စစ်ကောင်စီ
နောင်ချိုတိုက်ပွဲအတွင်း ပြည်သူနေအိမ် ၂၀ ကျော် ပျက်စီး၊ ပြန်ဆောက်ရန် ခက်ခဲနေ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေး (MDY-PDF) တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ နေအိမ် ၂၀ ကျော် ပျက်စီးပြီး နေအိမ်ပြန်ဆောက်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၅ ရက်မှ စတင် ဖြစ်ပွားခဲ့သည့်...
ပင်လောင်းမြို့နယ် ဒေသခံများထံ PNO မှ အကြောင်းပြချက်မျိုးစုံ ပိုက်ဆံတောင်း
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံများထံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ အကြောင်းပြချက် အမျိုးမျိုးယူပြီး စစ်ရိက္ခာအတွက် ပိုက်ဆံတောင်းခံနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလပိုင်းမှစပြီး ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းဒေသရှိ ကျေးရွာဒေသခံများထံ ပြည်သူ့စစ် PNO မှ ကျည်ဆံဖိုးအတွက်ဆိုပြီး တစ်အိမ်ကို ၇ သောင်း ကောက်ခံခဲ့ပြီး...
စစ်ကောင်စီ ဗုံးကြဲ ဖယ်ခုံ သူနာပြု အပါအဝင် စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ရှောင်များထပ်မံ တိမ်းရှောင်နေရ
သျှမ်းပြည် ဖယ်ခုံမြို့နယ် စစ်ရှောင်များ အားကိုးနေရသည့် ဆောင်းဖွေးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ရာ သူနာပြုတစ်ဦးအပါအဝင် စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်ရှောင်များ ထပ်မံ ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၅ ရက်) မွန်းလွဲ ၁ နာရီခန့် ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်များ အသုံးပြုသည့်...
အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို ထုတ်ပြနိုင်ဖို့ အခွင့်အရေးပေးပါ
ကလေးငယ်တွေကို အင်္ဂလိပ်စာ နဲ့ သျှမ်းဘာသာစကားကို ဦးစားပေး သင်ကြားပေးနေတဲ့ ကျောက်မဲမြို့နယ်က ဆရာမ (မော်ဆွန်) နန်းမိုနွမ်းကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဆရာမ နန်းမိုနွမ်းဟာ ကလေး တစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး၊ ကလေးတစ်ဖက်နဲ့ စာသင်ကြားနေတဲ့ သူလည်းဖြစ်ပါတယ်။ သျှမ်းအသိုင်းအဝိုင်းမှာ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုပြီဆိုရင် အိမ်မှုကိစ္စရယ်၊...
ဖယ်ခုံမြို့နယ်ရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ရှောင်များ ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီလ ၂၅ ရက်) နေ့လယ် ၁ နာရီကျော် အချိန်ခန့် ၌ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် အသုံးပြုပြီး စစ်ရှောင်များ အသုံးပြုနေသည့်...
သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် နွေရာသီ သျှမ်းစာသင်တန်းကျောင်း ရပ်နားထားရ
SHAN -
သျှမ်းပြည် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် နွေရာသီ သျှမ်းစာသင်တန်းကျောင်းများ (၁၀) ကျောင်းကျော် မဖွင့်လှစ်နိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ Photo: သံဃာတော်
(ပိတ်သွားသည့် နွေရာသီ သျှမ်းစာသင်ကျောင်းရှေ့) ဧပြီ (၁၁) ရက်နေ့မှ စတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် လဲချားမြို့နယ်အတွင်း...
ပင်လုံမြို့ အမျိုးသား လူငယ်နှစ်ဉီး ၂ လနီးပါး ပျောက်ဆုံးနေ
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့အတွင်း နေထိုင်သည့် အမျိုးသား လူငယ် နှစ်ဉီးသည် နှစ်လနီးပါး ပျောက်ဆုံး နေပြီး ယနေ့ အချိန်အထိ အဆက်အသွယ် မရသေးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်မှ ညနေပိုင်း ၆ နာရီဝန်းကျင် အချိန်မှ စတင်ကာ လွိုင်လင်ခရိုင်၊...
ထိုင်းရောက် မြန်မာနိုင်ငံသား ပတ်စပို့ သက်တမ်းတိုးရန် စစ်ကောင်စီမှ တင်းကြပ်လာ
ထိုင်းရောက် မြန်မာနိုင်ငံသားများ ပတ်စပို့ သက်တမ်းတိုးရန်အတွက် လက်ရှိမှာ စစ်ကောင်စီမှ ထုတ်ထားသည့် စည်းမျဉ်းကန့်သတ်ချက်များကြောင့် အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ နိုင်ငံကူးလက်မှတ် အမျိုးအစားဖြစ်သည့် အလည်အပတ် ပတ်စပို့ ( PV) နှင့် ပညာရေး ပတ်စပို့ (PE) ကို ယခု ၂၀၂၃ ခုနှစ် နောက်ပိုင်းမှစပြီး...
လဲချားပြည်သူ မြေမြှုပ်မိုင်းကြောင့် ခြံသွားရန် စိုးရိမ်နေရ
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားပြီး မြေမြှုပ်မိုင်းများ ရှင်းလင်းပေးမှု မရှိခြင်းကြောင့် ဒေသခံ တောင်သူများ မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ စ၍ လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး...
နောင်ချိုမြို့နယ် လုံခင်းကျေးရွာတွင် စစ်ကောင်စီက ပြည်သူပိုင်ပစ္စည်းများ ထပ်မံမွှေနှောက်ယူသုံး
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် လုံခင်းကျေးရွာအတွင်း စစ်ကောင်စီက ပြည်သူပိုင် ပစ္စည်းများ၊ ကြက်၊ဝက် နှင့် အခြေခံစားသောက်ကုန်များကို ယူသုံးဆောင်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် လုံခင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ပြည်သူများ စစ်ဘေးရှောင်နေချိန် ရွာတွင်း မွှေနှောက်ခဲ့ကြောင်း ဒိုးပင်ကျေးရွာ အုပ်စု...





