Wednesday, January 28, 2026

လွိုင်လင် – နမ့်စန် လမ်းကြား ညအချိန် ဓားပြတိုက်မှုများပြား

သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင် – နမ့်စန် ပြည်ထောင်စု လမ်းမကြီးကြားတွင် ယခုရက်ပိုင်း ညအချိန် သွား လာရာတွင် ဓားပြတိုက်မှု ရှိနေကြောင်း သတင်းရရှိသည်။

လေးဂွ ထိမှန်ထားသည့် ကားမှန်

အလားတူ ယမန်နေ့ ဧပြီ ၂၆ ရက် ည ၁၁ နာရီဝန်းကျင်တွင်လည်း ၁၂ ဘီး ကားသမား အပေါ့ ဆင်းသွားရာမှ ဓားထောက်ပြီး ငွေ ၂ သိန်း ပေးဆောင်ခဲ့ရကြောင်း သိရသည်။

“အခုတလော လွိုင်လင် – နမ့်စန် လမ်းမကြားမှာက ဓားပြတွေ အရမ်းများလာတယ်။ မနေ့ ညကလည်း ကားသမားကို ဓားထောက်ပြီး ပိုက်ဆံတောင်းတာ ၂ သိန်း ပေးလိုက်ရတယ်။ ကံကောင်းလို့ မသေတာပေါ့” ဟု လွိုင်လင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယခု ဧပြီလအတွင်း လွိုင်လင်မြို့နယ် နည်းပညာတက္ကသိုလ် အနီးတွင် ညအချိန်၌ လေးဂွဖြင့် ပစ်ခတ်ခဲ့မှု ရှိသည့် အတွက် ကားဆရာတစ်ဦး မျက်စိ ထိမှန်သွားခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။

“ ကျမတို့ ည ၉ နာရီလောက် နမ့်စန်ကနေ ပြန်လာခဲ့တာ။ လွိုင်လင်မြို့ အနီးက။ အဲ့တာ လေးဂွ နဲ့ မှန်ကားထဲကို ပစ်လာတာ။ ကားသမား မျက်စိ ထိသွားတာ။ ကံကောင်းလို့ မျက်လုံး မထိသွားဘူး။ ကားရပ်လိုက်ရင်တော့ သူတို့လာပြီး ဓားပြတိုက်မှာ” ဟု ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးက ပြောသည်။

လေးဂွဖြင့် လိုက်လံပစ်ပြီး ဓားပြတိုက်နေသူများကို ရွာသား နှင့် တာဝန်ရှိသူတို့က ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ လေးဂွ နဲ့ ပစ်နေတဲ့ သူတွေ ၆ ယောက် လောက်ရှိတယ်တဲ့ ။ အဲ့နားက ရွာကလူတွေ ဖမ်းလိုက်တယ်တဲ့။ ဖမ်းပြီးတော့ ပြန်လွှတ်ပေးတာတဲ့။ ဒီတိုင်းပဲ ဆုံးမပြီးတော့ ပြန်လွှတ်ပေးနေကြတာတဲ့” ဟု လွိုင်လင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

လွိုင်လင်မြို့နယ် နည်းပညာတက္ကသိုလ်အနီး ပန်ခေါက်ဝိုး ကျေးရွာ တည်ရှိထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တစ်ဝှမ်း သူခိုး ၊ ဓားပြ ၊ လောင်းကစားဝိုင်း ၊ မူးယစ်ဆေးဝါးများ ပိုမိုများလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...