Wednesday, January 28, 2026

Kaung For You ကျောင်းမှာ စာသင်နေသည့် ကလောမြို့က ဆရာမတစ်ဦး ဖမ်းခံရ

သျှမ်းတောင် ကလောမြို့တွင်နေထိုင်ပြီး Kaung For You ကျောင်းတွင် စာသင်နေသည့် ဆရာမတစ်ဦးကို ယနေ့ (ဇူလိုင် ၁၃)ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ဖမ်းဆီးခံရကြောင်းစုံစမ်းသိရသည်။

Kaung For You ကျောင်းအုပ်ကြီး ဆရာကောင်းအဖမ်းခံရသည့် သတင်းထွက်ပေါ်ပြီးနောက် ကလောမြို့တွင်နေထိုင်ပြီး Kaung For You ကျောင်းက ဆရာမ တစ်ဦး စာသင်နေချိန် ၌ စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသည့် ကလောဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စာသင်နေရင် အဖမ်းခံလိုက်ရတာပါ။ လိပ်စာ တိတိကျကျနဲ့လာဖမ်းသွားတာ။ နေ့လည် ၁၂နာရီလောက်ဖြစ်မယ်။ အရပ်ဝတ်နဲ့ လူ ၈ယောက်၊ ၉ယောက်လောက်လာဖမ်းသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ က ဆိုသည်။

အဆိုပါ အရပ်ဝတ်ဖြင့်လာသည့် လူများသည် ဧည့်စာရင်းစစ်မည်ဟုပြောဆိုပြီး ဆရာမကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဖမ်းသွားချိန်တွင်လည်း ဖုန်းနှင့်ကွန်ပျူတာများလည်း သိမ်းသွားကြောင်း သိရသည်။

ထို့ကြောင့် ဆရာမနှင့် ကျောင်းကိစ္စ ပြောဆိုထားသည့်သူများလည်း ရှောင်ပေးကြရန် ကလော ဒေသခံများက ပြောသည်။

“ အခုက ဆရာကောင်းရောဖမ်းခံရတယ်ဆိုတဲ့သတင်းထွက်တယ်။ ကလောကဆရာမရောဖမ်းခံရတယ်။ နောက် ကျောင်းသူတယောက်လည်း ဖမ်းသွားတယ်ဆိုတာလည်းကြားတယ်။ စာသင်တာတောင် ပြစ်မှု တခုလိုပဲ။ စိတ်ပူစရာပဲ” ဟု သျှမ်းတောင် တွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောဆိုလိုက်သည်။

ယနေ့ နံနက်ပိုင်းတွင်လည်း Kaung For You ကျောင်းအုပ်ဆရာကောင်း ဖမ်းခံရသည့် သတင်းထွက်ပေါ်ခဲ့သော်လည်း Kaung For You ကျောင်းမှ အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီ ၏လက်ပါးစေ များမှ Kaung For You Education မှ အသက်မပြည့်သေးသည့် ကျောင်းသား၊ကျောင်းသူများ ၊ ဆရာ၊ဆရာမ များကို ခြိမ်းခြောက်မှုများအပြင် နေအိမ်များသို့ စာသင်နေချိန် အတွင်း လာရောက်ဖမ်းဆီးသည့်အပေါ် အလွန်စိတ်ပျက်မိကြောင်း Kaung For You ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ယနေ့ (ဇူလိုင် ၁၃)ရက်တွင် ထုတ်ပြန်လိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...