၃ တန်ထက် အလေးချိန်ရှိသည့် ယာဥ်များ မြို့ထဲဝင်ခွင့်မပေး

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့တွင် ၃ တန်ထက် ပိုသည့် အလေးချိန်ရှိသော ယာဥ်များ မြို့ထဲဝင်ခွင့် ရပ်နားခွင့် မရှိသည့် အတွက် ကားကြီးမောင်းသူများ အဆင်မပြေနိုင်ကြောင်း သတင်းသိရသည်။

“ကားငယ်တွေပဲ မြို့ထဲသွားလာရမယ် ဆိုတဲ့ သဘောပေါ့၊ သူတို့ပဲ ကုန်တင်ကုန်ချနဲ့ ခရီးသည်တွေဆီက ပိုက်ဆံရမယ်၊ ဒါပေမဲ့ မြို့ဝင်ကြေးတွေ၊ ဘီးလိမ့်ခွန်တွေ ပေးရတဲ့အခါမှာ ကျနော်တို့ ကားကြီးသမားတွေက ပိုပေးရတယ်၊ ဒီလိုကျတော့ အဆင်မပြေဘူးလေ” ဟု တောင်ကြီးမြို့မှ ကားကြီးမောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့အတွင်းတွင် ၃ တန်နှင့်အထက် ကုန်တင်ယာဉ်များ မြို့‌ပေါ်တွင် ကုန်တင်/ချ ပြုလုပ်ခြင်း၊ ရပ်တန့်ခြင်း မပြုလုပ်ရန်၊ အ‌ရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်း တစ်လျှောက်တွင် မည်သည့် အကြောင်းနှင့်မျှ ယာဥ်များ မရပ်ရန် ကန့်သတ်တားမြစ်မှုများကို စစ်ကောင်စီတို့က ပြုလုပ်နေကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ စီမံဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်ပြီး တောင်ကြီးမြို့မှ ကုန်တင်ယာဉ်မောင်းတစ်ဦးက ကားမောင်းပြီး ဝမ်းစာ ရှာဖွေစားသောက်နေရသော ပြည်သူများအတွက် အဆင်မပြေကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆီဈေးကလည်း နေ့တိုင်းတက်နေချိန် အခုလို လာလုပ်တော့ ကျနော်တို့က အလုပ်နားထားရမလိုပဲ၊ တခြားအလုပ်ပြောင်းရအောင်လည်း ဒီခေတ်ထဲ အလုပ်က ရှားတယ်လေ၊ မြို့ဝင်ဂိတ်တိုင်း စစ်ကောင်စီတွေက ကျနော်တို့ ကားသမားတွေကို ရစ်မယ်၊ တောင်းမယ်ဆိုတာချည်းပဲ” ဟု ကုန်တင်ယာဥ်မောင်းက ပြောသည်။

ထုတ်ပြန်ထားသည့် ကန့်သတ်တားမြစ်မှုကို ဖေဖော်ဝါရီ ၄ ရက်မှာ စတင်မည်ဖြစ်ကြောင်းနှင့် လိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူမည်ဟုလည်း စစ်ကောင်စီ လက်အောက်ရှိ သျှမ်းပြည်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...