Friday, May 3, 2024

တရုတ်ပြည်မှလာသည့် ကုန်တင်ကား ၃ စီး နမ့်ခမ်းတွင် မီးလောင်မှုဖြစ်ပွား

Must read

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်တွင် တရုတ်ပြည်မှ လာသည့် ၁၂ ဘီး ကုန်တင်ယာဥ် ၃ စီး ယနေ့ (ဧပြီ ၂၈) ရက် နံနက် အစောပိုင်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ကုန်တင်ကား မီးလောင်

ယနေ့ (ဧပြီလ ၂၈ ရက်) နံနက်အစောပိုင်း ၂ နာရီ၌ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်အတွင်းရှိ တရုတ်ပြည်မှ ကုန်တင်လာသည့် ၁၂ ဘီးကား ၃ စီး မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကား ၅ စီး ထက်မနည်း သွားရောက် မီးငြိမ်းသတ်ခဲ့ရကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တရုတ်ပြည်က ကုန်တင်လာတဲ့ ၁၂ ဘီး ကုန်တင်ကား မီးလောင်သွားတာဗျ။ ၃ စီး မီးလောင်သွားတယ်။ ၂ စီးတော့ ကုန်တွေပြည့်နေတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ သိန်း ၁ ထောင်လောက်တော့ မလျော့ဘူး။ ဘာကြောင့် မီးလောင်တာလဲတော့ သေချာမသိရဘူး။ မီးသတ်ကား ၅ စီးလောက်က သွားပြီးမီးငြိမ်းသတ်ခဲ့ရတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရသူ နှင့် သေဆုံးသူ မရှိကြောင်း သိရသည်။

အလားတူ (ဧပြီလ ၂၅ ရက်) ညနေပိုင်း ၄ နာရီအချိန်တွင် မြန်မာပြည်မှ တစ်ဆင့် တင်ပို့သည့် ကျွန်းသစ်များ ထားရှိရာ မြန်မာ – တရုတ် နယ်စပ် ရွှေလီမြို့ရှိ ကျွန်းသစ်ထားသည့်နေရာတွင် မီးလောင်မှုဖြစ်ပွားရာ တရုတ်ငွေ ဘီလီယံယွမ်ထက်မနည်း ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article