Sunday, May 5, 2024

ကျောက်မီးသွေး

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကြောင့် ရွာ(၇)ရွာနေ ပြည်သူများအသက်ရှုကြပ်နေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဝ လုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာတွင် ပြုလုပ်နေသည့် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် အနံ့ဆိုး များထွက်ကာ ရွာပေါင်း (၇)ရွာနေ ပြည်သူများအသက်ရှု ကြပ်နေရ ကြောင်း သတင်းသိရသည်။ အဆိုပါ ထုံးဖိုစက်ရုံမှ အနံ့ဆိုးများကြောင့် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စုမှ လွယ်သထုံကျေးရွာ အထက်နှင့် အောက်ရွာ၊...

တီကျစ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ဒေသခံ ၁ ဦး ထောင်ဒဏ် ၁၀ နှစ် ချခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဘိလပ်မြေစက်ရုံရှေ့တွင် စစ်ကောင်စီက စစ်ဆေးမှုပြုလုပ်နေပြီး ဖမ်းဆီးသွားသည့် ဒေသခံ တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁၀...

ကျေးသီးမြို့နယ်ထဲ ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီများက ပြင်ဆင်နေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကုမ္ပဏီ ၅ ခုလောက်က ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကျောက်မီးသွေးတူးဖော်ရန်အတွက် မြေတူးစက်၊ ၁၂ ဘီးကား စသည့် ပစ္စည်းများကို ချထားပြီး ဖြစ်ကြောင်း သိရသည်။ “သူတို့ ကျောက်မီးသွေးတူးဖော်ဖို့ သုံးတဲ့ပစ္စည်းတွေ လာချထားတာ တစ်လ...

စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းနည်းပါးလာ သျှမ်းပြည်အတွင်းရှိ သတ္တုတွင်းတွေကို တူးခွင့်ပြုနေ

မြန်မာနိုင်ငံတွင်း စီးပွားရေးကျဆင်းလာပြီး စစ်ကောင်စီက ဝင်ငွေရလမ်းကြောင်း နည်းပါးလာတာကြောင့် သျှမ်းပြည်အတွင်းရှိ သတ္တုတွင်း၊ ကျောက်မီးသွေးတွင်းများကို တရားဝင် တူးခွင့်ပြုပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထို့ကြောင့် သျှမ်းပြည်အတွင်းရှိ ကျောက်မီးသွေးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်က တူးဖော်ခွင့်ပြုခဲ့ပြီး တွင်းဟောင်းများကိုလည်း ပြန်လည်တူးဖော်ခွင့်ပေးခဲ့ကြောင်း သျှမ်းပြည် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ လှုပ်ရှားသူများက ပြောဆိုလိုက်သည်။ “သူတို့ခွင့်ပြုပေးခဲ့တာကကြာပြီလေ။ ဒီ...

ပြောင်းဖူးစက်ရုံသုံး ကျောက်မီးသွေးမှ အနံ့အသက်ဆိုးထွက်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ရှိ ပြောင်းဖူးစက်ရုံများတွင် အသုံးပြုသည့် ကျောက်မီးသွေးအနံ့ဆိုး ထွက်နေသည့်ဟု စုံစမ်းသိရှိရသည်။ နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်ရှိ ပြောင်းဖူးလှော်စက် စက်ရုံတွင် ပြောင်းဖူးအခြောက်လှော်ရာ အသုံးပြုသည့် ကျောက်မီးသွေးများမှ အနံ့ဆိုး ထွက်ပေါ်သည့်အတွက် ဒေသခံများ အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ “ကျောက်မီးသွေးတင်တဲ့ တွဲကားကြီးတွေ လာလာပို့တာတော့ တွေ့ရတယ်။ တွင်းနား ရောက်နေသလို...

ကျောက်မီးသွေး မြေစာပုံက ပေးတဲ့ ဒဏ်ရာ

“မိုးရာသီဆိုရင်တော့ ကျောက်မီးသွေးမြေစာပုံက ထွက်လာတဲ့အနံ့တွေက အရမ်းဆိုးတယ်။ ကြာရင် ကျန်းမာရေးထိခိုက်မှုတွေရှိလာနိုင်တယ်”- လို့ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဝမ်းခမ်းနားကျေးရွာနေထိုင်သူ စိုင်းလူ က ပြောပြလာပါတယ်။ မိုးရာသီချိန်မှာ မီးလောင်ကျွမ်းနေတဲ့ မြေစာပုံက ထွက်လာတဲ့အနံ့ ဟာ မိုင်းကိုင်မြို့နယ် ဝမ်းခမ်းနာကျေးရွာ တစ်လုံးကို လွှမ်းမိုးသွားပါတယ်။ အဲ့ဒီ အနံ့တွေကြောင့် ဒေသခံပြည်သူတွေ...

သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး ဆက်တူးဖော်မှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုအတွင်း ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေး ဆက်လက် တူးနေကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ ၂၃ ရက်တွင် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကျောက်မီးသွေးတူးဖော်မှုကို ရပ်တန့်ပေးပြီး လူထုများ၏ စားဝတ်နေရေးအတွက်ကို ကြည့်ပေးသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ “သူတို့ အသစ်ထပ်တူးတော့မယ်။ သူတို့ ဒေသခံတွေကို ကြည့်ပေးသင့်တယ်။ ကျောက်မီးသွေး ထပ်တူးရင်...

တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော်မည် မဟုတ်ကြောင်း ကုမ္ပဏီမှ ကတိပေး

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် ငွေရည်ပုလဲ ကုမ္ပဏီသည် ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးကို တူးဖော်တော့မည် မဟုတ်ကြောင်း ပြည်သူများကို ကတိပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မိုင်းဟဌာနေ ပြည်သူ့စစ်အဖွဲ့ နှင့် ငွေရည်ပုလဲ...

သျှမ်းပြည် ကျောက်မီးသွေး ထွက်ရှိမှု အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ရန် စစ်ကောင်စီ ခေါင်းဆောင် ပြော

သျှမ်းပြည်တွင် ကျောက်မီးသွေးများထွက်ရှိသဖြင့် ကျောက်မီးသွေးကို အသုံးပြုပြီး ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ထုတ်ပါက ပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးစေပြီး လျှပ်စစ်ဓာတ်အားထုတ်ယူရမည် ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။ ထိုပြောကြားမှုသည် ယမန်နေ့ (အောက်တိုဘာ ၁)ရက် တွင် သျှမ်းပြည်တောင်ကြီးမြို့ သို့ရောက်ရှိနေစဉ် စစ်ကောင်စီ...

တန့်ယန်းမြို့နယ် ကျောက်မီးသွေးတိုးချဲ့တူးဖော်ရန် စီစဉ်နေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာတွင် ကျောက်မီးသွေး တိုးချဲ့ပြီး တူးဖော်ရန် ကုမ္ပဏီ က ဒေသခံများကို လာရောက်စည်းရုံးနေကြောင်း စုံစမ်းသိရသည်။ Photo Tangyan Youth -တန့်ယန်းမြို့နယ် တတ်လျက်ရွာတောင်ဘက်က ကျောက်မီးသွေးတူးဖော်တဲ့နေရာ ထို့ကြောင့် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာ တွင် ကျောက်မီးသွေးတိုးချဲ့ တူးဖော်ရန် အတွက်...

Latest news