ပင်လောင်းတိုက်ပွဲအတွင်း စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ် နယ်စပ် တိုက်ပွဲတွင် စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် ဖမ်းသွားစဥ်

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်တွင် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် နယ်စပ်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားမှုရှိကြောင်း ပင်လောင်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ လူသားဒိုင်းကာ အဖြစ် ဖမ်းသွားတာတော့ ကြားတယ်။ ဘယ်ကျေးရွာက လူလဲဆိုတာတော့ သေချာမသိဘူး။ ၅ ယောက်လောက်တော့ ဖမ်းသွားတယ်လို့ ကြားတယ်။ ပြီးခဲ့တဲ့ ဆေးခန်းကို လေယာဉ်နဲ့ တိုက်ခိုက်ပြီးတဲ့ နောက်ပိုင်းရက်မှာပဲ ဖမ်းသွားတာ။ ဘယ်သူတွေပါသွားလဲဆိုတာတော့ အတိကျ မသိရဘူး” ဟု ၎င်းက ပြောသည်။

ထိုအပြင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ အရပ်သားများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးသွားသည့်အပြင် သတ်ဖြတ်မှုလည်းရှိကြောင်း PNDF-KK သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခွန်ဗွေဟုန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ တပ်ရင်းအနေနဲ့တော့ အတည်မပြုနိုင်သေးဘူး။ ဒါမဲ့ အခုတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက် ကနေတော့ ပြည်သူတွေကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးတာရှိတယ်။ ပြီးတော့ သတ်ဖြတ်တာတွေ လည်းရှိတယ်။ ဘယ်သူတွေလဲ၊ ဘယ်ကျေးရွာ ဒေသခံတွေလဲဆိုတာတော့ ကျနော်တို့ စုံစမ်းနေပါတယ်” ဟု ခွန်ဗွေဟုန်းက ပြောသည်။

အလားတူ KNDF Pekhon Zone ကလည်း ယနေ့ ဧပြီ ၂၈ ရက်တွင် စစ်ကောင်စီသည် ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု လယ်ကြားကျေးရွာ ဒေသခံများကို လက်နောက်ပြန်ကြိုးတုတ်ပြီး လူသားဒိုင်းကာ အဖြစ်ဖမ်းဆီးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လူသားဒိုင်းကာ အဖြစ် အသုံးပြုဖမ်းဆီးခံရသည့်သူထဲတွင် ကိုယ်လက် ၊ မျက်စိ နှိပ်စက်ခံထားရသည့် ရုပ်အလာင်း တစ်ခုကိုလည်း တွေ့ရှိခဲ့ရပြီး တော်လှန်ရေးအင်အားစုမှ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ရေးသားထားသည်။

လက်ရှိအချိန်ထိ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် နယ်စပ် တောင်စလုံး ၊ မြောက်စလုံး ၊ တောင်မဲသင်းတို့သည် တိုက်ပွဲဆက်လက် ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

“ ဒီနေ့ အချိန်ထိတော့ တိုက်ပွဲဖြစ်နေတယ်။ နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီကလည်း လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့လည်း လာတိုက်ခိုက်နေတာရှိတယ်။ တိုက်ပွဲက မငြိမ်သေးဘူး” ဟု PNDF KK ခွန်ဗွေဟုန်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ် ၁၁ ရက်တွင်လည်း စစ်ကောင်စီက ပင်လောင်းမြို့နယ် နိမ့်နိန်းကျေးရွာထဲ ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် အရပ်သား ၁၉ ဦး နှင့် သံဃာ (၃) ပါးတို့ကို သတ်ဖြတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...