Tuesday, February 3, 2026

စစ်ကောင်စီ

သျှမ်းပြည် က ကျည်မဲ့ လက်နက်ကြီးကြောင့် ဘဝပျက်နေရ

စစ်အာဏာသိမ်းလာတဲ့ တနှစ်ကျော် ကာလမှာ သျှမ်းပြည်တောင်ပိုင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဦးဆောင်ပြီး လောင်းကစားတွေ ပြန်လည် ဦးမော့လာပါတယ်။ တခေတ်တခါ ကာလမှာ သျှမ်းပြည်ဒေသ တခွင်မှာ လောင်းကစားတွေ ပေါများခဲ့ကာ ၂၀၁၀ ခုနစ် စစ်ယူနစ်ဖောင်းချွတ် အရပ်သား အစိုးရ ဦးသိန်းစိန်လက်ထက်ကနေ စပြီး လောင်းကစားဖွင့်လှစ်မှု တဖြည်းဖြည်း လျော့ကျလာခဲ့ပါတယ်။ NLD...

မြို့နယ်မှူးနေထိုင်သည့် ပင်းတယမြို့က ရဲစခန်းဟောင်း တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ လုံခြုံရေးတပ်သားများစွာ ချထားသည့် မြို့နယ်မှူး နေထိုင်ရာ ပင်းတယရဲစခန်းဟောင်း တိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁) ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် ပင်းတယမြို့နယ်ရှိ ရဲစခန်းဟောင်းနေရာကို တိုက်ခိုက်ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပင်းတယမှာ ရဲစခန်းဝန်းနှစ်ခုရှိတာပေါ့နော်၊ အခုတိုက်ခိုက်ခံရတဲ့ ရွာသစ်ရပ်ကွက်၊မြို့တွင်းလမ်းမကြီးဘေး...

တလကျော် ပျောက်ဆုံးနေသည့် သီပေါ အမျိုးသမီး ၏ မိဘ ခြိမ်းခြောက်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် တလ ကျော်ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီး၏ မိဘများကို အမည်မသိလက်နက်ကိုင် တပ်ဖွဲ့က မြန်မာကျပ်ငွေ ၁၅ သိန်း ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ် အုမ်မူ့ကျေးရွာအုပ်စု ဝမ်တက်နားမွန်ကျေးရွာနေ အသက် ၁၉ နှစ် အရွယ်ရှိ နန်းခမ်းအောင်သည် လွန်ခဲ့သည့်...

မိုးဗြဲစစ်ရှောင်စခန်း ကလေးများ ရာသီတုပ်ကွေးဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အနီးဝန်းကျင်ရှိ စစ်ရှောင်စခန်းတွင်နေထိုင်သည့် ကလေးများ ရာသီတုပ်ကွေး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မိုးဗြဲ စစ်ရှောင်စခန်းတွင် စစ်ရှောင် ဦးရေ (၁၅၀၀) ကျော်ရှိပြီး ထိုထဲတွင်အသက် ၁၀ နှစ်အောက် ကလေး (၅၀၀) ကျော်ဝန်းကျင် ရှိသည်။ ထိုထဲမှ ကလေး (၃၀၀)...

ကျောက်မဲမြို့နယ် မျှစ်ရှာသူများကို လက်နက်ကိုင်တပ်ဖွဲ့ အခွန်ကောက်မည်ဟုခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပိုင်တနိုင် မျှစ်ရှာရောင်းသူများကို လက်နက်ကိုင် တပ်ဖွဲ့က အခွန်ဆောင်ရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ အတွင်းမှ စပြီး တောထဲတွင် အလေ့ကျပေါက်နေသည့် မျှစ်ပေါက်ချိန်ဖြစ်ပြီး ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာထဲတွင် မျှစ်ရှာရောင်းသူများကို လက်နက်ကိုင်တပ်ဖွဲ့က ငွေတောင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ “ကျနော်တို့ ကျောက်မဲမြို့နယ်ထဲမှာဆိုရင် တစ်ချို့က...

မိုးနဲမြို့နယ် ပြည်သူ့စစ်ရှိလာအောင် စစ်ကောင်စီက လုပ်ဆောင်နေ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျေးရွာဒေသများထဲတွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ က ပြည်သူ့ကာကွယ်ရေးဟု ဆိုကာ လူထု စာရင်းကောက်ယူနေလျက်ရှိကြောင်း သိရသည်။ မိုးနဲမြို့နယ်တွင် ယခုလမှစတင်ပြီး ပြည်သူ့ကာကွယ်ရေး နှင့် ပြည်သူ့ကျန်းမာရေး ကြက်ခြေနီအဖွဲ့များဟုဆိုကာ လူထုနာမည်စာရင်းကောက်ထားပြီး အဖွဲ့ ဖွဲ့စည်းထားခိုင်းကြောင်း သိရသည်။ “မြို့ထဲမှာတော့ ကျနော်အသေးစိတ်မကြားရသေးဘူး။ ကျေးရွာဘက်မှာဆိုရင်တော့ အကုန်လုံးနာမည်စာရင်းတွေကိုကောက်နေတာ။...

မိုးမိတ်မြို့ ဗုံးပေါက်ကွဲ စစ်ကောင်စီ ဝန်ထမ်းအမျိုးသမီး (၁) ဦးသေ ၊ (၂) ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာတွင် ယနေ့ ဇူလိုင် (၁၁) ရက် မနက် (၉) နာရီအချိန်က ဗုံး (၃)လုံး ပေါက်ကွဲပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအမျိုးသမီး (၁) ဦးသေဆုံးပြီး ၊ ထိခိုက် ဒဏ်ရာပြင်းထန်သူ (၂) ဦး ရှိကြောင်း စုံစမ်းသိရသည်။ ...

မိုးမိတ်မြို့နယ် ပြည်သူများ ဗုံးခိုကျင်း တူးထားရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ရေးတင်းမာမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေသဖြင့် ပြည်သူများ ဗုံးခိုကျင်း တူးထားရကြောင်း သတင်းသိရသည်။ မိုးမိတ်မြို့ ယမန်နေ့ (ဇူလိုင် ၁၀ ) ရက် နံနက်အစောပိုင်းမှ စတင်ပြီး နေ့ခင်းပိုင်းအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ပစ်ခတ်တိုက်ခိုက်နေကြစဥ်တွင် အနီးရှိပြည်သူများက ဗုံးခိုကျင်း အတွင်းသို့ ခိုအောင်းနေကြရကြောင်း ဒေသခံ...

သျှမ်းရှေ့ တောတောင်ပြုန်းတီးမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ပိုများလာ

သျှမ်းပြည် အရှေ့ပိုင်း တွင် တောတောင်ပြုန်းတီးမှုများကြောင့် ရေကြီးရေလျှံမှုများ ယခင်ကထက် ပိုများလာ ကြောင်းသိရသည်။ ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ် အတွင်းရှိ သီးနှံစိုက်ခင်းများ လမ်းတံတားများ ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၉...

တောင်ကြီး ဝါးပြားလမ်းဆုံတွင် အလောင်း (၂)လောင်းတွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဝါးပြားလမ်းဆုံတွင် သတ်ခံထားရသည့် ရုပ်အလောင်း ( ၂)လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့ မနက် (၆) နာရီဝန်းကျင်တွင် ဝါပြားလမ်းဆုံတွင် ရန်ဖြစ်ပြီး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း (၂)လောင်းကို တွေ့ရှိခဲ့ကြောင်း တောင်ကြီးမြို့...

Latest news