Kaung For You ကျောင်းမှာ စာသင်နေသည့် ကလောမြို့က ဆရာမတစ်ဦး ဖမ်းခံရ

သျှမ်းတောင် ကလောမြို့တွင်နေထိုင်ပြီး Kaung For You ကျောင်းတွင် စာသင်နေသည့် ဆရာမတစ်ဦးကို ယနေ့ (ဇူလိုင် ၁၃)ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ဖမ်းဆီးခံရကြောင်းစုံစမ်းသိရသည်။

Kaung For You ကျောင်းအုပ်ကြီး ဆရာကောင်းအဖမ်းခံရသည့် သတင်းထွက်ပေါ်ပြီးနောက် ကလောမြို့တွင်နေထိုင်ပြီး Kaung For You ကျောင်းက ဆရာမ တစ်ဦး စာသင်နေချိန် ၌ စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသည့် ကလောဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စာသင်နေရင် အဖမ်းခံလိုက်ရတာပါ။ လိပ်စာ တိတိကျကျနဲ့လာဖမ်းသွားတာ။ နေ့လည် ၁၂နာရီလောက်ဖြစ်မယ်။ အရပ်ဝတ်နဲ့ လူ ၈ယောက်၊ ၉ယောက်လောက်လာဖမ်းသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ က ဆိုသည်။

အဆိုပါ အရပ်ဝတ်ဖြင့်လာသည့် လူများသည် ဧည့်စာရင်းစစ်မည်ဟုပြောဆိုပြီး ဆရာမကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဖမ်းသွားချိန်တွင်လည်း ဖုန်းနှင့်ကွန်ပျူတာများလည်း သိမ်းသွားကြောင်း သိရသည်။

ထို့ကြောင့် ဆရာမနှင့် ကျောင်းကိစ္စ ပြောဆိုထားသည့်သူများလည်း ရှောင်ပေးကြရန် ကလော ဒေသခံများက ပြောသည်။

“ အခုက ဆရာကောင်းရောဖမ်းခံရတယ်ဆိုတဲ့သတင်းထွက်တယ်။ ကလောကဆရာမရောဖမ်းခံရတယ်။ နောက် ကျောင်းသူတယောက်လည်း ဖမ်းသွားတယ်ဆိုတာလည်းကြားတယ်။ စာသင်တာတောင် ပြစ်မှု တခုလိုပဲ။ စိတ်ပူစရာပဲ” ဟု သျှမ်းတောင် တွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောဆိုလိုက်သည်။

ယနေ့ နံနက်ပိုင်းတွင်လည်း Kaung For You ကျောင်းအုပ်ဆရာကောင်း ဖမ်းခံရသည့် သတင်းထွက်ပေါ်ခဲ့သော်လည်း Kaung For You ကျောင်းမှ အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီ ၏လက်ပါးစေ များမှ Kaung For You Education မှ အသက်မပြည့်သေးသည့် ကျောင်းသား၊ကျောင်းသူများ ၊ ဆရာ၊ဆရာမ များကို ခြိမ်းခြောက်မှုများအပြင် နေအိမ်များသို့ စာသင်နေချိန် အတွင်း လာရောက်ဖမ်းဆီးသည့်အပေါ် အလွန်စိတ်ပျက်မိကြောင်း Kaung For You ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ယနေ့ (ဇူလိုင် ၁၃)ရက်တွင် ထုတ်ပြန်လိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...