စစ်ကောင်စီ အဖွဲ့ နှင့် အပစ်ရပ် (၇) ဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတို့က အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။

တိုင်းရင်းသားလက်နက်ကိုင် နဲ့ စကစ တို့ ငြိမ်းချမ်းရေးဆွေးနွေးစဥ်

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ နောက်ဆုံးပတ်တွင် စီစဥ်ထားပြီး သာမာန်မဟုတ်သည့် နိုင်ငံရေး အခြေအနေများ နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဥ်များ တွေ့ဆုံဆွေးနွေးရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း PPST ပြောရေးဆိုခွင့် ရှိသူဗိုလ်မှူးကြီး စောကျော်ညွှန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာက အခုမှ မဟုတ်ပါဘူး၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကတည်းက ကမ်းလှမ်းထားတယ်၊ အရင်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုပြီးတော့ ကျနော်တို့ တစ်ဖွဲ့ချင်း ဖိတ်ခေါ် ဆွေးနွေးတယ်၊ အခုကျနော်တို့ နိုင်ငံရေး ငြိမ်းချမ်းရေး အခြေအနေတွေဟာ ဘယ်အစိုးရခေတ်မှာမှ မရှိခဲ့ဖူးတဲ့ အဆင်မပြေမှုတွေ ရှုပ်ထွေးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ အတွက် အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နိုင်ငံရေး အဖြေရှာမှု ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်” ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန်အတွက် မတ်လ (၂၈ – ၂၉) ရက် လျာထားပြီး အချိန်နှင့် နေရာကိုမူ တိတိကျကျ မသတ်မှတ်ရသေးကြောင်း ဗိုလ်မှူးကြီး စောကျော်ညွှန့်က ဆက်ပြောသည်။

ထို့အပြင် လက်ရှိ စစ်တပ်မှ အာဏာသိမ်းယူသည့် နှစ်နှစ်တာ ကာလအတွင်းတွင် NCA စာချုပ်ကို အခြေခံပြီး လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် လုပ်ငန်းစဥ် (Stakeholders) များ စုံစုံလင်လင် မရှိတော့ဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုများလည်း ရပ်တန့်ခဲ့ရသည့်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အဖြေရှာသင့်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဆိုတာ NCA ကို အခြေခံပြီး လုပ်ထားတာဖြစ်တယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းယူမှု နောက်ပိုင်းမှာဆိုရင်တော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တွေက စုံစုံလင်လင် မရှိတော့ NCA လမ်းကြောင်းအရ သွားနေတဲ့ ငြိမ်းချမ်းရေး ကလည်း အဲ့ချိန်ကတည်းက ရပ်သွားတယ်လို့ ပြောနိုင်ပါတယ်၊ ဒါကြောင့်မို့ အခုဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေ ပဋိပက္ခတွေကို တစ်ဖွဲ့ချင်းစီ မဟုတ်ပဲ အဖက်ဖက်က ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ပြီး အဖြေရှာသင့်တယ် ” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် က ဆိုသည်။

စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံရန် အတွက်ကြိုးပမ်းနေသည့် အပစ်ရပ် EAOs (၇) ဖွဲ့တွင် မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS) တို့ပါဝင်ကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဥ်များအတွက် ဆိုပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...