သျှမ်းပြည်ရေအားလျှပ်စစ် စီမံကိန်းသစ်များရပ်တန်ရန်တောင်းဆို

သျှမ်းပြည်အတွင်း ရေအားလျှပ်စစ် တည်ဆောက်ရန် စီမံကိန်းသစ် (၂၀) လျာထားပြီး စီမံကိန်းသစ်များ ရပ်တန့်ရန် သျှမ်းပြည်လူထုက တောင်းဆိုလိုက်သည်။

မတ် ၁၄ ရက်နေ့ မြစ်ချောင်းများအခွင့်အရေးအတွက် နိုင်ငံတကာ လှုပ်ရှားမှုနေ့အတွက် ရေကာတာတည်ဆောက်သူများအနေဖြင့် စစ်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ပြီး သျှမ်းပြည်မှ ထွက်ခွာပေးရန် ရှမ်းပြည် မြစ်ချောင်းများအတွက် လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်ချက်တွင် သျှမ်းပြည်အတွင်း ရေအားလျှပ်စစ်စီမံကိန်း (၃၃)ခုရှိပြီး တည်ဆောက်ရန် စီမံကိန်းသစ် (၂၀) ခုရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ဖြည့်တင်းရန် သျှမ်းပြည်အတွင်း ရေအားလျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း လွန်ခဲ့သည့် လများတွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

သံလွင်မြစ်ပေါ်တွင် အကြီးမားဆုံး ရေအားလျှပ်စစ်ထုတ်ရန် မိုင်းတုံရေကာတာ၊ ကွန်လုံရေကာတာ နှင့် နောင်ဖာရေကာတာတို့ လျာထားကြောင်း သိရသည်။

“ဘယ်တော့ စမလဲဆိုတာတော့ ဒေသအခြေနေပေါ်မူတည်တယ်။ နိုင်ငံရေးတည်ငြိမ်မှုမရှိပဲ တိုက်ပွဲတွေ ဖြစ်နေရင် လုပ်လို့မရဘူး။ ကွန်လုံမှာဆို အဲ့ဒီနား တိုက်ပွဲဖြစ်လို့ ဆည်တွေ မလုပ်ရဘူးပေါ့နော်။ ဒါကြောင့် နိုင်ငံရေးပေါ် မူတည်တာပေါ့နော်” ဟု စိုင်းဟော်ရှဲန် က ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် သံလွင်မြစ်ပေါ် ပြုလုပ်မည့် ရေကာတာ လျှပ်စစ်ဓာတ်အားသည် (၇၀၀၀) မဂ္ဂါဝပ်ကျော် အများဆုံး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၊ သျှမ်းပြည်တွင်း ဆည်စီမံကိန်း (၃၃) ခုခန့်ရှိပြီး စီမံကိန်း (၁၀) ခုမှာ မဂ္ဂါဝပ် (၁၆၀၀) ကျော် ထုတ်လုပ်ပြီးဖြစ်ပြီး ကြောင်း သိရသည်။

“ကျနော်တို့ သျှမ်းပြည်ထဲ လက်လှမ်းမှီသလောက်ဆိုရင် လုပ်ဖို့ စီစဉ်ထားတာတွေ၊ လုပ်ပြီးတာတွေ လက်ရှိချိန်ထိ လုပ်နေဆဲဖြစ်တဲ့ ရေကာတာတွေ အားလုံးလိုက်မယ်ဆိုရင် (၃၃) ခုလောက် ရှိမယ်” ဟု စိုင်းဟော်ရှဲန် က ပြောသည်။

လက်ရှိ စီမံကိန်း (၃) ခုကို ဆက်လက်လည်ပတ်နေသည့် (၃) ခုမှာ ရေအားလျှပ်စစ် မဂ္ဂါဝပ် (၃၀၀) ကျော် ထုတ်လုပ်နိုင်ပြီး ဘီလူးချောင်း ဆည်မှာ ရေအားလျှပ်စစ် (၃၀) မဂ္ဂါဝပ် ၊ အထက်ကျိုင်းတောင်းဆည်မှာ ရေအားလျှပ်စစ် (၅၁) မဂ္ဂါဝပ် နှင့် အထက်ရဲရွာရေကာတာမှာ (၂၈၀) မဂ္ဂါဝပ် ရှိကြောင်း သိရှိရသည်။

“အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်ကတော့ ခုထက်ထိ မရပ်မနားပဲ လုပ်နေတုန်း။ နိုင်ငံရေး ရှုပ်ထွေးနေချိန်မှာ အခွင့်ကောင်းယူပြီး လုပ်နေတာပေါ့” ဟု စိုင်းဟော်ရှဲန် က ထပ်လောင်းပြောသည်။

မတ်လ (၁၄) ရက်နေ့က အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်မှာ သျှမ်းပြည်တစ်ဝန်းက ဒေသခံ ပြည်သူတို့ မြစ်ကမ်းဘေးမှာ ကြွေးကြော်သံများကို ထုတ်ဖော်ကာ စစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းမှုကို ပိုမိုခိုင်မြဲစေသော ရေကာတာစီမံကိန်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။

အသစ်တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကို ဒေသခံ ပြည်သူများက ပြင်းထန်စွာ ကန့်ကွက်ပြီး မတ်လ (၁၄) ရက်က အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်မှာ ထပ်မံကန့်ကွက်လိုက်သည်။
သျှမ်းပြည်တွင်း ရေကာတာများ ဆည်များ လာရောက်တည်ဆောက်သည့် ကုမ္ပဏီများသည် နော်ဝေးနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျပန်နိုင်ငံ နှင့် တရုတ်နိုင်ငံများဖြစ်သည်။

နအဖ ခေတ် ကတည်းက စတင်လာသည့် သျှမ်းပြည်တွင်း ဆည်စီမံကိန်းသည် ဦးသိန်းစိန် အစိုးရကာလမှာလည်း တည်ဆောက်ဖို့ ကြိုးစားခဲ့သည်။

သို့ပေမယ့် လူထုကန့်ကွက်သည့်ကြား အာဏာပြန်ရလာတဲ့ NLD အစိုးရကလည်း ဆည်တွေတည်ဆောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုများလည်း ရှိခဲ့သည်။

၂၀၁၉ ဖေဖော်ဝါရီ (၆) ရက်နေ့လည်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နှင့် ပေါင်းကူးဆက်သည့် တာဆန်းတံတား တစင်းအပြင် သံလွင်မြစ်ကူးသည့် တံတားအသစ်တစင်း ထပ်မံဆောက်လုပ်နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ပန္နက်ချ ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်းအတွက် မြန်မာနှင့် လာအို သဘောတူ

0
မြန်မာနှင့် လာအို နိုင်ငံတို့အကြား နယ်စပ်ဖြတ်သန်းစီးဆင်းသည့် မဲခေါင်မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်အတွက် သဘောတူညီချက်တစ်ရပ်ကို နှစ်နိုင်ငံအစိုးရများက လက်မှတ်ရေးထိုးလိုက်ကြကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ ၃ ရက်ကြာ လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးအတွင်း ဇူလိုင်လ ၄ ရက်နေ့က...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...