ကလောမြို့ အဓမ္မ စစ်မှုထမ်းကြေး တစ်အိမ် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းအထိ ကောက်ခံ

သျှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့တွင် စစ်ကောင်စီ ပြဌာန်းသည့် အဓမ္မ စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန် ရွေးချယ်ခံရသည့် လူငယ်များနှင့် မိသားစုများကို ထောက်ပံ့ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် တစ်အိမ်လျှင် ငွေကျပ် တစ်သောင်းမှ ကျပ်ငါးသောင်းအထိ စတင် ကောက်ခံခံနေကြောင်း မြို့ခံများက ယနေ့ (မတ်လ ၂၉ ရက်) တွင် ပြောသည်။

ကလောမြို့ ရဲ့ ထင်းရှူးအလှ

စစ်မှုထမ်း ပထမအသုတ် အဖြစ် ကလောမြို့နယ်မှ လူငယ် ၄၀ စုဆောင်းပေးရပြီး ယင်းလူငယ်များနှင့် ၄င်းတို့၏ မိသားစုများအား ထောက်ပံ့ရန် ကလောမြို့ပေါ်သာမက အောင်ပန်းနှင့် ဟဲဟိုး အပါအဝင် မြို့နယ် တစ်ခုလုံး ရပ်ကွက် ကျေးရွာ အလိုက် အုပ်ကြီးများက လိုက်လံ ကောက်ခံနေပြီဟု မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“အနည်းဆုံး တစ်အိမ် တစ်သောင်း။ အဆင်ပြေတဲ့အိမ်က နှစ်သောင်း သုံးသောင်း၊ လုပ်ငန်းရှိတဲ့အိမ်က ငါးသောင်း အဲလို အဆင်ပြေသလို ကောက်နေကြပြီ။ တချို့ ချမ်းသာတဲ့သူတွေကတော့ သူတို့အိမ်က လူတွေမပါဖို့ အုပ်ကြီးတွေကို သပ်သပ်ပေးတာမျိုးလည်းရှိတယ်” ဟု ၄င်းကရှင်းပြသည်။

စစ်တပ်ကြီးစိုးသည့် ကလောမြို့နယ်တွင် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ကောက်ယူပြီးစီးရာ ပထမ အသုတ်၌ စစ်မှုထမ်းဟောင်း သားသမီးများ၊ မဘသ အစွန်းရောက်များနှင့် ငွေကြေးချို့တဲ့သည့် မိသားစုများမှ လူငယ်များ စစ်မှုထမ်းရန် ဆန္ဒပြုထားသဖြင့် မဲနှိုက်ရွေးချယ်မှု နည်းပါးသည်ဟု ဒေသခံများက ပြောသည်။

“မြို့ပေါ်လည်း ငွေကောက်တယ်။ တစ်အိမ် အနည်းဆုံးတစ်သောင်းပဲ။ ရွာဘက်တွေလည်း အကုန်ကောက်နေတာပဲ။ ဒါက ပထမ အသုတ်အတွက်ဆိုတော့ နောက်ထပ်တွေ ထပ်ထပ်လာအုံးမယ် ထင်တယ်။ လူတွေက စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်ဆိုတော့ စ်တ်ညစ်ကြတာပေါ့” ဟု အောင်ပန်းမြို့ခံ တစ်ဦးက ပြောသည်။

နွေရာသီ အပန်းဖြေမြို့ အဖြစ်ကျော်ကြားသော ကလောမြို့ခံများသည် အကြောက်တရား ကြီးမားပြီး ဒေသတွင်း စစ်တပ် အလိုကျနေထိုင်သည့် မြို့အဖြစ် နာမည်ကျော်ကြားသော်လည်း ကလောမြို့နယ် အတွင်း ပါဝင်သည့် အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့မှာမူ စစ်အာဏာရှင်ကို တော်လှန်ရာတွင် နာမည်ကျော်ကြားသည်။

လက်ရှိ နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သော်လည်း ကလောမြို့တွင် ခရီးသွားဧည့်သည် နည်းပါးနေဆဲဖြစ်ပြီး သင်္ကြန်ကာလ ခရီးသွားဧည့်သည် များပြားရန် မျှော်လင့်ကြောင်း မြို့ခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...