တောင်ကြီးမြို့ ရေရှားပါးလာ၊ ဒေသခံများ အခက်ခဲကြုံ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် နွေရာသီ ရေရှားပါးသည့် ပြဿနာဖြစ်လာပြီး ဒေသခံများ အခက်အခဲ ကြုံနေရကြောင်း စုံစမ်း သိရှိရသည်။

တောင်ကြီး မြကန်သာ

တောင်ကြီးမြို့ ယခုနွေရာသီကဲ့သို့ ရေရှားပါး ပြဿနာ နှင့် ကြုံတွေ့နေရပြီး ရေ ထော်လာဂျီတစ်စီး (၆ ပီပါ) ကို ၁၅,၀၀၀ ကျပ်အထိ ဝယ်သုံးနေရကြောင်း တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျွန်မတို့ မြို့က နည်းနည်းအေးချမ်းတဲ့ တောင်ကြီးမြို့ကြီး ဖြစ်တာတောင် တအားပူတယ်။ ရေကလည်း ရှားတယ်၊ ဝယ်သုံးရတယ်။ အရင်နှစ်က ထော်လာဂျီကား တစ်စီး ( ၆ ပီပါ ) ကို ၅,၀၀၀ ကျပ်နဲ့ ဝယ်သုံးရတာ။ အခုနှစ် ထော်လာဂျီကားတစ်စီးကို ၉,၀၀၀ ကျပ်တဲ့ တစ်ဝက်လောက် ဈေးတက်သွားပြီ။ တချို့ ကုန်းပေါ်မှာရှိတဲ့ ရပ်ကွက်ဆိုရင် ကျပ် (၁၂,၀၀၀) ကနေ (၁၅,၀၀၀) ထိပေးပြီး ဝယ်သုံးရတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ရေရှားပါးမှုကြောင့် ရေကိုဝယ်သုံးရသော်လည်း ရေဝယ်သုံးသူ ပိုများလာသည့်အတွက်ကြောင့် တိုကင်နံပါတ် စောင့်ဆိုင်းရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် တောင်ကြီးမြို့ပေါ်သို့ ရေဖြန့်ဖြူးနေသည့် ကားသမားများသည် တစ်နေ့လျှင် အများဆုံး ၃၀ ကြိမ်ထိ ရေဖြန့်ဖြူးနိုင်ကြောင်း သိရသည်။

“တစ်နေ့ကို အများဆုံး ၃၀ ကြိမ်လောက် ပို့နိုင်တယ်။ နံနက် ၄ နာရီကတည်းကစပြီး ကားနဲ့ရေသွားသယ်ပြီး ပို့ရတယ် ည ၁၀ နာရီအထိပဲ။ တစ်ခါတလေ တစ်နေ့ကို ၃၅ ကြိမ်လောက် ပို့ရတယ်။ တချို့ နေ့လယ်အချိန် လာပို့ဖို့ပြောတာ တောင်မရဘူး။ နောက်နေ့ထပ်စောင့်ရတာ၊ တိုကင်ယူရတယ်။ ကြိုပြီးတော့ မှာထားမှရတာ “ ဟု တောင်ကြီးမြို့ပေါ်တွင် ရေဖြန့်ဖြူးနေသည့် ကားသမားတစ်ဦးက ပြောသည်။

တဖက်မှာလည်း မီးပုံမှန်ရရှိမှု မရှိသဖြင့် အချို့ ပြည်သူများသည် ရေမတင်နိုင်ကာ ရေဝယ်သုံးနေရသည့် အခြေအနေထိ ရင်ဆိုင်နေရသည်။

ထို့အပြင် တောင်ကြီးမြို့ကဲ့သို့ အလားတူ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တွင်လည်း နွေရာသီ ကာလသို့ ရောက်တိုင်း ရေရှားပြဿနာ နှင့် နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...