Tuesday, January 27, 2026

ကရင်နီပြည်

မိုးဗြဲမြို့ စစ်ရှောင်ရှိသည့်နေရာကို စစ်ကောင်စီမှ လက်နက်ကြီးပစ် အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၂ ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့တွင် စစ်ကောင်စီက စစ်ဘေးရှောင်ရှိသည့်နေရာကို လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင် အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခွဲဝန်းကျင်တွင်...

ပင်လောင်းမြို့နယ် စစ်ရှောင်များ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မရှိသဖြင့် သွားလာရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များသည် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင် မရှိသည့်အတွက် တခြားမြို့သို့ ခရီးသွားလာရန် ခက်ခဲနေကြောင်း စစ်ရှောင်များထံမှ သိရသည်။ ကရင်နီ (ကယားပြည်) တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တိုက်ပွဲကြောင့် ၂ နှစ်နီးပါး ပင်လောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ယခုအချိန်မှာ...

ဒီးမောဆို့မြို့နယ်အတွင်း စစ်ကောင်စီ တပ်စွဲထားသော နယ်မြေကို KRU က ပြန်လည်နေရာယူနိုင်ခဲ့

ကယားပြည် (ကရင်နီ) ဒီးမောဆို့မြို့ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များ ထိန်းချုပ်နယ်မြေကို ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ကယား (ကရင်)နီ တော်လှန်ရေးတပ်ပေါင်းစု KRU နှင့် KNDF, KA, KGZ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့...

ဖယ်ခုံ ၊ မိုးဗြဲ စစ်ရှောင်ကူညီနေသည့် ထောက်ပို့များ အကြွေးတင်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် ထောက်ပို့များ အကြွေးတင်နေသဖြင့် စစ်ရှောင်များကိုကူညီရန် ကြပ်တည်းလာကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ ၊ ကရင်နီပြည် ဒီမော့ဆို ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF တိုက်ပွဲဖြစ်ပွားရာမှ ပြည်သူများ ၁ နှစ်ကျော်...

ပုံးအင်းဒေသတွင်း PDF ၀င်လာမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်များကို တင်းကြပ်စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသအတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF များ၀င်ရောက်လာမည်ကို စိုးရိမ်သဖြင့် စစ်ဘေးရှောင်လာမည့်သူများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့မှ ချမှတ်ထားသည့် အချက် (၉) ချက်ကို စစ်ဆေးခံရမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။အဆိုပါ ကရင်နီပြည်နယ်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေပြီး...

စစ်ကောင်စီမှ ဖယ်ခုံမြို့ ဒေသခံအမျိုးသားများကို ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ကရင်နီ နယ်စပ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများသည် ဒေသခံအမျိုးသား ၁၅ ဦးခန့် ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် ဖယ်ခုံမြို့ ဟိန္ဓမရပ်ကွက်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် အိမ်ထဲရှိနေသည့် ပြည်သူအမျိုးသားများကို...

သျှမ်း-ကရင်နီ နယ်စပ်စစ်ရှောင်များ ရေခက်ခဲမှု စတင်ကြုံနေရ

သျှမ်းပြည်တောင်ပိုင်း နှင့် အင်းလေး တောင်ပိုင်း တောင်ပေါ်ဒေသရှိ ကရင်နီပြည်မှ စစ်ဘေးရှောင်များသည် ယခုကာလအတွင်း ရေအခက်အခဲ စတင်ကြုံနေရကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် နွေဦးရာသီရောက်လာပြီဖြစ်သဖြင့် တောင်ပေါ်ဒေသနှင့် တွင်းရေကန်ရေများ၊ ရေချောင်းရေအိုင်များ ခမ်းခြောက်လာမှုကြောင့် ရေအခက်အခဲများဖြစ်ပေါ်နေပြီး စစ်ရှောင်များအနေဖြင့် သောက်သုံးရေများကို ဝယ်ယူသုံးစွဲနေရကြောင်း သတင်းသိရသည်။ “အရင်တုန်းက နန်းမယ်ခုံဘက်မှာ ရှောင်နေတုန်းက ဒီအခက်ခဲမရှိဘူး၊...

ပင်လောင်းရောက် ကရင်နီပြည် စစ်ရှောင် ၂၀၀၀ ကျော် နေရပ်ပြန်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းသို့ ကရင်နီပြည်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများထဲမှ စစ်ရှောင် ၂၀၀၀ ကျော် နေရပ်ပြန်သွားပြီဖြစ်ကြောင်း သတင်းသိရသည်။ ယခုလ ဖေဖော်ဝါရီ ပထမပတ်ကစပြီး ကရင်နီပြည်အတွင်း တိုက်ပွဲငြိမ်သက်နေသည့် နေရာတွင် နေထိုင်သူ တချို့ နေရပ်ပြန်သွားခဲ့ကြောင်း သိရသည်။ “တိုက်ပွဲ ငြိမ်တဲ့ နေရာမှာ နေတဲ့သူတွေ ပြန်သွားကြတယ်။...

လွိုင်ကော်မြို့ တစ်ပတ်အတွင်း ကုန်စည်များမရနိုင်ပါက ရိက္ခာ ပြတ်တောက်နိုင်ချေရှိ

ကရင်နီပြည် လွိုင်ကော်မြို့တွင် တစ်ပတ်အတွင်း ကုန်စည်များမရနိုင်ပါက ရိက္ခာများ ပြတ်တောက်နိုင်ချေရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ လက်ရှိ လွိုင်ကော်မြို့အတွင်းတွင် ပြည်သူတစ်ထောင်ဝန်းကျင် ကျန်ရှိနေပြီး ကုန်စည်များလည်း ပြတ်တောက်နေ သည့်အတွက် မြို့တွင်း ကျန်ရှိနေသေးသည့် ကုန်စည်ရိက္ခာများကလည်း တစ်ပတ်အတွင်းလောက်သာ ဖူလုံမှု ရှိနိုင်ကြောင်း လွိုင်ကော်မြို့တွင်း ကျန်ရှိနေသည့် အသက် ၅၀...

ပင်လောင်း နောင်တရားရောက် စစ်ရှောင်ကလေးငယ်များကို အခြေခံပညာသင်ပေး

သျှမ်းတောင် ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ရောက်ရှိခိုလှုံနေသော ကရင်နီပြည်မှ စစ်ရှောင်လာသည့် ကလေးငယ်များအား အခြေခံပညာများကို သင်ကြားပေးနေကြောင်း သိရသည်။ နောင်တရားမြို့ စစ်ရှောင်စခန်း (၃)နေရာမှ အသက် (၁၅)နှစ်အောက် စစ်ဘေးရှောင်ကလေးငယ် ၃၀၀ ဝန်းကျင်အား အခြေခံပညာ သင်ကြားပေးတာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဓိကတော့ သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ကို...

Latest news