Wednesday, January 28, 2026

ဖယ်ခုံမြို့နယ်တိုက်ပွဲဆက်ဖြစ်၊ ဒဏ်ရာရ ရဲဘော်များ ကုသရန် အကူအညီလိုအပ်နေ

သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်းသိရသည်။

ယနေ့ (မတ် ၁၆)ရက် မနက် ၁၀ နာရီဝန်းကျင်မှ စတင်ပြီး ဖယ်ခုံမြို့ နှင့် လွိုင်ကော်မြို့ နယ်အစပ်တွင် စစ်ကောင်စီ နှင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲများ ပြင်းထန်နေကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီကနေ့ တိုက်ပွဲက ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်း ဆောင်ကန်းဘက်တိုက်ပွဲက ပြင်းထန်နေပါတယ်၊ ပြီးခဲ့ တဲ့ရက်တွေတုန်းက ဖြစ်သွားတဲ့ တိုက်ပွဲမှာ ကျနော်တို့ မဟာမိတ် ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရထားတာရှိတယ်၊ သူတို့အတွက် ဆေးကုသမှု ဆေး စားရိတ်တော့ လိုအပ်နေတယ်” ဟု ဖယ်ခုံ PDF မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုက်ပွဲရင်ဆိုင်နေရသည်မှာ တစ်လကျော်ရှိနေပြီး လက်ရှိတွင် KNDF တပ်ရင်း ၇ တပ်ခွဲ ၄ မှ ဖောက်ခွဲရေး တာဝန်ခံအပါအဝင် ရဲဘော်နှစ်ယောက် အရေးပေါ် ဆေးကုသ စားရိတ် လိုအပ်နေကြောင်း သတင်းသိရသည်။

“သူတို့က ရှေ့တန်းကနေ ဒဏ်ရာရလာတာပါ၊ မစ်ရှင်လုပ်ရင်းနဲ့ ထိသွားတာပေ့ါ၊ အခု ဆေးကုသမှုရော ဆေးစရိတ် ရော အရေးကြီး လိုအပ်နေပါတယ်၊ ပြီးတော့ လက်နက်ခဲယမ်း၊ ကျနော်တို့က သူ့နယ်ကိုယ့်နယ်ဆိုပြီး ခွဲတိုက်နေတာမျိုးမဟုတ်တော့ အချင်းချင်းကူညီတိုက်ခိုက်ကြပါတယ်၊ လက်နက်ရော ဆေးစားရိတ်ရော ကူညီ ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု KNDF တပ်ရင်း ၇ တပ်ခွဲ ၄ မှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒီကနေ့ တိုက်ပွဲအခြေအနေများကြောင့် မိုးဗြဲ – လွိုင်ကော် လမ်းမအား ခရီးသွားလာခြင်းများ မပြုကြသေးရန် ပြည်သူများအား KNDF က အသိပေး ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းတိုက်ခိုက်မှုဖြင့် ဖယ်ခုံ၊ မိုးဗြဲ နှင့် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အတွင်းသို့ ဗုံးကြဲတိုက်ခိုက်မှု နေ့စဥ်လုပ်ဆောင်နေပြီး Fuel-Air Bomb ဟု အမည်ရှိသည့် လူခန္ဓာအရွယ်ရှိ ဗုံးများဖြင့်လည်း တိုက်ခိုက်ခဲ့ပါသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...