SNDP ရဲ့ ရန်ကုန်တိုင်း တာဝန်ခံအဖြစ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဌေးကို ခန့်အပ်

“ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ”ဟု နာမည် ပြောင်းလဲထားသည့် ကျားဖြူပါတီ SNDP သည် ရန်ကုန်တိုင်းဒေသကြီး၏ ပါတီတာဝန်ခံကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဌေးကို ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးစိုင်းအိုက်ပေါင်းနင့် ဦးလှဌေး
ဦးစိုင်းအိုက်ပေါင်းနှင့် ဦးလှဌေး


အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံရေးပါတီနာမည် အသစ်ဖြင့် မှတ်ပုံတင်ထားသည့် ကျားဖြူပါတီ SNDP သည် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီး ၆ ခုနှင့် သျှမ်းပြည်အနှံ့ကို ဝင်ရောက်ယှဥ်ပြိုင်မည် ဖြစ်ရာ ရန်ကုန်တိုင်း ဝာာဝန်ခံ အဖြစ် NLD မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဌေးကို ခန့်အပ်လိုက်သည်။

ကျားဖြူပါတီ ရန်ကုန်တိုင်းရုံး


ဦးလှဌေးကို ရန်ကုန်တိုင်းဒေသကြီး ပါတီတာဝန်ခံအဖြစ် ခန့်အပ်ခြင်းသည် ၎င်း၏ အောင်နိုင်ခြေများနေသည့် အတွက်ကြောင့်ဟု SNDP ဥက္ကဌ ဦးစိုင်း အိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ဦးလှဌေးကို ဘာကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲ့ တာဝန်ခံ အဖြစ် ရွေးလိုက်သလဲဆိုရင် သူက အောင်နိုင်ခြေ များတယ်၊ အဲ့ဒါကြောင့် ခန့်လိုက်တာပါ” ဟု ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။


ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၏ SNDP ပါတီတာဝန်ခံ အဖြစ် လုပ်ဆောင်သည့် ဦးလှဌေးကို နိုင်ငံရေး ဖောက်ပြန်ရေးသမားအဖြစ် မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

ကျားဖြူပါတီ ရန်ကုန်တိုင်းရုံး


ယင်းကဲ့သို့ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး မနာလိုသူများ၏ စကားဖြစ်ကြောင်း ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက တုန့်ပြန်ပြောဆိုထားသည်။


“မနာလိုသူတွေ ပြောတဲ့စကားပါ။ ဘာမှ နိုင်ငံရေးဖောက်ပြန်မှု မဟုတ်ပါဘူး၊သူက (ဦးလှဌေး) နိုင်ငံရေး ဖောက်ပြန်ရေး သမားလည်း မဟုတ်ဘူး”ဟု ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။


ဦးလှဌေးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးသုဝေပါတီဟု လူသိများသည့် ဒီမို ကရက်တစ်ပါတီ(မြန်မာ)မှ ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မင်္ဂလာ တောင်ညွန့်မြို့နယ်မှ NLD ပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။


လက်ရှိတွင် ကျားဖြူပါတီ SNDP ၏ ရန်ကုန်တိုင်း၏ တာဝန်ခံရာထူးကို ရယူထားသည့်အတွက် နိုင်ငံရေး ဖောက်ပြန်ရေးသမားဟု မင်္ဂလာတောင်ညွှန့်သပိတ်ကော်မတီမှ ပြင်းထန် စွာဝေဖန်ထားသည်ကို တွေ့ရသည်။

ထို့အပြင် မင်္ဂလာတောင်ညွှန့်သပိတ်ကော်မတီမှ ဖောက်ပြန်သည့် နိုင်ငံရေးသမားများ ၊ ခြစားနေသည့် စနစ်များနှင့် လူ့ယဥ်ကျေးမှုများကို တွန်းလှန်တိုက်ဖျက်ကြရန်လည်း တိုက်တွန်းပြောဆိုမှုများ ရှိနေသည်။

ဦးလှဌေးသည် ၂၀၁၀ခုနစ်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ပါတီဝင်တစ်ဦးဖြစ်ပြီး၊ ၂၀၁၂ ခုနစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မှ NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ခုနစ်တွင် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်ရာမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟု နာမည်ပြောင်းလဲထားသည့် (ကျားဖြူပါတီ) သည် သျှမ်းပြည် နှင့်အတူ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း နှင့် နေပြည်တော်တို့ကို ဝင်ရောက်ယှက်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...