Tuesday, April 30, 2024

ကိုဗစ်

ကိုဗစ် လူနာ တဦး ဆေးရုံဆင်းပြီး (၃)ရက် အကြာ သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ရပ်ကွက် (၉) မှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ဆေးရုံမှ ဆင်းပြီး (၃) ရက်မြောက်မှာ သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ဆေးရုံဆင်းပြီးတော့ အိမ်မှာ အောက်စီဂျင် ရှုနေရတယ်ဆိုတာတော့ သိရတယ်။ အခုပဲ သူ့အိမ်ကနေ အောက်စီဂျင် နှစ်လုံး သယ်ပြီး ဆိုင်ရာအသင်းတွေကို...

တာချီလိတ်မြို့ ဆေးရုံဟောင်းမှ ကိုဗစ် – ၁၉ စစ်ဆေးတွေ့သည့် လူနာ ၂ ဦးထွက်ပြေး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်း  ထားရှိသည့် Fever Clinic စင်တာတွင် ကိုဗစ် - ၁၉ ပိုး  ကူးစက်ခံရသူ အတည်ပြု လူနာ ၂ ဦး ထွက်ပြေး ကြောင်း သတင်း သိရသည်။ ထွက်ပြေးသွားကြသူများမှာ တာချီလိတ်မြိုႉ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)တွင် နေထိုင်ကြသည့်...

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် တစ်ရက်အတွင်း ကိုဗစ် – ၁၉ ပိုးတွေ့လူနာများ စံချိန်တင်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် သြဂုတ်လ ၁၁ ရက်နေ့ တစ်ရက်တည်းအတွင်း ကိုဗစ် - ၁၉ ပိုးတွေ့ လူနာများ  အများဆုံး စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ပင်လောင်းမြို့အတွင်းတွင် ကိုဗစ် - ၁၉ ရောဂါရှိ/မရှိ လာရောက်စစ်ဆေးသူ ၃၂၈ ဦး အနက်...

တာချီလိတ်ရှိ ကိုဗစ်ကူးသူများ အိမ်တွင်းကျိတ်မကုရန် မြို့ခံကျန်းမာရေး နှင့် ပရဟိတအဖွဲ့ ပြော

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသည့် လူနာများနှင့် ရောဂါ သံသယ လက္ခဏာရှိသည့် လူနာများရှိပါက  အိမ်တွင်း ကျိတ်ပြီး ကုသမှုများ မပြုလုပ်ကြရန် ကျန်းမာရေး နှင့် ပရဟိတ သမားများက တောင်းဆိုနေကြသည်။ သြဂုတ်လ ဆန်းပိုင်းမှ ယနေ့ အထိ...

တာချီလိတ်တွင် ကိုဗစ်ကြောင့် တစ်ရက်တည်းတွင် ၅ ဉီးသေဆုံး

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင်   ကိုဗစ် - ၁၉ ကူးစက်ရောဂါကြောင့် ၁ ရက်တည်းအတွင်း ၅ ဉီးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ ဩဂုတ်လ ၈ ရက်က   တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ ကိုဗစ်ကူးစက်အတည်ပြုလူနာများ အနက်  ၅ ဉီးအထိသေဆုံးမှုရှိကြောင်း   တာချီလိတ်မြို့ ပရဟိတ လူမှုကူညီရေးအသင်းမှ...

နမ့်ခမ်း ကိုဗစ် သေဆုံးမှုမြင့်တက်လာ၊ မီးသဂြိုလ်စက် အသစ်ထပ်မံပြုလုပ်မည်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု မြင့်တက်လာသည့်အတွက် မီးသဂြိုလ် စက်ကို အသစ်ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ မီးသဂြိုလ်စက်သည် လူသေလောင်း တစ်ကြိမ် သဂြိုလ်လျှင် (၂) နာရီခန့် ရှိပြီး ထင်းနှင့် သဂြိုလ် ရသဖြင့် အချိန် ကြန့်ကြာမှု ရှိသောကြောင့်...

မိုင်းယန်းမြို့နယ်တွင် ကိုဗစ် ကူးစက်ခံရသူများမရှိ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာ ကူးစက်ခံရသူများ မရှိကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယန်းမြို့တွင် တစ်မြို့လုံး Lockdown ချထားပြီး၊ မြို့ထဲဝင်လာမည့် ကားများကိုလည်း လူစားထိုးအနေဖြင့် ဝင်ခွင့်သာပြုထားသောကြောင့် ကိုဗစ် ၁၉ ကို အကောင်းဆုံးကာကွယ်နေကြောင်း သျှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ လုံးစိုင်းအိုက်လျောင်းက...

မိုင်းငေါ့စစ်ရှောင်များ ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလိုအပ်

သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များ ကိုဗစ်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ အခက်ခဲဖြစ်နေကြောင်း သိရသည်။ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်း၊ အလှူငွေနည်းပါးခြင်းတွေကြောင့် စစ်ဘေးရှောင်များအား လုံလောက်စွာထောက်ပံ့ပေးနိုင်ခြင်းမရှိသေးသည့်အတွက် စိတ်ပူနေရကြောင်း စစ်ဘေးရှောင်များကို သွားရောက်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။ “မိုင်းငေါ့မှာရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေက နည်းနေတယ်၊ Mask ၊ Hand...

သျှမ်းပြည် တစ်ချို့မြို့နယ်များ ဆေးဝါးနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးတက်လာ

ကိုဗစ်ကူးစက်မှု မြင့်မားနေသည့် သျှမ်းပြည်တွင် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Mask ၊ Hand Gel နှင့် ဆေးဝါးများ ဈေးတက်လာကြောင်း စုံစမ်းသိရှိရသည်။ ယခုလ အတွင်း သျှမ်းပြည်အတွင်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာပြီး ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလည်း ရောင်းအားကောင်းလာကာ ဈေးတက်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်။ “မြို့မှာဆို ကိုဗစ်ပိုး ကူးတာများနေပြီ၊...

လားရှိုး ကိုဗစ် ပိုးတွေ့ရှိသူများလာသဖြင့် မြိ့ဝင်၊ထွက် စစ်ဆေးရေးဂိတ်ပြန်ဖွင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၃)ဦးရှိလာသည့်အတွက် မြို့၊အဝင်၊အထွက်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့တွင် ဇွန် (၈ )ရက်မှ စပြီး ဇွန် (၁၁) ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း (၃၃) ဦးအထိမြင့်တက်လာသည့် အတွက် လားရှိုးမြို့ဝင်၊ထွက်တွင်...

Latest news