မိုင်းရှူးမြို့နယ် စစ်ကောင်စီ နှင့် SSPP/SSA တို့ စစ်ရေးတင်းမာသည့်ကြား စစ်ရှောင်နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ စစ်ရေးတင်းမာမှု ရှိသော်လည်း စစ်ရှောင်တချို့ နေရပ်ပြန်သွားကြောင်း သတင်းသိရသည်။

စိုက်ပျိုးရေးရာသီဖြစ်သည့်အတွက် စစ်ရေးတင်းမာမှုများရှိနေသော်လည်း စိုးရိမ်စိတ်တစ်ဖက်နှင့် နေရပ်ပြန် ရခြင်းဖြစ်ကြောင်း နေရပ်ပြန်စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နှစ်ဖက်လုံးက စစ်ရေးတင်းမာမှုရှိနေဆဲဆိုပေမယ့် ကျနော်တို့ဝမ်းရေးအတွက်လည်း ရှိနေသေးတော့ စိုးရိမ်စိတ်နဲ့ ပြန်ရမှာပဲ၊ လယ်တွေခြံတွေ မလုပ်ရင်လည်း မဖြစ်နိုင်ဘူးလေ၊ ဒါကြောင့်ပြန်ရတာပါ” ဟု နေရပ်ပြန်စစ်ရှောင် အမျိုးသားက ပြောသည်။

လက်ရှိတွင် ပြီးခဲ့သည့် လအတွင်းမှ စစ်ဘေးတိမ်းရှောင်လာသည့် လွိုင်နိုင်းရွာခံ အိမ်ထောင်စု (၁၀) စုကျော် သည် နေရပ်ပြန်သွားကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

မိုင်းရှူးကြိုးတံတား

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိလွိုင်နိုင်း- မန်ဝိန်းအတွင်း လှုပ်ရှားနေသည့် SSPP /SSA တပ်ဖွဲ့တို့ကို ဇူလိုင်လ ၇ ရက်နေ့တွင် သုံးကြိမ်မြောက် တပ်ဆုတ်ဖို့ ပြောဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ SSPP/SSA ဘက်မှ ဆုတ်ခွာခြင်းမရှိဘဲ စစ်ရေးတင်းမာနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်လက်ပြောဆိုထားသည်။

“လွိုင်နိုင်းဘက်က ရွာခံတွေက စစ်ကောင်စီတွေ ဒုတိယအကြမ် သတိပေးပြီး စစ်ရေးတင်းမာလာတဲ့ အချိန် ကတည်း က စစ်ဘေးဒဏ်ကိုတိမ်းရှောင်လာတဲ့သူတွေဖြစ်တယ်၊ ပြီးတဲ့ ၇ ရက်နေ့ကလည်း တတိယအကြိမ်မြောက် တပ်ဆုတ်ဖို့ ပြောပေမဲ့ SSPP/SSA က မဆုတ်တော့ စစ်ကောင်စီတွေကလည်းစစ်အင်အားထပ်ဖြည့်ပြီး စစ်ရေးတင်းမာနေတုန်းပါ” ဟု အသက် ၄၀ ဝန်းကျင် မိုင်းရှူးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင်တစ်ကြိမ် ၊ ၃၀ ရက်နေ့တွင် တစ်ကြိမ် နှင့် ဇူလိုင်လ ၇ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မြောက် တပ်ဆုတ်ရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

SSPP/SSA တပ်စခန်းဆုတ်ခွာရန် စစ်ကောင်စီညွှန်ကြားသည့်နေရာများသည် မိုင်းရှူးမြို့နယ်အတွင်းရှိ လွိုင်နိုင်း တပ်စခန်းနေရာ တစ်ခုနှင့် မန်ဝိန်းမှ တပ်စခန်း နေရာ ၂ ခုဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...