တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကြောင့် ရွာ(၇)ရွာနေ ပြည်သူများအသက်ရှုကြပ်နေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဝ လုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာတွင် ပြုလုပ်နေသည့် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် အနံ့ဆိုး များထွက်ကာ ရွာပေါင်း (၇)ရွာနေ ပြည်သူများအသက်ရှု ကြပ်နေရ ကြောင်း သတင်းသိရသည်။

တာချီလိတ် ကျောက်မီးသွေးသုံးထုံးဖိုစက်ရုံ

အဆိုပါ ထုံးဖိုစက်ရုံမှ အနံ့ဆိုးများကြောင့် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စုမှ လွယ်သထုံကျေးရွာ အထက်နှင့် အောက်ရွာ၊ ဝိန်းဝရွာ၊ ဖာတီမာကုန်းရွာ နှင့် မိုင်းဟဲကျေးရွာအုပ်စုမှ ယမ်းခေါင်ရွာ၊ ပန်စလိရွာ တို့မှ ဒေသခံ ရွာသားများသည် အသက်ရှု ကြပ်ခြင်း၊ ခေါင်းမူး/ကိုက် ဝေဒနာခံစားရခြင်းတို့ ကြုံတွေ့နေရကြောင်း ဒေသခံများ ကပြောသည်။

“ထုံးဖိုက တောင်ကုန်းအမြင့်မှာလုပ်နေတော့ ဝလုံးအုပ်စုက ၅ ရွာ၊ မိုင်းဟဲ အုပ်စုက ၂ ရွာဆီကို အနံ့ဆိုးတွေ ရောက်လာတယ်၊ အဲ့အနံ့တွေကို ရှူရပြီဆိုရင် ရင်ဘတ်တောင်အောင့်တယ်၊ ခေါင်းကိုက်၊မူးတာတွေ ဖြစ်တယ်၊ သက်ကြီးရွယ်အိုတွေဆို အသက်ရှုမဝလို့ ဆေးရုံတင်ပြီး အောက်စီဂျင် ပေးထားရတယ်” ဟု ဝလုံးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယင်းထုံးဖိုစက်ရုံမှ ထွက်သည့် အနံဆိုးများကြောင့် ဝိန်းဝရွာမှ ဒေသခံရွာသား ၅ ဦးထက်မနည်း အသက်ရှုကြပ် ပြီး ဆေးရုံတင်အောက်စီဂျင် ပေးထားရသည့်အပြင် ခေါင်းကိုက်ခေါင်းမူး ဝေဒနာခံစားရသည်။

ထို စက်ရုံအနီးနေထိုင်သည့် ဝ လုံးကျေးရွာ အုပ်စု မှ အိမ်ခြေ ၈၀၀ နီးပါး နှင့် မိုင်းဟဲကျေးရွာအုပ်စုမှ အိမ်ခြေ ၃၀၀ ခန့် စုစုပေါင်း အိမ်ခြေ ၁၀၀၀ ကျော် ရှိကြောင်း သိရသည်။

အဆိုပါ ထုံးဖိုသည် ပေ ၁၀၀ နီးပါးမြင့်သည့် တောကုန်းပေါ်တွင် ပြုလုပ်လျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထံသို့ ခွင့်ပြုချက် အကြောင်းကြားချက် မရှိဘဲ လာရောက်ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေးမှူးများ ပြောပြချက်အရသိရသည်။

“အရင်နှစ်ကတော့ အဲ့နေရာမှာ အုတ်ဖိုရှိတယ်၊ သြဂုတ်လကနေ စပြီး အနံ့ဆိုးတွေက တစ်နေ့ထက် တစ်နေ့ဆိုး လာလို့ ကျနော်တို့ ရွာလူကြီးနဲ့ ကော်မတီဝင်တွေ ပေါင်းပြီး သွားစစ်ဆေးတော့မှ အဲ့အုတ်ဖို အနီးမှာ ထုံးဖိုထပ်ရှိ မှန်းသိရတာ၊ ကျနော်တို့ ရွာလူကြီးတွေ ပေါင်းပြီး ဒီအနံ့ဆိုးတွေ ပျောက်အောင် လုပ်ပေးပါဆိုလည်း အခုထိ မပြောင်းလဲသေးဘူး” ဟု ဝလုံးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကဆိုသည်။

ထို့အပြင် လက်ရှိကျေးရွာလူကြီး နှင့် ကော်မတီ ဝင်များ စုပေါင်း လက်မှတ်ထိုးပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဌာန သို့ စာတင်ထားသော်လည်း ယနေ့ထိ ဆောင်ရွက်ပေးခြင်း မရှိသေး ကြောင်း ဝ လုံးကျေးရွာအုပ်စု ရွာကော်မတီဝင် တစ်ဦးက ပြောသည်။

“ကျနော်တို့ အုပ်စု နှစ်ခုက ရွာလူကြီးတွေ ရွာသားတွေ စုပေါင်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ထွေအုပ်စီ စာတင် ထားတယ်၊ လာကြည့်ပေးမယ်၊ ဆိုပြီး ဒီနေ့အထိ ဘာမှ လုပ်ပေးတာ မတွေ့ရသေးဘူး” ဟု ဝ လုံး ကျေးရွာအုပ်စု မှ အမည်မဖော်လိုသူ ရွာကော်မတီဝင် တစ်ဦးက ပြောသည်။

ထို့အပြင် လက်ရှိပြုလုပ်နေသည့် ကျောက်မီးသွေးသုံး ထုံးဖိုသည် ရပ်ကွက်ထောက်ခံစာများ တောင်းယူမှုလည်း မရှိသည့်အပြင် လက်ရှိတွင် ဒေသခံကျန်းမာရေး ထိခိုက်မှုရှိလာသည့်အတွက် မသိမ်းပါက အနံ့ဆိုးမထွက် အောင် နည်းပညာပြောင်းလဲ အသုံးပြုသင့်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါ လွယ်သထုံကျေးရွာမှ ထုံးဖိုစက်ရုံပြုလုပ်သူသည် အာဏာရှိ ထက်လူကြီးများနှင့် ညှိနှိုင်းကာ ပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထိုအနံ့ဆိုးများ ရှူရှိုက်မိပါက ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း၊ အသက်ရှူလမ်း ကြောင်း ကြပ်ခြင်း၊ ဦးနှောက်အကြိတ် ဖြစ်လာနိုင်ခြင်းနှင့် ကင်ဆာရောဂါဖြစ်လာနိုင်ခြင်း စတဲ့ ဆိုးကျိုးများရှိနိုင်ကြောင်းလည်း သိရှိရသည်။

ထို ကျောက်မီးသွေးသုံးထုံးဖိုစက်ရုံကြောင့် တာချီလိတ်မြို့နယ် ကျေးရွာ (၇)ရွာသာမက မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း ၎င်းစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးကို ခံစားနေရသဖြင့် မြန်မာအစိုးရအနေဖြင့် သွားရောက်စစ်ဆေးပေးရန်လည်း ထိုင်းဘက်ခြမ်းက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...