Happy Water စိတ်ကြွဆေးရည် သောက်ပြီး အမျိုးသမီးတစ်ဦး သတိလစ် ဆေးရုံတင်ရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ Bar ဆိုင်တစ်နေရာတွင် Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးသည့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးတစ်ဦး သတိမေ့သွားပြီး ဆေးရုံတင်လိုက်ရကြောင်း သတင်းသိရှိရသည်။

Happy Water စိတ်ကြွဆေးရည် သောက်ပြီး အမျိုးသမီးတစ်ဦး သတိလစ်

ယခု (ဒီဇင်ဘာလ) ပထမပတ်အတွင်း တာချီလိတ်မြို့ Bar ဆိုင်တစ်နေရာတွင် သွားရောက်လည်ပတ်ခဲ့ရာ အသက် ၁၇ နှစ် အမျိုးသမီးတစ်ဦးက Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးပြီးနောက် နာရီဝက်အတွင်း သတိလစ်မေ့သွားပြီး ဆေးရုံသို့ တင်ပို့ဆောင်လိုက်ရကြောင်း တာချီလိတ်မြို့ဒေသခံ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူငယ်ချင်းတွေနဲ့စုပြီး Bar မှာသွားလည်တာထင်တယ်။ သူငယ်ချင်းတွေက သူ့ကိုစချင်သလို၊ နှောက်ချင်သလို နဲ့ ခွက်ထဲကို Happy Water စိတ်ကြွဆေးဖျော်ပြီး တိုက်လိုက်တာ။ မိနစ် ၂၀၊ နာရီဝက် နီးပါး အကြာမှာပဲ လူကတောင့်ပြီး မာလာတယ်။ အသက် မရှုနိုင်တော့မှ သူ့ သူငယ်ချင်းတွေက ဆေးရုံကို ပို့လိုက်တယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

၎င်း အမျိုးသမီးတစ်ဦးသည် တာချီလိတ် ပြည်သူ့ဆေးရုံတွင် ၂ နာရီ ကြာအောင် သတိမေ့လစ်သွားပြီးနောက် ပြန်လည်သတိရလာကြောင်း ၎င်းက ဆက်ပြောသည်။

Happy Water စိတ်ကြွဆေးရည်သည် KTV ဆိုင်၊ ကလပ်ဆိုင်၊ Bar ဆိုင်များတွင် အများဆုံးတွေ့ရပြီး ပုံမှန် ပျော်မြူးချင် သူများအတွက် (ကျွဲရိုင်း) အချိုရည်နှင့်ရောပြီး သောက်သုံးရသည့် စိတ်ကြွဆေးရည် တစ်မျိုး ဖြစ်ကြောင်း သိရသည်။

“ သူက ကော်ဖီအမှုန့်လိုပဲ ကော်ဖီအနံ့နဲ့ သစ်သီးအနံ့ ရှိတယ်ဗျ။ အဲ့ဒီ အမှုန့်ကို ကျွဲရိုင်းနဲ့ရောပြီး သောက်ရတယ်။ ဒါကို သောက်ပြီးရင်တော့ ပုံမှန်လူတွေထက် ၃ ဆပိုပြီး စိတ်ကြွလာတယ်။ သောက်ပြီး မကရင်တော့ အရိုးအဆစ်တွေ အေးခဲလာမယ်။ ကိုယ်လုံး မာလာပြီး မျက်တောင်လည်း မခက်တော့ဘူး။ နောက်ဆုံး အသက်ဆုံးရှုံးရတဲ့ အထိဖြစ်တယ် “ ဟု Happy Water စိတ်ကြွဆေးရည်ကို သုံးစွဲဖူးသော အသက် ၂၇ နှစ် လူငယ်တစ်ဦးက ပြောသည်။

Happy Water စိတ်ကြွဆေးရည်အပြင် နှာခေါင်း နှင့် ရှူရှိုက်ရသော K (ခေါ်) မူးယစ်ဆေးဝါး၊ E (ခေါ်) မူးယစ်ဆေးဝါးများကို အာဏာပိုင်များနှင့် လာဘ်ပေးပြီး ပေါ်ပေါ်ထင် ရောင်းချနေလျက်ရှိကြောင်း သိရသည်။

လက်ရှိ Happy Water စိတ်ကြွဆေးရည် (ကော်ဖီတစ်ထုပ်) ကို ထိုင်းဘတ်ငွေ (၃,၀၀၀) ဘတ်မှ (၅,၀၀၀) အထိ ပေါက်ဈေးရှိနေပြီး K (ခေါ်) မူးယစ်ဆေးဝါးကိုတော့ (Kg) အလေးချိန်ဖြင့် ထိုင်းဘတ်ငွေ (၁,၀၀၀) ဘတ်မှစပြီး ဝယ်ယူပြီး ရရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...