သီပေါမြို့ပေါ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် သီပေါဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၅ နာရီအချိန်ခန့်မှစ၍ သီပေါမြို့တွင် လက်နက်ကြီးသံများ စတင်ကြားရပြီး စံဖိတ်ကွက်သစ် ရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ လုံခြုံရေးစိုးရိမ်ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သီပေါဒေသခံများက ပြောသည်။

Photo-Credit ( လက်နက်ကြီးထိမှန်ပြီး နေအိမ်ထိခိုက်ပျက်စီး)

“မနက်က လက်နက်ကြီး စံဖိတ်ကွက်သစ်ထဲကျလို့ တချို့တွေ ဘိုးတော်ကျောင်းကို စစ်ရှောင်လာကြတယ်။ စံဖိတ်တံတားနဲ့ နီးတဲ့ အိမ်တွေပေါ့။ နောက်ပြီး ပန်းတိမ်တောင်ရပ်ကွက်ရယ်၊ ရဲစခန်းနဲ့ ထောင်တွေနဲ့နီးတဲ့ အိမ်တွေ ရှောင်လာကြတယ်။ ဝမ်မိုင်၊ တုန်စင့်၊ လောင်ခွန်နဲ့ နားမုံရွာက လူတွေ စုစုပေါင်း ၃၀၀ နီးပါး ရှိမယ်”ဟု သီပေါမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ သီပေါမြို့ စံဖိတ်ကျောင်း နဲ့ ရွှေမောင်း သီလရှင်ကျောင်းတို့တွင်လည်း စစ်ဘေးရှောင်ဦးရေ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သီပေါမြို့ ဒေသခံများထံမှ သိရသည်။

Photo- Credit ( စစ်ဘေးတိမ်းရှောင်သည့်သူများ)

ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၁၀ နာရီခန့်ကလည်း သီပေါမြို့ စံဖိတ်ကွက်သစ် ရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

ထို့အပြင် သီပေါမြို့နယ် နားလွယ်ဘုန်းကြီးကျောင်းအနီး လယ်ကွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ စပါးရိတ်နေသူတစ်ဦး ဗုံးဆံထိမှန်ခဲ့ပြီး လောင်ခွန်ကျေးရွာအုပ်စုတွင်လဲ လူနေအိမ်ရှေ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သေးသည်။

“လက်နက်ကြီးသံကတော့ ဘယ်ဖက်ကမှန်းမသိဘူး။ အခုက အသံက တစ်ဖက်ထဲကပဲ ကြားနေရသေးတယ်။ တချို့တွေ ပြောတာကလဲ လက်နက်ကြီးဆိုရင် ကျောက်မဲတပ်ထဲကနေ ချိန်ပစ်လာတာလဲ ဖြစ်နိုင်တယ်ပေါ့။ သီပေါကနေ လားရှိုးအထွက် သီပေါတံတားမှာလဲ စစ်ကောင်စီတပ်က စခန်းချထားတာလဲ ရှိတယ်။ မနက်ကလဲ သီပေါမြို့ဝင် မုခ်ဦးနားမှာလဲ မကွဲသေးတဲ့ လက်နက်ကြီး ၁ လုံး ကျသေးတယ်”ဟု သီပေါမြို့မှ ၎င်း‌ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သီပေါမြို့တွင် စစ်ကောင်စီတပ် ခလရ-၂၃ ၊ ခမရ-၅၀၃/၅၀၄ တပ်ရင်းတို့ အခြေစိုက်ပြီး ပြင်ဦးလွင်မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းသည် ကျောက်မဲမြို့သို့ နိုဝင်ဘာ ၁၉ ရက် တွင်ရောက်ရှိလာပြီး ၎င်းတို့အထဲမှ စစ်ကား ၁၀ စီးခန့်သည် သီပေါမြို့သို့ ဆက်လက်ထွက်ခွာနေသည်ဟု ကျောက်မဲဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...