သေးငယ်တဲ့ ပြည်နယ်ပေမယ့် ပထမဆုံး ကြားကာလ အစိုးရ ဖွဲ့စည်းနိုင်တဲ့ ကရင်နီပြည်

စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလ အတွင်း လူငယ်တွေ နဲ့ အမျိုးသမီးတွေ ပါဝင်လာတဲ့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေး (IEC) ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း ဇွန် ၁၂ ရက်မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်လာခဲ့ပါတယ်။

ကရင်နီ ကြားကာလအုပ်ချုပ်ရေး ကောင်စီ

IEC ဟာ မြန်မာနိုင်ငံမှာ အသေးဆုံး ပြည်နယ်ဖြစ်တဲ့ ကရင်နီပြည်နယ်ကို အခြေပြုပြီး ဖွဲ့စည်းခဲ့သလို မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံး ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တဲ့ ပြည်နယ် ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ် ရဲ့ တော်လှန်ရေး လှုပ်ရှားမှုကို ပြန်ကြည့်မယ်ဆိုရင် စစ်ကောင်စီကို ဦးဆုံးတော်လှန်တဲ့ နယ်မြေဖြစ်သလို လက်ရှိ အချိန်ထိ စစ်ရေးအရှိန်မြင့်တဲ့ နယ်မြေတစ်ခုလို့လည်း ပြောနိုင်ပါတယ်။

ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို ကောင်စီ အဖွဲ့ဝင် တွေကတော့ ဥက္ကဌ ရာထူးကို လက်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဌလည်းဖြစ်တဲ့ ခူဦးရယ်က တာဝန်ယူထားပြီး ၊ ဒု – ဥက္ကဌကို ခွန်ဘီထူး ၊ အထွေထွေ အတွင်းရေးမှူး ခူပလူးရယ် ၊ အတွင်းရေးမှူး ၁ ဇူးပဒုမ္မာ၊ အတွင်းရေးမှူး ၂ ဗညားခွန်အောင် နှင့် ဘဏ္ဍာရေးမှူး မော်ပိုးမြာတို့ ဖြစ်ပါတယ်။

IEC ကြားကာလအုပ်ချုပ်ရေးကောင်စီသည် ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) ၏ နိုင်ငံရေးလမ်းညွှန်မှု နဲ့ ပြည်နယ် အစိုးရတစ်ရပ်အဖြစ် လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး (၁၂) ခု ထားရှိသွားမှာ ဖြစ်ပါတယ်။

ကရင်နီပြည်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဧပြီ ၉ ရက်နေ့ကစပြီး ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ကို စတင်ဖွဲ့စည်းခဲ့ကာ IEC ဟာ KSCC ၏ အောက်တွင်ရှိနေပြီး IEC ၏ လုပ်ရပ်အားလုံး ဖက်ဒရယ်စနစ် နဲ့ မကိုက်ညီပါက KSCC မှ ထိန်းညှိသွားမှာဖြစ်ကြောင်း IECရဲ့ အထွေထွေ အတွင်းရေးမှူး ဗညားခွန်အောင်က ပြောဆိုပါတယ်။

“ ပွင့်ပွင့် လင်းလင်းပြောရင်တော့ ကျနော်တို့ဟာ KSCC ရဲ့ အောက်မှာရှိနေတာပဲဖြစ်ပါတယ်။ IEC လုပ်ရပ်အားလုံးက တကယ်လို့ ဖယ်ဒရယ် မကိုက်ညီဘူးဆိုရင်တော့ KSCC က ကျနော်တို့ကို ပြန်ထိန်းကြောင်း မှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NUG နဲ့တော့ ပြည်ထောင်စုအစိုးရ နဲ့ ပြည်နယ်အစိုးရ ဆက်ဆံမှု ယန္တရားတော့ ရှိနေမှာဖြစ်ပါတယ်။ ဒါမဲ့ NUG ကနေ ဖွဲ့စည်းပေးလိုက်သော အစုဖွဲ့ လုံးဝ မဟုတ်တာတော့ မှန်တယ်။ ပြည်ထောင်စု အဆင့်မှာရှိတဲ့ NUG နဲ့ ကတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ ပြည်သူလူထု ဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပါတယ်” လို့ ဗညားခွန်အောင်က ပြောပါတယ်။

IEC ကို ဖွဲ့စည်းလိုက်ခြင်းဟာ ဖက်ဒရယ်စနစ်ကို သွားဖို့ ခြေလှမ်းအစကို ထပ်မံအတည်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ကရင်နီပြည်ကြားကာလ အစိုးရရဲ့ တပ်ဖွဲ့တွေ ၊ ရဲတွေ၊ ရေးရာဌာနတွေက ပိုမိုချိတ်ဆက်လာပြီး ပြည်သူလူထုကို ဝန်ဆောင်မှ ပိုပေးနိုင်မှာ ဖြစ်သလို ပိုပြီးကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် တော်လှန်ရေးကို ပိုပြီး အားရှိစေမှာ ဖြစ်တယ်လို့ IEC ရဲ့ ဒုဥက္ကဌ ခွန်ဘီထူးက ပြောဆိုလိုက်ပါတယ်။

