Saturday, May 4, 2024

ကလောမြို့

ကလောမြို့ EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့ EPC ရုံးဝင်းတွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) ည ၈ နာရီကျော်တွင် ကလောမြို့ EPC ရုံးရှေ့ အလံတိုင်အနီးတွင် ချိန်ကိုက်လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲပြီး ရုံးဆင်းရန်ပြင်နေသည့် ဝန်ထမ်းနှစ်ဦး...

ကလောမြို့နယ် ပုဒ်မ ၁၄၄ ထုတ်ပြန်၊ ပြည်သူများစိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အတွင်း ယမန်နေ့ (နိုဝင်ဘာ ၄)ရက်စွဲဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည့် အတွက် ဒေသခံများ စိုးရိမ်ပူပန်နေကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲပါ ကြေညာချက်တွင် တောင်ကြီးခရိုင်၊ ကလောမြို့နယ်အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ...

ကလောမြို့ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့မှ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမြို့ လူငယ် ၄ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် အောင်ပန်းမြို့ရှိ အောင်မြင်သူ လက်ဖက်ရည် ဆိုင်အနီးရှိ အုတ်ခုံတွင် ထိုင်နေသည့် လူငယ်များကို စစ်ကောင်စီမှ...

အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်ခဲ့သည့် ကလောစစ်ဦးစီး တက္ကသိုလ် COVID-19 ကူးစက်မှုမြင့်တက်နေ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့သည့် ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ်တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နှင့် ၃ ရက်တွင် စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်သည် ကလောမြို့ ရှိ စစ်ဦးစီးတက္ကသိုလ် သင်တန်းကျောင်း...

ကလောပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက်ခံနေရ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက် ခံနေရကြောင်း စုံစမ်းသိရှိရသည်။ ကလောမြို့ပြည်သူ့ဆေးရုံမှ CDM မပြုလုပ်သည့် ဝါရင့် သူနာပြုဆရာမကြီး တစ်ဦးသည် CDM လုပ်ဆောင်သည့် ဝန်ထမ်းများ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ထွေအုပ်ရုံးသို့ ပို့ဆောင်ပေးပြီး အလုပ်ပြန်ဆင်းရန် ခြိမ်းခြောက်စာများ ပေးပို့လာကြောင်း...

ကလောမြို့ ထင်ရှူးပင်များ စီးပွားဖြစ် ခုတ်လှဲနေသည့် အပေါ်ဒေသခံများက ဝေဖန်

သျှမ်းပြည်တောင်ပိုင်း ကလောမြို့အဝင်တွင်ရှိသည့် ထင်ရှုးတောမှ ထင်ရှူးပင်များကို အဖွဲ့အစည်း တစ်ခုက စီးပွားဖြစ် ခုတ်aရာင်းချခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံ ပြည်သူများက ဝေဖန်ချက်အမျိုးမျိုးပြောဆိုနေကြသည်။ ကလောမြို့အဝင် ရေယားမှာ ရှိနေသည့် ထင်ရှူးပင် အများအပြားကို အဖွဲ့အစည်းတစ်ခုက လာရောက်ခုတ် လှဲ ထုတ်ယူခြင်းများပြုလုပ်နေသော်လည်း သစ်တောတာဝန်ရှိသူများက အရေးယူခြင်းများ မရှိသည့် အပြင်...

ကလောမြို့ ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိ ဝန်ထမ်းများ ကွာရန်တင်းဝင်ရန် ခွင့်ရက်မပေး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ်အတွင်း ကိုဗစ် လူနာများနှင့် ထိတွေ့မှု ရှိခဲ့သည့် ဌာနဆိုင်ရာ အချို့မှ ဝန်ထမ်းများသည် ကွာရန်တင်းဝင်ရန် အတွက် အထက်အရာရှိများနှင့် အလုပ်ရှင် သူဌေးများက ခွင့်ရက်များ မပေးသဖြင့် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ကလောမြို့ရှိ OK $ ရုံးတွင် အလုပ်လုပ်ဆောင်ကြသော...

ကလောမြို့ ကိုဗစ် -၁၉လူနာများလာ ကျန်းမာရေးဆိုင်ရာ အခက်အခဲကြုံတွေ့နေရ

သျှမ်းပြည် တောင်ပိုင်း ကလောမြို့တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ တစ်နေ့ထက် တစ်နေ့ တိုးပွားလာပြီး၊ ကျန်းမာရေးဝန်ထမ်းအင်အားနေသဖြင့် အခက်အခဲများကြုံတွေ့နေကြောင်း စုံစမ်းသိရ သည်။ ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ကလောမြို့နယ် အတွင်း ကိုဗစ် - ၁၉ အတည်ပြုလူနာ (၆၇) ဦး...

Latest news