တရုတ်နိုင်ငံ ကိုဗစ် Lockdown ဖွင့်ပေး ပြည်သူများက နယ်စပ်ဂိတ်ကို ဖွင့်ပေးရန်မျှော်လင့်နေ

တရုတ်နိုင်ငံဘက်တွင် Lockdown ဖွင့်ပေးလိုက်ပြီဖြစ်ပြီး တရုတ် – မြန်မာ နယ်စပ်ဂိတ်ကိုလည်း ဖွင့်ပေးနိုင်ရန်အတွက် ပြည်သူများ မျှော်လင့်နေကြောင်း စုံစမ်းသိရှိရသည်။

တရုတ် – မြန်မာ နယ်စပ်ဂိတ်

ယမန်နေ့ (ဒီဇင်ဘာ ၈) ရက်တွင် တရုတ်နိုင်ငံတွင်း မြို့နယ်များ အားလုံးကို Lockdown ဖွင့်ပေးလိုက်ပြီးနောက် နယ်စပ်ဂိတ်ကိုလည်း ဖွင့်ပေးရန် နှင့် နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်ပါက ကုန်ဈေးနှုန်းတွေ ကျဆင်းလာနိုင်ပြီး၊ နှစ်နိုင်ငံကြား သွားလာမှုကို လွယ်ကူကြောင်း ရွှေလီမြို့တွင်းနေထိုင်သည့် သျှမ်းလူမျိုးတစ်ဦးက ပြောသည်။

“တံခါးဖွင့်ပေးရင်တော့ ပျော်တာပေါ့။ ကုန်ဈေးနှုန်းတွေလည်း ပြန်ကျလာနိုင်တယ်လေ။ ပြီးရင် ဝယ်ယူပို့ဆောင်ဖို့လည်း လွယ်မှာပေါ့။ ပြီးတော့ ဆွေမျိုးတွေကိုလည်း သွားလည်ရတာ လွယ်ကူလာမှာပေါ့” ဟု ၎င်းက ပြောသည်။

ထိုသို့ နယ်စပ်ဂိတ်ကို ကိုဗစ် – ၁၉ ကြောင့် ၂ နှစ်ကျော်ကြာ နယ်စပ်ကို ပိတ်ထားသည့် အတွက်ကြောင့် ပြည်သူများကလည်း စီးပွားရေးရှာရာတွင်လည်း ခက်ခဲပြီး စားဝတ်နေရေးလည်း ခက်ခဲလာခဲ့သည်။

အဆိုပါ နယ်စပ်ဂိတ်ကို ပြန်ဖွင့်လိုက်ပါက ပြည်သူများ ကုန်သွယ်ရာတွင် လွယ်ကူလာပြီး စားဝတ်နေရေးအတွက် အဆင်ပြေလာနိုင်ကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“ ကိုဗစ်ကြောင့် တော်တော်ထိခိုက်တယ်။ သူတို့ ပြန်ဖွင့်ပေးဖို့ မျှော်လင့်တယ်။ နယ်စပ်တံတားပြန်ဖွင့်ရင် သွားလာရလွယ်ကူတယ်။ ပြီးတော့ စီးပွားရေးလည်း ပြန်လွယ်ကူလာနိုင်တယ်လေ။ ဟိုအရင် ကိုဗစ် မတိုင်ခင်က တစ်ရက်ကို ၅ သိန်းလောက်ရရင် ကိုဗစ်တုန်းက ၁သိန်းခွဲ ၂ သိန်းလောက်ပဲရတော့တယ်” ဟု ၎င်းက ပြောသည်။

အလားတူ ကြံစိုက်ခင်း ပိုင်ရှင်များကလည်း နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးလိုက်ပါက ယခင်နှစ်တွေလိုမျိုး မစွန့်ပစ်ရတော့သည့်အတွက်ကြောင့် နယ်စပ်ဂိတ် ဖွင့်ရန် စိုက်ပျိုးတောင်သူများကလည်း မျှော်လင့်နေကြသည်။

“ ကျနော်တို့ အရင်နှစ်တွေဆိုရင် မိုင်းရယ်တွေကိုပဲ ပို့ပေးရတာလေ။ ရှုံးတာပေါ့။ အရင်ကဆိုရင် သူတို့ ကျနော်တို့ ခြံထဲထိလာပြီး ဝယ်ယူကြတယ်လေ။ တံတားပိတ်လိုက်တော့ ကျနော်တို့ ကြံတွေလည်း အများကြီး ပစ်ခဲ့ရဖူးတယ်။ တံတားပြန်ဖွင့်ရင်တော့ ပျော်တာပေါ့” ဟု ထုန့်မောဝ်ဒေသတွင်း နေထိုင်သည့် သူက ပြောသည်။

လက်ရှိတွင်လည်း တရုတ်နိုင်ငံတွင်း Lockdown ဖွင့်ပေးလိုက်သည့် အတွက်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကလည်း ပြန်လာရန် ပြင်ဆင်နေကြသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က စပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် ၏ ကိုဗစ် သုည မူဝါဒကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီး ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့တွင် Lockdown ဖြေလျှော့ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...