Thursday, April 25, 2024

မူဆယ်မြို့ ကမ္ဘောဇဝမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရ

Must read

သျှမ်းပြည် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ကမ္ဘောဇဝမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်နေအိမ်ကို ယနေ့ ( ဧပြီ ၂၇) ရက် နံနက် ၁၀ နာရီ ခွဲဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်က ဝင်ရောက် ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။

မူဆယ်မြို့

ယနေ့ (ဧပြီ ၂၇) ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် ၄ ဦးသည် သေနတ်ကိုင်ဆောင်လာပြီး ကမ္ဘောဇဝမ်း ခေါက်ဆွဲဆိုင်၏ နေအိမ်ထဲကို ဝင်လာကာ ဓားပြလာတိုက်ပြီး မီးခံသေတ္တာကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“ လူ ၄ ယောက်လာတာတဲ့။ ဓားပြလာတိုက်သွားတာ။ လူကိုတော့ ဘာမှ မလုပ်သွားဘူးတဲ့။ သူတို့အိမ်က မီးခံသေတ္တာတစ်လုံးလုံးကို ယူသွားတာတဲ့။ သေနတ် ၁ ချက် ပစ်ဖောက်သွားတာ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဓားပြတိုက်မှုကြောင့် ရွှေ ၃၀သား၊ တရုတ်ယွမ် ၃သောင်း နှင့်အခြားလက်ဝတ်ရတနာများ၊ မြန်မာငွေလည်း ပါသွားကြောင်းသိရသည်။

အဆိုပါ ဓားပြတိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှင့် ရဲတို့ လုံခြုံရေး တင်းကြပ်ထားပြီး အသွားလာ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

အလားတူ ယနေ့ ဧပြီ ၂၇ ရက် နံနက် ၈ နာရီခွဲဝန်းကျင်တွင်လည်း လုံထန်ပြည်သူ့စစ် အရာရှိတစ်ဦး စက်မှုနယ်မြေ မင်းထိပ်ခေါင် လက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article