Sunday, February 8, 2026

စစ်ကောင်စီ

ပင်လောင်းမြို့နယ် စစ်ရှောင်များ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မရှိသဖြင့် သွားလာရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များသည် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင် မရှိသည့်အတွက် တခြားမြို့သို့ ခရီးသွားလာရန် ခက်ခဲနေကြောင်း စစ်ရှောင်များထံမှ သိရသည်။ ကရင်နီ (ကယားပြည်) တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တိုက်ပွဲကြောင့် ၂ နှစ်နီးပါး ပင်လောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ယခုအချိန်မှာ...

လောက်ကိုင် ကားဂိတ်များ ကားခ ပိုကောက်ပါက အရေးယူခြင်း ခံရမည်ဟု ညွှန်ကြားစာထွက်

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ မြို့နယ်ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီမှ ကားခ ယာဥ်နှုန်း ထားများကို သတ်မှတ်နှုန်းထားဖြင့် ပိုကောက်ပါက အရေးယူခြင်း ခံရမည်ဟု ထုတ်ပြန်လာသည်။ ယမန်နေ့ (ဒီဇင်ဘာ ၇) ရက်စွဲဖြင့် လောက်ကိုင်မြို့နယ် ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီက ခရီးသည် တစ်ဦးအတွက် ကားခများကို သတ်မှတ်နှုန်းထားအတိုင်း...

ဖားကန့်တွင် လိုင်စင်မဲ့ကားများကို စတင်ဖမ်းဆီးနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဖားကန့် - လုံးခင်း ကားလမ်းမပေါ်ရှိ ပန်းတင်တံတားပေါ်တွင် လိုင်စင်မဲ့ကားများကို စစ်ကောင်စီက စတင်ဖမ်းဆီးနေကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှ လိုင်စင်မဲ့ ကားများကို ဖမ်းဆီးမည်ဟု သတင်းထွက်ထားပြီးနောက်ပိုင်း ယမန်နေ့ ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီဝန်းကျင်က...

ဖယ်ခုံမြို့နယ် အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲကို အကျဉ်းချုပ်ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ ပြုလုပ်သည့် အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲတော်ကို ယနေ့ (ဒီဇင်ဘာ ၈) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် အကျဉ်းချုပ်ဖြင့်သာ ပြုလုပ်ခဲ့ ကြောင်းသိရသည်။ ယခင် ကိုဗစ် - ၁၉ နှင့် အာဏာမသိမ်းခင်က အပြစ်မဲ့သန္ဓေယူသော မာရိယာပွဲတော်ကို...

နမ့်ဆန်မြို့နယ် TNLA အခြေစိုက်တပ်ရှိရာ စစ်ကောင်စီလေကြောင်း တိုက်ခိုက် လူနေအိမ်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အခြေစိုက်တပ် ရှိရာကို စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီးမှုလည်း ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၇ ) ရက် မွန်းလွဲပိုင်း ၂ နာရီ မြေပြင်တိုက်ပွဲအပြီး...

ရွှေလီမြစ်ဝှမ်း ဆက်ကြေး (အခွန်) ကောက်မှု လျှော့ချရန် လက်နက်ကိုင်တပ်ဖွဲ့များ တိုင်ပင်ဆွေးနွေးနေ

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ကမ်းတစ်လျှောက် ထုန့်မောဝ်ဒေသကို ဆက်ကြေး (အခွန်) ကောက်မှု လျှော့ပေါ့ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့မှ တိုင်ပင်ဆွေးနွေးနေကြောင်း သတင်းသိရသည်။ ထုန့်မောဝ်ဒေသ မူဆယ်မြို့၊ နမ့်ခမ်းမြို့ အပါအဝင် လားရှိုး - ကွတ်ခိုင် - မူဆယ် လမ်းပိုင်းမှ အခွန်ကောက်ယူ နေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည်...

လောက်ကိုင်မြို့မှ ထွက်လာသည့် ခရီးသည်များကို စစ်ကောင်စီက တစ်ဦးလျှင် တစ်သောင်းကျပ်တောင်းယူ

သျှမ်းပြည် မြောက်ပိုင်း လောက်ကိုင်မြို့မှ ထွက်သည့် လုပ်သားခရီးသည်များကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှ တစ်ဦးလျှင် တစ်သောင်း တောင်းယူကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၆) ရက်တွင် လောက်ကိုင်မြို့ထဲ အထိ တိုက်ပွဲဖြစ်ပွားမည့် သတင်းပျံ့နှံ့မှုတွေကြောင့် လောက်ကိုင်မြို့မှ ထွက်လာသည့် ခရီးသည်များသည် လမ်းတစ်လျှောက် စစ်ကောင်စီ...

ဒေါက်တာခလမ်ဆမ်ဆွန် ကို ဖမ်းဆီးထားခြင်းသည် စစ်ပွဲကို ဦးတည်ကြောင်း WKC ကထုတ်ပြန်

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ခေါင်းဆောင် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီမှ ဖမ်းဆီးလိုက်ခြင်းသည် စစ်ပွဲကို ဦးတည်ခြင်းဖြစ်သည် ဟု ကမ္ဘာ့ ကချင်ကွန်ကရက် (WKC) က ထုတ်ပြန်လိုက်သည်။ ကချင်တစ်မျိုးသားလုံး၏ ရှေ့ဆောင်လမ်းပြ ဒေါက်တာခလမ်ဆွမ်ဆန်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားခြင်းသည် လူမျိုးရေးကို...

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၁ ဦး နှင့် ကိုရင်ကြီး တစ်ပါး လက်နက်ကြီးထိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာအနီးတွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊ PDF ပူးပေါင်းတိုက်ပွဲကြား အရပ်သား ၁ ဦး နှင့် ကိုရင်ကြီး ၁ ပါး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၆)...

သျှမ်းပြည်မှ ပြောင်းစိုက်ပျိုးတောင်သူများ နှစ်တိုင်းအရှုံးပေါ်

သျှမ်းပြည်မြောက်ပိုင်း ပြောင်းစိုက်ပျိုး တောင်သူမှာ နှစ်စဉ်နှစ်တိုင်း အရှုံးပေါ်နေသော်လည်း အရဲစွန့်ပြီး စိုက်ပျိုးနေ ရကြောင်း တောင်သူများထံမှ သိရသည်။ ယခု ဒီဇင်ဘာလ သည် ပြောင်းချိုးသည့် ကာလအတွင်း ပြောင်းထွက်နှုန်းမှာ ယခင်နှစ်ထက် တစ်ဝက်လျှော့ကျကာ အထွက်နှုန်း နည်းလာသည့်အတွက် စိုက်ပျိုးကုန်ကျစရိတ် နှင့် တွက်ချေမကိုက်သဖြင့် ထပ်မံ အရှုံးပေါ်နေကြောင်း...

Latest news