Sunday, February 5, 2023

သီပေါမြို့

သီပေါ CDM မူလတန်း ကျောင်းအုပ် ဆရာမ တစ်ဦးကို စစ်ကောင်စီ တပ်သားများ ရိုက်နှက်ဖမ်းဆီးသွား

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှ CDM ပြုလုပ်ထားသည့် အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမကို စစ်ကောင်စီ တပ်သားတို့မှ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ဘော်ကြို ယမန်နေ့ (ဇန်နဝါရီလ ၂၉) ရက်တွင် ဘော်ကြိုသို့ ဈေးဝယ်လာစဥ် စစ်ကောင်စီတပ်သားတို့က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက...

CDM နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ဆက်တိုက် ဖမ်းဆီးနေ

သျှမ်းပြည် လားရှိုးခရိုင်၊ ကျောက်မဲ ခရိုင် နှင့် မူဆယ်ခရိုင်တို့မှ CDM ပြုလုပ်သည့် ဝန်ထမ်းများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ရက်ဆက်တိုက် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီ ၁၅) ရက်တွင် ကျောက်မဲခရိုင် သီပေါမြို့မှ CDM လုပ်သည့်...

သီပေါမြို့နယ် ဖယောင်းတိုင်မှ တစ်ဆင့် နေအိမ်မီးလောင်၊ အမျိုးသားတစ်ဦး သေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ တောင်ရပ်ကွက်ထဲတွင် ယနေ့ (ဇန်နဝါရီ ၁၆ ) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်မှုကြောင့် အိမ်တွင်းရှိနေသည့် အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သိရသည်။ “ ဖယောင်းတိုင်ကနေစပြီး လောင်တာတဲ့။ ဘုရားစင်ပေါ်မှာ မီးထွန်းထားပြီး...

သီပေါတွင် မီတာခကို တစ်လတည်း ၂ ကြိမ်ပေးဆောင်နေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် လျှပ်စစ်မီး စွမ်းအင်ဝန်ကြီးဌာနမှ ဒေသခံ ပြည်သူများကို တစ်လလျှင် ၂ ကြိမ် မီတာခ ဆောင်ခိုင်းနေသဖြင့် အခက်ခဲ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ သီပေါမြို့တွင်း တစ်လတည်း မီတာခ ၂ ကြိမ် ပေးဆောင်နေရပြီး လျှပ်စစ်မီး ၂၄ နာရီ ပုံမှန်...

သီပေါမြို့နယ် ကုန်းသာရွာအနီး စစ်သားများ ရှိနေဆဲ ရွာသားများ လယ်ဆင်းရန်ခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ တပ်သားများရှိနေသည့် အတွက် ရွာသားများက လယ်ဆင်းရန် ခက်ခဲနေကြောင်း သတင်းသိရသည်။ စစ်ကောင်စီ တပ်ဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွားရာ ကုန်းသာရွာတွင် ရွာသားများက ၄ ရက်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ပြီး...

စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ ကျပ်သိန်းရာဂဏန်းပေးပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်သည့် လောင်းကစားဝိုင်းများသည် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများထံ တစ်လ ကျပ်သိန်းပေါင်းများစွာပေးပြီး ဖွင့်လှစ်နေကြသည်ဟု စုံစမ်းသိရှိ ရသည်။ ကျောက်မဲမြို့မှ သီပေါမြို့ အဝင် ပြည်ထောင်စုလမ်းမ ပေါ်ရှိ စံဖိတ်ကျေးရွာအုပ်စု စံဖိတ်ရွာမ တွင်ဖွင့်လှစ် ထားသည့် လောင်းကစားဝိုင်း၊...

သီပေါမြို့နယ် ကုန်းသာကျေးရွာပြည်သူများကို စစ်ကောင်စီက ရိုက်နှက် ပိုက်ဆံတောင်း

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာနေ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ပြီး ငွေတောင်းခံယူမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၁၄ ရက် မနက်အစောပိုင်းတွင် ကုန်းသာကျေးရွာထဲသို့ ဆက်ကြေးလာကောက်သော လက်နက်ကိုင်အဖွဲ့ နာမည်ကို စစ်ကောင်စီက လာရောက်မေးမြန်းရာ ပြည်သူများက မဖြေချင်သောကြောင့် ဒူးထောက်ခိုင်းပြီး ရိုက်နှက် ခဲ့ကြောင်း...

သီပေါမြို့ အမျိုးသမီးတစ်ဦး KBZ pay ငွေလွှဲအချက်အလက် ပေါက်ကြားမှုဖြင့် ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက် ကိုငယ် မိုဘိုင်းဖုန်းဆိုင်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်ဖြင့် အိမ်တွင်းလာရောက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်ဖြင့် မြို့လယ်ရပ်ကွက်၊ မင်္ဂလာလမ်းရှိ ၎င်းအမျိုးသမီးတစ်ဦး၏ နေအိမ်ကို ရောက်ရှိလာပြီး မိုဘိုင်းဖုန်းရှိ KBZ pay အကောင့်ထဲတွင်...

သီပေါမြို့နယ် လောင်းကစားဝိုင်း မှာ ဓားခုတ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် လောင်းကစားဝိုင်းတစ်ခု၌ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်တွင် ရွာသစ်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ လောင်းကစားဝိုင်း တခုတွင် တုံစင့်ကျေးရွာသား တစ်ဦးက...

သီပေါမြို့အနီး TNLA တပ်သားသစ်စုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့အနီး တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ တပ်သားသစ် စုဆောင်း နေကြောင်း စုံစမ်းသိရှိရသည်။ ဩဂုတ် ၂၈ ရက်နေ့တွင် TNLA တပ်ဖွဲ့မှ သီပေါမြို့အနီး ရှိ ကျေးရွာများထဲကို တပ်သားသစ် လိုက်ကောက်ခဲ့ကြောင်း သိရသည်။ “သီပေါမြို့ထဲတော့ မရောက်လာဘူး။ မြို့အနီးနားရှိတဲ့ ရွာတွေမှာကောက်တာ။...

Latest news