KNDF တပ်ဖွဲ့

IEC ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ဖို့ အပြင် လူထုတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ နဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်ပါတယ်။

IEC က စုပေါင်းခေါင်းဆောင်မှု နဲ့ ကြားကာလ ပြည်နယ်အစိုးရ တရပ်ဖြင့် အုပ်ချုပ်ရေး အကောင်ထည်ဖော်ရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ကဏ္ဍများဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေးဖော်ဆောင်ရန် နှင့် ပြည်နယ်တွင်းရှိ အင်အားစု အသီးသီးကြား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။

လက်ရှိ တော်လှန်ရေး အခင်းအကျင်းအရ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်သွားမည်ဟု IEC ဥက္ကဌ ခူဦးရယ်က ဇွန်လ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“လူထု ဝန်ဆောင်မှုလုပ်ငန်းတွေကို ကိုယ်စွမ်း ၊ ဥာဏ်စွမ်းရှိသမျှ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ဆန္ဒပြု ပါတယ်။ အခြားသော ညီအကို ပြည်နယ်များအနေ နဲ့လည်း ကျနော်တို့ ကရင်နီပြည်နယ်ကဲ့သို့ အလုံးစုံ မပြည့်စုံသေးပေမဲ့ လက်ရှိ မိမိတို့ရဲ့ ပြည်နယ် အခင်းကျင်းတွေ အပေါ်မှာ အခြေခံပြီး အားကောင်းခိုင်မာတဲ့ အုပ်ချုပ်ရေး ယန္တရားအခင်းကျင်းတွေကို မိမိတို့ လူထုအတွက် ကြိုးစား ဖန်တီးရေး အားကောင်းခိုင်မာတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို စုပေါင်းခေါင်းဆောင်မှုနဲ့ ဆက်လက် အကောင်ထည်ဖော် တည်ဆောက်သွားပါစို့ လို့ ခွန်အားပေး တိုက်တွန်းလိုက်ပါတယ်” လို့ IEC ဥက္ကဌ ခူဦးရယ်က ပြောဆိုလိုက်ပါတယ်။

ကရင်နီ ကြားကာလအုပ်ချုပ်ရေး ကောင်စီ

တစ်ဖက်မှာလည်း ကရင်နီပြည်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ပိုတိုက်ခိုက်မှုရှိနေပါတယ်။ များသောအားဖြင့် သျှမ်း – ကရင်နီ နယ်စပ် မိုးဗြဲ ၊ လွိုင်ကော်တွေဘက်မှာ ပိုပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းတိုက်ခိုက်မှု ၊ ပြည်သူ နေအိမ် နှင့် စစ်ဘေးရှောင်စခန်းတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို ဦးတည်ပြီး တိုက်ခိုက်မှု တွေရှိနေပါတယ်။

“တိုက်ပွဲ အများစုကတော့ သျှမ်း – ကယားနယ်စပ် မိုးဗြဲတို့ လွိုင်ကော်တို့ဘက်မှာ ဖြစ်တာပေါ့။ အဲဒေသတွေမှာ တိုက်ပွဲတွေပိုပြီး ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စစ်ဘေးရှောင် စခန်းတွေကို ပိုပြီးတိုက်ခိုက်တယ်။ လက်နက်ကြီးတွေ နဲ့ ပစ်တာပေါ့” ဟု လွိုင်ကော်မြို့နယ်တွင်း စစ်ဘေးရှောင်ကို ကူညီပေးနေတဲ့သူက ပြောပါတယ်။

ထိုသို့ စစ်ရေးတွေ မြင့်တက်လာရခြင်းသည် IEC ဖွဲ့စည်းမှုပေါ် တိုက်ရိုက် သက်ဆိုင်မှုမရှိပဲ စစ်ကောင်စီ ပေါ်မူတည်နေတယ်လို့ ဗညားခွန်အောင်က ဆိုပါတယ်။

သို့သော် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို ဖျက်ဆီးရန်အတွက် စစ်ကောင်စီ နှင့် တိုက်ပွဲဝင်သွားမည် ဖြစ်ပါတယ်။

“ကရင်နီပြည်နယ် ဖြစ်ထွန်းလာကတည်းက လူထုတော်လှန်ရေးအစကနေ အခုချိန်ထိက သေနတ်မပေါက်တဲ့ရက်က တော်တော် နည်းပါတယ်။ IEC ဖွဲ့ခြင်းမဖွဲ့ခြင်းဟာ စစ်ရေးထက်စာရင် အုပ်ချုပ်ရေး ယန္တရားရယ်၊ စစ်ရေးအရ ပိုပြီးတော့ စုဖွဲ့နိုင်ဖို့ကို ပိုပြီးတော့ စဉ်းစားပါတယ်။ တိုက်ပွဲ မဖြစ်ရေး ဖြစ်ရေးကတော့ စစ်ကောင်စီနဲ့ပဲ အများကြီး သက်ဆိုင်ပါတယ်။ သို့ပေမဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ယန္တာရားကို တည်ထောင်ဖို့အတွက် ကျနော်တို့ကတော့ ဒီစစ်ကောင်စီကတော့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်” လို့ ဗညားခွန်အောင် က ပြောပါတယ်။

