ဘုန်းကြီးကျောင်းတွင်း သူခိုးဓားပြ ဝင်တိုက်၊ ဆရာတော်တစ်ပါး သတ်ခံရ

သျှမ်းပြည် လွိုင်လင်မြို့ နှင့် ပင်လုံမြို့ ကြား နောင်ဟူးကျေးရွာရှိ စေတီတစ်ဆူမှာ သီတင်းသုံး နေထိုင်သည့် ဆရာတော်တစ်ပါး ဓားပြတိုက်ခံရပြီး အသတ်ခံရကြောင်း စုံစမ်း သိရှိရသည်။

ပင်လုံမြို့

အဆိုပါ ဆရာတော်သည် ၎င်းစေတီမှာ တစ်ပါးတည်း သီတင်းသုံး နေထိုင်ခဲ့ပြီး လာရောက် ဓားပြတိုက်သည့် အဖွဲ့သည် စေတီရှိ အလှူငွေ အများအပြား ယူဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ပြီးခဲ့တဲ့ ဧပြီ တတိယပတ်လောက်က ဖြစ်မယ်ထင်တယ်။ ရက်စွဲတော့ အတိအကျ မမှတ်မိတော့ဘူး။ အဲ့စေတီကို ဆရာတော် လာပြီး သီတင်းသုံးတာလည်း မကြာသေးဘူး။ သူ တစ်ပါးတည်းပဲ ရှိတယ်။ ရိုက်နက်သတ်ဖြတ်ပြီးတော့ စေတီက အလှူငွေတွေကိုလည်း အကုန်ယူသွားတယ်။ ဘယ်လောက် ပါသွားလဲတော့ မသိရပေမယ့် များတယ်လို့တော့ ကြားရတယ်။ အဲ့ဒီစေတီအနီးက ကွင်းပြင်တစ်ခုမှာ အရင်က လောင်းကစားဝိုင်းတွေ ဖွင့်လှစ်တဲ့ နေရာဖြစ်တယ်” ဟု လွိုင်လင်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီ (၁၄) ရက်နေ့ မနက်ပိုင်းတွင်လည်း သျှမ်းပြည်နယ်လုံးဆိုင်ရာ ပိဋကတ်ကျောင်းတိုက်ရှိ ကိုရင်များ၊ သံဃာတော်များ၏ ငွေကြေး နှင့် အသုံးအဆောင် ပစ္စည်းအပါအဝင် တန်ဖိုးငွေ သိန်း (၁) ရာကျော် သူခိုးလာရောက် ခိုးယူသွားကြောင်း ပင်လုံဒေသခံ တစ်ဦးထံမှ သိရသည်။

ပိဋကတ်ကျောင်းစာသင်တိုက် ဆရာတော် နားနေဆောင်မှ ပြတင်းပေါက်

“သင်္ကြန်ကာလလဲ ဖြစ်တယ် အဲ့ချိန်မှာ ဘုန်းကြီးကျောင်းတက်တဲ့ ကာလလဲ ဖြစ်တယ်။ သူခိုးတွေက အဲ့ဒါကို အခွင့်ကောင်းယူပြီး ဝင်ခိုးတာနေမှာ။ ဆရာတော်တွေရဲ့ အိပ်ခန်းက လူမြင်ကွင်းမှာ မရှိဘူး။ ပြတင်းပေါက်တွေကလည်း သော့ခတ်လေ့မရှိတော့ သူခိုးက ဝင်ခိုးလို့ လွယ်သွားတာပေါ့။ ပစ္စည်းကော ငွေကြေးကော ပေါင်းလိုက်ရင် အားလုံး သိန်း (၁) ရာလောက် ရှိတယ်”ဟု ပင်လုံမြို့ ဒေသခံ အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦး ကပြောသည်။

ပင်လုံမြို့ ရှိ ဝမ်အဲန်ကျေးရွာမှာ (၄) လကျော်ကြာ လောင်းကစားဝိုင်း ဖွင့်လှစ်သည့်အတွက်ကြောင့် သူခိုး ဓားပြများလည်း ပိုမိုများပြားလာခဲ့ခြင်း ဖြစ်သည်။

“အခုက ပြည်သူတွေသာမက ဘုန်းကြီးတွေတောင် လုံခြုံမှု မရှိတော့ဘူး။ အုပ်စိုးတဲ့ မင်း မကောင်းတော့ အရာရာ အားလုံးကို စိုးရိမ်နေရတယ်။ လောင်းကစားရှိနေသ၍တော့ သူခိုး ဓားပြတွေက ဆက်ပြီး ရှိနေအုံးမှာပဲ။ သက်ဆိုင်ရာတွေကလည်း ဘာမှ လုပ်ပေးတာမရှိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှာလည်း ပင်လုံမြို့တွင်း လျှပ်စစ်မီး ၃ ညဆက်တိုက် ပြတ်တောက်သဖြင့် ဖုန်းဆိုင် (၂) ဆိုင် သူခိုးဝင်ခိုးပြီး ဖုန်းအလုံး (၉၀) ကျော် ဆုံးရှုံးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...