စစ်ကောင်စီ
ဒလန်သတင်းပေးမှုကြောင့် တောင်ကြီးမြို့ပေါ် လူငယ်များဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ဒလန်သတင်းပေးမှုကြောင့် လူငယ်များဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် (မတ်လ ၃) ရက် ညပိုင်းတွင် တောင်ကြီးမြို့ လမ်းမတော်ရပ် စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း လမ်းကြားထဲရှိ BH Hotel မှ ဝန်ထမ်းအားလုံးကို ရဲတပ်သားများ က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့မှ...
ရပ်စောက်မြို့နယ် ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့မှ ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်သား အင်အားများစွာဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၁ ရက် ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့ မှ အသက် ၂၂ နှစ် အရွယ်ရှိ မစိုးဆုမြတ်လွင် (ခ) ဘုတ်ဘုတ်ကို နိုင်ငံရေးအကြောင်း...
ဖယ်ခုံမြို့နယ် စစ်ရှောင် ၆၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်များ ၆၀၀၀ ကျော်ရှိပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ စားဝတ်နေရေးခက်ခဲနေသည့် စစ်ရှောင်များသည် အများစုမှာ ကရင်နီပြည် (ကယား)မှ လာသည့် စစ်ရှောင်များဖြစ်ပြီး၊ အဆင်ပြေသည့်နေရာများတွင် တဲထိုးပြီး နေထိုင်နေရကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့ စစ်တမ်းအရဆိုရင် ဖယ်ခုံမြို့နယ်ထဲမှာက...
ပြည်သူတွေ ခက်ခဲနေသည့်ကြား ဓာတ်ဆီဈေး ထပ်မံမြင့်တက်
SHAN -
ပြည်သူများအတွက် စားဝတ်နေရေးခက်ခဲနေသည့်အချိန် စက်သုံးဆီ ဓာတ်ဆီဈေး ထပ်မံမြင့်တက်လာသဖြင့် ပိုခက်ခဲလာကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၃)ရက်နေ့တွင် သျှမ်းပြည်အတွင်းရှိ ဓာတ်ဆီဆိုင်များသည် ၁ လီတာကို ၂ ထောင်ကျပ်ထိ မြင့်တက်လာပြီး ပြည်သူများ ခရီးသွားလာရေးအတွက် ခက်ခဲလာကြောင်း သိရသည်။ “တစ်လီတာကို ၂၀၀၀ ကျော်လောက်ပေးရတယ်။ ဈေးက အရမ်းကြီး...
နမ့်ခမ်းမြို့ စစ်ကောင်စီ မှ ဒေသခံများထံ အိမ်ထောင်စု မိတ္တူများလိုက်တောင်းနေ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသည် ဒေသခံများထံ အိမ်ထောင်စု မိတ္တူများ လိုက်လံကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ နေအိမ်များမှ အိမ်ထောင်စု မိတ္တူ (၂)စောင်ကို သက်ဆိုင်ရာ ရပ်ကွက် စာကြည့်တိုက်များထံ လာရောက်ပေးရန် သက်ဆိုင်ရာအာဏာပိုင်များက ပြောလာကြောင်း နမ့်ခမ်းဒေသခံ အသက် ၃၀...
နမ့်မယ်ခုံ စစ်ရှောင်နေရာ မလုံခြုံဖြစ်နေ
SHAN -
သျှမ်း- ကယားနယ်စပ် နမ့်မယ်ခုံနယ်တစ်လျှောက် စစ်ကောင်စီ အုပ်စုက ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ရှောင်နေရာများမလုံခြုံကြောင်း စုံစမ်းသိရသည်။ လက်ရှိ နမ့်မယ်ခုံနယ်ကြောတစ်လျှောက်ရှိ ခိုလှုံနေသော စစ်ရှောင်များသည် တိုက်ပွဲများကို ထပ်မံကြုံရသည့် အပြင် ယခုရောက်ရှိနေသည့် နေရာတွင်လည်း စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေသဖြင့် လုံခြုံမှုမရှိကြောင်း စစ်ရှောင်များကို ကူညီစောင့်ရှောက်ပေးနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ “အခုသူတို့ရောက်တဲ့နေရာကလည်း စစ်ကောင်စီတွေက...
ပင်လောင်းမြို့နယ်ရောက် စစ်ရှောင်များ ကိုဗစ် စစ်ဆေးမှုမရှိထားလျှင် ရွာဝင်မခံ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း စစ်ရှောင်လာသည့် ပြည်သူများ ကိုဗစ် - ၁၉ စစ်ဆေးမှု မရှိထားလျှင် ရွာအတွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။ ကရင်နီပြည် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာသူ (၅၀၀၀) ကျော် ရှိခဲ့ပြီး တိုက်ပွဲငြိမ်သွားသည့် မြို့နယ်တချို့မှ ပြည်သူများ နေရပ်သို့ပြန်သွားခဲ့သည်။ ထိုပြန်သွားသည့် ပြည်သူများသည်...
အင်းလေးဒေသရောက် စစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ နှင့် အနီးတစ်ဝိုက်ရောက်နေသည့် ကရင်နီပြည်မှ စစ်ရှောင်များ ဖျားနာနေပြီး ဆေးဝါးအကူအညီ လိုအပ်နေကြကြောင်း စစ်ရှောင်များကို ကူညီနေသူများထံမှ သိရသည်။ အင်းလေးဒေသအတွင်း ရောက်ရှိနေသော စစ်ရှောင် ၂၀၀ နီးပါးထဲမှ အသက် ၁၅ နှစ်အောက် ကလေးများနှင့် သက်ကြီးရွယ်အိုများသည် ဖျားနာနေကြပြီး ဆေးဝါးဆိုင်ရာကုသမှုများ...
တောင်ကြီး နယ်ထိန်းရဲ နေအိမ် ဗုံးပေါက်ကွဲမှုဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် နယ်ထိန်းရဲ နေအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နေအိမ် အနည်းငယ် ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ည (၆) နာရီ ဝန်းကျင်ခန့်က ၎င်းတို့နေအိမ်တွင် ဗုံး နှစ်လုံး လာရောက်ပစ်ရာ တစ်လုံးကွဲသွားပြီး အိမ်အဖီ...
သျှမ်းပြည်တောင်ပိုင်းမှာ စစ်ဘောင်ကျယ်လာတော့မှာလား
SHAN -
ပြာလဲ့လဲ့ ကောင်းကင်တွင် ရဟတ်ယာဉ်များ ဆူညံစွာ ပျံဝဲနေသည်။ ရုရှားနိုင်ငံထုတ် MI-35 အမျိုးအစား စစ်ရဟတ်ယာဉ်သည် အညှိုးတကြီးဖြင့် မြေပြင်ကို ပစ်ခတ်နေသည်။ မြေပြင်တွင် ပေါက်ကွဲသံများ၊ လက်နက်ကြီးသံများနှင့် သေနတ်သံများ အဆက်အပြတ် ဆူညံနေသည့်ကြားက ပျက်စီးနေသည့် နေအိမ်များ မီးခိုး တလူလူဖြင့် မီးလောင်ကျွမ်းနေသည့် လူနေ အဆောက်အအုံများကိုလည်း...





