Saturday, July 20, 2024

ဖယ်ခုံမြို့နယ် ဒေသခံ နေအိမ်တစ်လုံးထဲ လက်နက်ကြီးကျပေါက်ကွဲ၊ လူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် တောင်ပို့ကြီးကျေးရွာရှိ ဒေသခံ နေအိမ်ထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ

ယမန်နေ့ (ဧပြီ ၂၇) ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံးကြောင့် တောင်ပို့ကြီးကျေးရွာမှ ဒေသခံ နေအိမ်တစ်လုံးထဲကို ကျရောက်ပေါက်ကွဲသွားပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေး အသင်းထံမှ သိရသည်။

“ လက်နက်ကြီးက အိမ်ထဲကို တည့်တည့်ကျသွားတာဗျ။ သူတို့အိမ်ထဲမှာ ရှိနေတုန်း ပေါက်ကွဲသွားတာ။ ခြေတွေ၊ ကျောပြင်တွေ ထိခိုက်ဒဏ်ရာ ရသွားတယ်။ လူနာကတော့ မစိုးရိမ်ရဘူး “ ဟု ၎င်း တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိခိုက်ဒဏ်ရာရသူမှာ အသက် ၃၉ နှစ်အရွယ်ရှိ ဦးစဲ၊ အသက် ၃၁ နှစ်အရွယ်ရှိ ဦးမျိုးမင်းခန့်၊ အသက် ၃၆ နှစ်အရွယ်ရှိ ဦးအောင်စိုးမိုး နှင့် အသက် ၅၂ နှစ်အရွယ်ရှိ ဦးမြာရယ်တို့ ဖြစ်ကြပြီး ဦးခေါင်း၊ ပခုံး၊ ကျောပြင်၊ ညာလက်မောင်း နှင့် ခန္ဓာကိုယ်အနှံ့ ယမ်းစ ထိမှန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရသူ ဒေသခံပြည်သူ ၄ ဦးကို လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဆေးဝါးကုသမှု ခံ ယူနေကြောင်းလည်း သိရသည်။

ထို့အပြင် ယမန်နေ့ (ဧပြီ ၂၇) ရက် ည ၁၁ နာရီခန့်တွင် ကယားပြည် (ကရင်နီ) ပြည်နယ် ဒီမော့ဆို အနောက်ခြမ်းရှိ လူနားနေဆောင် တဲတစ်ခုကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သောကြောင့် လူထိခိုက် သေဆုံးမှုရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article