လောင်းကစား များလာသည့် ကလောမြို့ ခိုးယူလုယက် ပေါများနေ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စု ဘော်ဆိုင်းကျေးရွာတွင် လောင်းကစားဝိုင်းများလာပြီးနောက် ခိုးယူလုယက်မှုများလည်း ပေါများလာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ကာ ဘော်ဆိုင်းတွင် လောင်းကစားဒိုင်များ၊ ငါးပစ်ဂိမ်းများလာသဖြင့် သူခိုးများ လုယက်သူများက သောင်းကျန်းနေကြောင်းလည်း သတင်းသိရသည်။

“သူခိုးတွေက နေ့တိုင်းလိုလို သောင်းကျန်းနေတယ်၊ ပြီးတော့ ပစ္စည်းပျောက်တာတွေ လုယက်ခံရတာတွေကလည်း နေ့တိုင်းပဲ၊ ရဲတွေက ဘာမှ မလုပ်ပေးတော့ သူခိုးတွေက ထင်တိုင်းကျဲကြတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဘော်ဆိုင်း ရဲစခန်း

ပြီးခဲ့သည့် ဇူလိုင်လ နှင့် သြဂုတ်လ အတွင်းတွင် ဘော်ဆိုင်းကျေးရွာအုပ်စု ဘော်ဆိုင်းရွာမှာ နေအိမ် ၇ လုံး ဖောက်ထွင်းခံရပြီး ရွှေ နှင့် ငွေကျပ်သိန်း ၅၀ နီးပါး ဆုံးရှုံးလိုက်ရကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ သူခိုးများ သောင်းကျန်းနေသည့် ဘော်ဆိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်ပေးခြင်းလည်း မရှိကြောင်း ဒေသခံများက ဆက်ပြောသည်။

“ဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေ ငါးပစ်ဂိမ်းတွေက ရဲတွေဆီက ခွင့်ပြုမိန့် ယူထားတယ်လို့ သိရတယ် ဆိုတော့ ပြည်သူက ဘယ်သူ့ကို သွားအားကိုးရတော့မလဲ၊ လောင်းကစားများလေ၊ ခိုးယူ လုယက်မှုများလေပဲ၊ စီးပွားရေး ကျနေတဲ့ အထဲပြည်သူတွေက တစ်ပူပေါ် တစ်ပူဆင့်ပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် သိမ်းယူပြီးနောက်ပိုင်းမှ ပေါများလာသည့် ဘော်ဆိုင်းမှ လောင်းကစားဝိုင်းများကြောင့် ပြည်သူများသည် လုံခြုံရေးကင်းမဲ့ လာသည်။

အာဏာသိမ်းစစ်ကောင်စီတို့သည် လောင်းကစားဝိုင်းများကို အသုံးပြုပြီး လူငယ်များ ပြည်သူများ နိုင်ငံရေး အသိ ဗဟုသုတ ကိစ္စ ကင်းကွာရန် ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...