နည်းတာ မဟုတ်ဘူးလေ၊ အဲ့လိုပဲ တခြားကုန်စျေးနှုန်းတွေလည်း တက်လာမှာပဲ၊ ဒီဆီဈေးနှုန်းတက်လို့ ကုန်တင်ကုန်ချတွေ သယ်ယူပို့ဆောင်ရေးတွေ စားသောက်ကုန်တွေလည်း တက်မှာပဲ၊ အဲ့တော့ ကျနော်တို့ ပြည်သူကပဲ စက်ဆီရှားပါး၊ ကုန်စည်ရှားပါးမှုနဲ့ ကြုံနေရတာ” ဟု တောင်ကြီးမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးကာလမှ စတင်ပြီး လက်ရှိစက်သုံးဆီ ဈေးနှုန်းများသည် တစ်လီတာလျှင် ပျှမ်းမျ ကျပ် ၁၈၀၀ ဝန်းကျင်ခန့် ရှိနေပြီး စက်သုံးဆီဈေးနှုန်းတက်လာမှုကို ဖြေရှင်းမှုမပေး၊ ပြည်သူ့အခက်အခဲကို မငဲ့ဘဲ စက်ချွေတာရန်သာ ပြောဆိုနေသည့် စစ်ခေါင်းဆောင်ကို ပြည်သူများက ဝိုင်းဝန်းပြစ်တင် ဝေဖန်နေကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းကလည်း စစ်ကောင်စီခေါင်းဆောင်က ပြည်သူများ ဆန် စားသုံးမှုကို ပုံမှန်ထက် ၁၀ ရာခိုင်နှုန်း လျော့ချပြီး စားသောက်ရန် ပြောဆိုထားတာ တွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...