စစ်ကောင်စီ
တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် ပြည်သူများ အသက်ရှုကြပ်
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်သထုံ ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံ ကြောင့် ပြည်သူများ အသက်ရှုကြပ်နေကြောင်း သတင်းသိရသည်။ ယခု မတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ပြန်လည်ထွက်လာခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အသက်ရှုကြပ်သည့်အပြင် ခေါင်းကိုက်ဝေဒနားများလည်း...
လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ရေး ဘယ်တော့လဲ
SHAN -
နိဒါန်း ဗလာဒီမာပူတင်ဦးဆောင်သော ရုရှားအစိုးရ၏ ကျူးကျော်စစ်အတွင်းမှ ယူကရိန်းပြည်သူများအား ကယ်တင် နိုင်ဖို့အတွက် ယူကရိန်းသမ္မတဇီလန်စကီးသည် “လေယာဉ်မပျံသန်းရ ဇုန်သတ်မှတ်ရေး”အတွက် အမေရိကန် ကွန်ဂရက်တွင်လည်းကောင်း၊ မြောက်အတ္တလန်တီစာချုပ်ပါအစုအဖွဲ့ဖြစ်တဲ့ နေတိုးအဖွဲ့အကြီးအကဲများထံ တွင်လည်းကောင်း လူသိရှင်ကြားတောင်းတောင်းဆိုခဲ့ပါသည်။ သို့သော် ရုရှားကျူးကျော်စစ်တစ်နှစ်ပြည့်ခဲ့ သည့်တိုင် သမ္မတဇီလန်စကီး၏ တောင်းဆိုမှုသည် လက်တွေ့အကောင်အထည်မပေါ်သေးဟု ဆိုရပါမည်။ မြန်မာအာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို...
တာချီလိတ်တွင် အမျိုးသားတစ်ဦး ဦးခေါင်းအရိုက်ခံရ
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့ သျှမ်းရိုးမကွင်း နောက်လမ်းကြားတွင် ယမန်နေ့ (မတ်လ ၁၀ ရက်) မွန်းလွဲပိုင်း (၃) နာရီခွဲတွင် အမျိုးသားတစ်ဦး အရိုက်ခံထားရပြီး ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိကာ သတိမေ့လဲနေကြောင်း စုံစမ်းသိရှိရသည်။ “ အရိုက်ခံရတဲ့ ဒဏ်ရာက အတော်ပြင်းတယ်ဗျ။ ဦးခေါင်းမှာ တုတ်ချောင်းနဲ့ ရိုက်ခံထားရတဲ့...
ပင်လောင်းမြို့နယ် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ အမျိုးသား ၁ ဦးသေဆုံး
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိမ့်ကျေးရွာအတွင်း လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ကျည်စမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၀ ရက်) ညနေပိုင်း အချိန်ကစပြီး နမ့်နိမ့်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့တိုက်ပွဲ ဆက်လက်...
လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်များ ပျက်စီး
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိမ့်ကျေးရွာအနီးတွင် လက်နက်ကြီး တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၉ ရက်) ညပိုင်းအချိန် နမ့်နိမ့် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တဖက်သတ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ဖြစ်ပွားကာ နမ့်နိမ့်ဘုန်းကြီးကျောင်းဆောင်ထဲသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...
ကွတ်ခိုင် – မူဆယ်လမ်းပိုင်း ကုန်တင်ကားများ စစ်ကောင်စီ ပိုက်ဆံကောက်ယူနေ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မှ မူဆယ်မြို့ သွားသည့် ပြည်ထောင်စု ကားလမ်းပိုင်း တစ်လျောက်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က ကုန်တင်ကားများထံ ငွေကြေးကောက်ယူ နေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ နှောင်းပိုင်းမှ စတင်ကာ ကွတ်ခိုင် - မူဆယ်မြို့ ပြည်ထောင်စု လမ်းပိုင်း တစ်လျောက်တွင် စစ်ကောင်စီ...
ရွာငံမြို့နယ်တွင်း နှမ်းဈေးကျ
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း နှမ်းစိုက်ပျိုးသူများအတွက် ယခုနှစ်အတွင်း ဈေးနှုန်းမရှိကြောင်း စုံစမ်းသိရှိရသည်။ ယခင်နှစ် နှမ်း တစ်ပိဿလျှင် မြန်မာကျပ်ငွေ (၁၂,၀၀၀) ကျပ် ထိရရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ တစ်ပိဿလျှင် မြန်မာကျပ်ငွေ (၄,၅၀၀) ကျပ် ထိသာ ရရှိတော့ကြောင်း သိရသည်။ “ အရင်နှစ်တွေက တစ်ပိဿကို...
ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး အလုပ်ကိစ္စ အဆင်မပြေ မိမိကိုယ်ကို အဆုံးစီရင်
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦး အိမ်ထောင်ရေး၊ အလုပ်ရေးကိစ္စ နှင့် ပတ်သက်ပြီး အဆင်မပြေမှုများကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ပြုလုပ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၉ ရက်) ညနေ ၇ နာရီခွဲတွင် အသက် ၃၄ နှစ်အရွယ် ခွန်မောင်သောင်း ဆိုသည့် မြန်မာလုပ်သားတစ်ဦးသည်...
မိုင်းပန်မြို့တွင်း ကြက်သွန်ဖြူ ခိုးသည့် အဆင့်ရောက်နေ
စစ်တပ် အာဏာသိမ်းပြီး ၂ နှစ် ကာလအတွင်း စီးပွားရေး ပိုမိုကျဆင်းလာသည့် အတွက်ကြောင့် သူခိုးတွေများပြားလာပြီး သျှမ်းပြည် လင်းခေးခရိုင် ၊ မိုင်းပန်မြို့နယ်အတွင်း ကြက်သွန်ဖြူ ခိုးယူမှု များလာကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မတ် ၉) ရက် ညနေပိုင်းတွင် မိုင်းပန်မြို့ ဝမ်နေ ရပ်ကွက်တွင်းရှိ...
ပင်းတယ စစ်ကောင်စီ စစ်သင်တန်းမှ ပျူစောထီးများ ထွက်ပြေး၊ သင်တန်းလည်း ပိတ်ထားရ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်ရှိ ပျူစောထီးများကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့၏ စစ်သင်တန်းတွင် သင်တန်းသား ပျူစောထီးများ ထွက်ပြေးနေကြောင်း စုံစမ်းသိရသည်။ ပင်းတယမြို့နယ် အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်းဖြစ်ပြီး သင်တန်းလာတက်သည့် ပျူစောထီးများက ထွက်ပြေးကြသဖြင့် လက်ရှိတွင် အဆိုပါ စစ်သင်တန်းကို ပိတ်ထားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “သင်တန်းမတက်ခင်မှာတော့...





