Wednesday, January 28, 2026

ဒီးမောဆို့မြို့နယ်အတွင်း စစ်ကောင်စီ တပ်စွဲထားသော နယ်မြေကို KRU က ပြန်လည်နေရာယူနိုင်ခဲ့

ကယားပြည် (ကရင်နီ) ဒီးမောဆို့မြို့ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များ ထိန်းချုပ်နယ်မြေကို ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

KRU တပ်ဖွဲ့

ကယား (ကရင်)နီ တော်လှန်ရေးတပ်ပေါင်းစု KRU နှင့် KNDF, KA, KGZ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ ပူးပေါင်းကာ စစ်ကောင်စီ တပ်မ (၆၆) တပ်စွဲထားသော နယ်မြေကို ပြန်လည်နေရာယူနိုင်ခဲ့ကြောင်း KRU သတင်းပြန်ကြားရေးတာဝန်ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကုန်းသာရွာကို ကျနော်တို့ လုံးရင်းထွေး စစ်ဆင်ထိုးတဲ့အချိန်မှာ တပ်စခန်းက စွန့်ခွာထွက်ပြေးရတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်မှုမရှိဘူး။ သူတို့ တပ်စခန်းက စွန့်ပြေးတော့ သူတို့ဘက်ကလည်း ထိခိုက်မှု မရှိပါဘူး “ ဟု ၎င်းပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောသည်။

ထိုနယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ခြင်း မဟုတ်သေးဘဲ ပြန်လည်နေရာယူထားခြင်းဖြစ်ပြီး ဒေသခံများကို ပြန်လည်နေထိုင်ခွင့် မပေးသေးကြောင်း သိရသည်။

“အဓိကတော့ ကျနော်တို့ နယ်မြေကို ပြန်လည်ထိန်းချုပ်တာတော့ မဟုတ်ဘူး၊ စစ်တပ်စွဲထားတဲ့ နယ်မြေကို ကျနော်တို့ ပြန်လည်နေရာယူနိုင်ခဲ့တာ။ ယူပြီးရင် စနစ်တကျ နယ်မြေရှင်းလင်းမှုတွေလုပ်မယ်။ ဒီနယ်မြေ မှာစစ်ကောင်စီက အချိန်မရွေး ရောက်လာနိုင်တယ်။ ပြီးတော့ ဒေသခံ ပြည်သူတွေလည်း ထွက်ပြေးတာ ၇ လ လောက်ရှိပြီ။ ဒီနေ့ချိန်ထိတော့ ဒေသခံတွေက ပြန်လည်နေထိုင်ခွင့် မပေးသေးဘူး “ ဟု ၎င်းက ဆက်ပြောသည်။

ဒီးမော့ဆို့မြို့ ကုန်းသာကျေးရွာအတွင်း နယ်မြေများ ပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီ တပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ ကျည်ဆံ နှင့် အသုံးအဆောင်ပစ္စည်း များ သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...