Sunday, May 5, 2024

တာလေမြို့တွင် အပူချိန် မြင့်တက်မှုကြောင့် သွေးတိုးရောဂါ အခံရှိ အမျိုးသမီးတစ်ဦး သေဆုံး

Must read

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် တာလေမြို့တွင် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာမှုကြောင့် သွေးတိုးရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦးသည် နေအိမ်အတွင်း၌ ရုတ်တရက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

သေဆုံးသည့် အမျိုးသမီးအလောင်း

ယနေ့ (ဧပြီလ ၂၄ ရက်) နံနက် ၈ နာရီအချိန်၌ တာလေမြို့ အမှတ် (၄) ရပ်ကွက်၊ မတ်တန်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၃) နှစ် ဒေါ်ခင်သန်းရီသည် နေ၏ အပူဒဏ်ကြောင့် ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီသည့် ကူညီဖေးမပရဟိတ လောကပါလ (တာလေမြို့) မှ အမျိုးသားတစ်ဦးက ပြောသည်။

“ နေကပူ သွေးတိုးစာ စားရင်းရုတ်တရက် လဲကျပြီး အသက်ပါသွားတာ။ အရင်က သူ့မှာလည်း သွေးတိုးရောဂါ အခံရှိထားတာ ဘာမှမဖြစ်ဘူး။ အခုတလော ရာသီဉတု ပူလို့ပဲ ရုတ်တရက် ဆုံးသွားတာ” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

နွေရာသီ အပူချိန် မြင့်တက်လာသည့်အခါတွင် လူ၏ခန္ဓာကိုယ်မှာ အပူချိန်တက်လာပြီး သွေးကြောများ ပိုပွင့်လာကာ သွေးဖိအား ကျသွားစေသည့် အတွက် နှလုံးကနေ သွေးတွေ ခန္ဓာကိုယ် အနှံ့ရောက်ဖို့ ပိုပြီး အလုပ်ပိုလုပ်လာစေကြောင်း အချို့အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် မူးဝေခြင်း၊ မအီမသာ ပျို့အန်ချင်ခြင်း၊ သတိလစ်ခြင်း၊ ခေါင်းမကြည် အာရုံမစိုက်နိုင်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်လွန်ခြင်း နှင့် ပင်ပန်းနွမ်းနယ်နေခြင်း စသည့် လက္ခဏာများလည်း ဖြစ်ပေါ်စေတတ်ကြောင်း သိရသည်။

နွေရာသီ အပူချိန်မြင့်တက်လာလျှင် သက်ကြီးရွယ်အို၊ ကလေးငယ်၊ ရောဂါအခံရှိသူ နှင့် တစ်ယောက်တည်း နေထိုင်သူများက ပိုပြီး သတိရထားပြီး အိမ်တွင်းနေထိုင်ပါက နေရသည့် ပြတင်းပေါက် ခန်းဆီးများကို ပိတ်ထားသင့်ကာ ရေများများသောက်ရမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article