တော်လှန်ရေး အင်အားစုများကို ဆက်လက်စုစည်းကာ လူထုအား အကာအကွယ် ပေးနိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ရဲဌာန၊ အကျဉ်းထောင်တို့ကို စနစ်တကျ စီမံခန့်ခွဲ၍ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆက်လက် အကောင်အထည် ဖော်သွား မည် ဖြစ်ကြောင်း ကြေညာချက်ထဲ ပါရှိထားပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပ အင်အားစု နဲ့ ချိတ်ဆက်ပြီး ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက် ကြိုးပမ်းဆောက်ရွက်နေတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုး (NUG) တို့နဲ့လည်း လက်တွဲသွားမည်ဖြစ်ကြောင်း ပါရှိထားပါတယ်။

အလားတူ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း IEC ကြားကာလအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာခြင်း ကို ကြိုဆိုပြီး ၊ ရည်ရွယ်ချက် ၃ ခုကို အကောင်ထည်ဖော်ရာတွင် ဖယ်ဒရယ်ဒီမိုကရေစီ ပဋိဥာဏ်ကို အခြေပြုပြီး အကောင်ထည်ဖော်ဆောင်ရန် အလေးနက်တိုက်တွန်းကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ မိတ်ဆက်သည့် စကားဝိုင်း

“အနာဂတ် ဖက်ဒရယ်နိုင်ငံတော်အသစ်အတွက် ကရင်နီပြည်နယ်ဟာ အရေးကြီးသော ဗဟိုချက်တခုအနေနဲ့ ပါဝင် နေပါတယ်လို့ ပြောချင်ပါတယ်။ ကရင်နီပြည်ရဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီဟာ အခြားသော ပြည်နယ်တွေရဲ့ စံနမူနာ ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်လာမယ့် ကြားကာလ အုပ်ချုပ်ရေး ကောင်စီတွေနဲ့လည်း ပိုမို စုစည်းညီညွတ်စွာ ပေါင်းစည်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် IEC ဟာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတ က ပြောဆိုလိုက်ပါတယ်။

ကရင်နီပြည်ဒေသခံလူငယ်တွေကလည်း လက်ရှိ စတင်ဖွဲ့စည်းလာခဲ့တဲ့ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အပေါ်ကို ဝမ်းသာကြိုဆိုပြီး ပွင့်လင်းမြင်သာတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ မျှော်လင့်ကြောင်း အသက် ၂၄ ရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

“လက်ရှိ ကြားကာလကိုတော့ ပြည်နယ်ကို အုပ်ချုပ်တဲ့ ကောင်စီတစ်ခု ပေါ်လာတာတော့ ကောင်းတာပေါ့။ နယ်မြေတစ်ခုလုံးက ပရမ်းပတာ ဖြစ်နေရင် ဘယ်သူက ကိုယ့်ကိုယ်အုပ်ချုပ်မလဲဆိုတာ ဘယ်သူမှ မသိရတဲ့အခါ ဒီကာလမှာ ဒီလိုအုပ်ချုပ်တဲ့ အဖွဲ့တစ်ဖွဲ့ရှိလာတာကတော့ ကောင်းတာပေါ့။ ကျနော်အနေနဲ့တော့ ပိုပြီးပွင့်လင်း မြင်သာတဲ့ ဖွဲ့စည်းတစ်ခုတော့ ဖြစ်လာမယ်လို့တော့ မျှော်လင့်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

တစ်ဖက်မှာလည်း ဖွဲ့စည်းပြီး မကြာသေးတဲ့ အဖွဲ့စည်းတစ်ခုဖြစ်သည့်အတွက်ကြောင့် IEC အပေါ် အများကြီး မမျှော်လင့်ရဲသေးကြောင့် လွိုင်ကော်မြို့နယ်တွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသည့် လူငယ်တစ်ဦးက အခုလိုဆက်ပြောပါတယ်။

“ လက်ရှိ ကြားကာလမှာတော့ အများကြီးတော့ မျှော်လင့်လို့ မရသေးဘူး။ ဘာလို့လဲဆို သူတို့ ဖွဲ့စည်းထားနိုင်ရုံပဲ ရှိသေးတယ်။ တကယ်တမ်းလုပ်နိုင်စွမ်းဘယ်လောက်ရှိမလဲ ၊ ဘယ်လောက် လုပ်ဆောင်သွားနိုင်မလဲ ဆိုတာ ကျနော်တို့လည်း မသိရသေးဘူး။ အဲကြောင့်မလို့ အများကြီးလည်း မျှော်လင့်လို့ မရသေးဘူးလို့ ကျနော်တို့ မြင်ပါတယ်” လို့ စစ်ဘေးရှောင်ကို ကူညီပေးနေတဲ့သူက ဆိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...