Wednesday, February 11, 2026

စစ်ကောင်စီ

ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ ကိုရင် ၃ ပါး ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ ကိုရင် ၃ ပါးသည် ယနေ့ (ဧပြီ ၂၁) ရက် နံနက်ပိုင်းမှ စပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီလ ၂၁ ရက်) နံနက် ၈ နာရီကျော် အချိန်မှစပြီး နောင်မွန်ကျေးရွာအုပ်စုရှိ အမည်မဖော်လိုသည့်...

လဲချားမြို့နယ် သျှမ်းတပ် (၂)တပ် ပစ်ခတ်သံကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာမှုကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးရပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းတပ် (၂) တပ် ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့်...

အပူချိန် မြင့်တက်လာခြင်းကြောင့် စစ်ရှောင်များ ဖျားနာနေ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့တွင် အပူချိန်မြင့်တက်လာခြင်းကြောင့် တောတောင်အတွင်းရှိ စစ်ရှောင်များ နေမကောင်းမှုများ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် သတင်းပတ်မှစပြီး မိုးဗြဲဒေသတွင် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် မြင့်တက်လာခြင်းကြောင့် တောတောင်အတွင်းရှိ ရေဆိုးရေညစ်၊ သစ်ပင်နှင့် ခြုံကြားတွင် ခြင်များပိုမို ပေါက်ဖွားလာနေသည်။ အဆိုပါ ခြင်များပေါများလာခြင်းကြောင့်...

ပင်လောင်းမြို့ လူငယ်များ မှတ်ပုံတင်လုပ်ရာ ကျပ်ငွေ ၅ သောင်းပေးရ

သျှမ်းပြည် ပင်လောင်းမြို့တွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြုလုပ်ရာမှာ ကျပ်ငွေ ၅ သောင်း ပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့တွင် ပင်လောင်းမြို့ လဝကရုံးမှာ မှတ်ပုံတင်သွားလုပ်ခဲ့ရာ သွေးစစ်ဆေးခ နှင့် တစ်ခြား စာရွက်စာတမ်းခ ၅ သောင်းကျပ် ပေးဆောင်ခဲ့ရကြောင်း သိရသည်။ “ ၁၈...

နမ့်ဆန်မြို့နယ်အတွင်း မီးလောင်မှုကြောင့် တစ်ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦး အပါအဝင်၊ နေအိမ်အများအပြားက မီးလောင်ပျက်စီးရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီ ၂၁) ရက်နေ့ နံနက် ၂ နာရီကျော် မှ စတင်ကာ နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပြီး...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...

ကျောက်မဲခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီး အများအပြား ပစ်ခတ်

သျှမ်းပြည် ကျောက်မဲခရိုင်အတွင်းတွင် တစ်ရက်တည်း အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်မှု ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီ ၁၉) ရက် ညနေပိုင်း ၇ နာရီမှ စတင်ကာ ကျောက်မဲမြို့နယ် မြောက်ဘက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း...

နမ့်လန်မြို့မစျေးအနီး ရွှေဆိုင် တစ်ဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့နယ်ခွဲရှိ ရွှေဆိုင်တစ်ဆိုင်အတွင်း လက်နက်ကိုင် အမျိုးသား (၃) ဦး ဝင်ရောက်ဓားပြတိုက်ရာ အမျိုးသား (၁) ဦး ဖမ်းဆီးရမိကြောင်း စုံစမ်း သိရှိရသည်။ ယနေ့ ဧပြီ (၂၀) ရက် မနက်ပိုင်းချိန်က လက်နက်ကိုင် အမျိုးသား (၃) ဦးမှ နမ့်လန်စျေးအနီးရှိ...

တိုက်ပွဲကြားက အသက် အိုးအိမ် အကာအကွယ်မဲ့နေတဲ့ နောင်ချိုပြည်သူ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ PDF တပ်ဖွဲ့တွေက ရက်ရှည်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဒီကနေ့အထိ စစ်ရေး တင်းမာမှုတွေ ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကနေစပြီး ဒီကနေ့အထိ နောင်ချိုမြို့နယ် အတွင်း ထိတွေ့တိုက်ပွဲတွေ၊...

မီးလောင်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ဘုရားဖြူကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ရာမှ မီးထဲသံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်တစ်ပါး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဧပြီ ၁၉) ရက် ည (၉) နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး သက်တော် (၇၀) ခန့်ရှိ ဆရာတော်တစ်ပါး...

Latest news