သတင်းတု

စစ်ကောင်စီလက်လွတ်ခဲ့ရတဲ့ လားရှိုးမြို့ (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းအမှားဖြန့်

စစ်ကောင်စီတပ်မှ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နယ်မြေရှိတပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ People Media တယ်လီဂရမ်ချယ်နယ်က ဇူလိုင် ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ လက်လွတ်လိုက်ရသော တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီဟု ဗီဒီယိုဖိုင်နဲ့ပြောဆိုထားပါတယ်။ ၁ မိနစ် ၁၈ စက္ကန့်ကြာ ဗီဒီယိုဖိုင်ထဲတွင် ကျော်စိုးဦးဆိုသူက “ဒီကနေ့ (ဇူလိုင် ၃၀ ရက်) မွန်းလွဲပိုင်းမှာ တိုက်စီး ၄ ပြန်လည်သိမ်းပိုက် ရရှိခဲ့တယ်။ ထပရ (၆၂၆) ၊ ပြီးတော့ ဆက်သွယ်ရေးတပ်၊ ပြီးရင် ခလရ ၆၈၊ ပြီးရင် ဝန်တင်တပ်ရင်းပေါ့။ အားလုံးတပ်ရင်း ၅ ရင်းကို ဒီကနေ့ကျနော်တို့ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါကျနော်တို့ ရပခနယ်မြေအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်မတော်အားလုံးက၊ ကျနော်တို့အားလုံးက ဘုရင့်နော်တွေဘဲ” လို့(မူရင်း) ပြောဆိုခဲ့တာပါ။ အဆိုပါ သတင်းအမှားကို ကြည့်ရှု့သူပေါင်း ၆၅,၀၀၀ ကျော်ရှိပြီး People Media တယ်လီဂရမ်ချယ်နယ်အပြင် အခြားစစ်တပ်လော်ဘီ တယ်လီဂရမ်ချယ်နယ်များကလည်း ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/42V6J သတင်း စစ်ဆေးခြင်း Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ချဲ့ကားပြောဆိုထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။ သျှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၈)၊ ရပ်ကွက် (၉) နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးတွင် ယမန့်နေ့ ဇူလိုင် ၃၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် မှန်ကန်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာနဲ့အခြားမီဒီယားတွေက ဖော်ပြထားတာမရှိသလို၊ ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတဲ့ တပ်စခန်းဓာတ်ပုံတွေလည်း မတွေ့ရသေးပါဘူး။ ၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့တွင် လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ထပ်မံ ရှင်းလင်းနိုင်ဟု MNDAA အသိပေး ဆိုတဲ့ People’s Spring သတင်းဌာက တင်ဆက်ထားတဲ့ သတင်းအပြည့် အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ လင့်ခ် - https://shorturl.at/Pr4II ၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့က ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၈၊ ၉ နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ဘက်မှာ ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံတချို့ ပိတ်မိကာ ဒဏ်ရာရသူနဲ့ ကောက်လို့ မရသေးတဲ့ အလောင်းတွေလည်း ကျန်ရှိနေသေးတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ် ဆိုပြီး Shwe Phee Myay News Agency က သတင်းတင်ဆက်ထားတဲ့သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ရွှေဖီမြေကဖော်ပြထားတဲ့သတင်းကို ဒီမှာကြည့်ပါ - https://shorturl.at/en9kn အလားတူ လားရှိုးမြို့ကို စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း ယမန်နေ့ ဇူလိုင် ၃၀ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က လားရှိုးမြို့နယ် မန်ပန်နဲ့ ဟိုကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများတယ်လို့ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားပါတယ်။ ဆက်စက်ဖတ်ရှု့ရန် - https://shorturl.at/B9FH0 စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တန့်ယန်းကနေ နမ့်ပေါင်ကို အင်အားဖြည့်ဖို့ သွားတဲ့ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်နဲ့ PDF က ဖြတ်တိုက်တာ။ ဝမ်ပန်ရွာနားမှာ မနက် ၃ နာရီလောက်ကတည်းက စောင့်ပြီး တိုက်တာ။ ဘယ်အချိန်ထိ ပစ်ကြလဲတော့ မသိဘူး။ ကား ၈ စီးနဲ့ အင်အား ၄၀၀ လောက်လာတာ၊ ဗမာစစ်သား ၅၀ ကျော် သေပြီး ၈၀ ကျော် ဒဏ်ရာရတယ်” လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။ သုံးသပ်ချက် အထက်ပါ အကြောင်းအရာအချက်အလက်များနှင့်တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ နယ်မြေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာ မှန်ကန်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားထဲ စစ်ကောင်စီလက်လွတ်လိုက်ရတဲ့ ရမခ စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်လော်ဘီများက ဖြန့်ချိမှု သတင်းပါ အကြောင်းအရာမှားယွင်းပြီး ချဲကားဝါဒဖြန့်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ ကို ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်လာတဲ့အချိန်တည်းမှာဘဲ စစ်တပ်လော်ဘီတယ်လီဂရမ်ချယ်တွေက ဓာတ်ပုံဟောင်းကိုအသုံးပြုပြီးအဆိုပါစစ်ဌာချုပ်မကျသေးဟု သတင်းအမှားဖြန့်ခဲ့ပါတယ်။ လင့်ခ် - https://burmese.shannews.org/archives/42985 သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့်သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ သတင်းအချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Web – https://myanmarfactcheckingnetwork.org/ Fb – https://www.facebook.com/myanmarfactcheckingnetwork #FactCheck #MFCN

လားရှိုးသို့ စစ်အင်အားဖြည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံမှုမဟုတ်ကြောင်း စစ်ကောင်စီပြောင်လိမ်

သျှမ်းပြည် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါ်ဘက်သို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းအပေါ် မဟုတ်မမှန်ကြောင်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တွေက ဝါဒဖြန့်ချိနေပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်က ဖြန့်ချိခဲ့ပြီး ယာဉ်တန်းပစ်ခတ်ခံရခြင်းမရှိဘဲ အိန္ဒိယနိုင်ငံက စစ်တပ်ကားတွေ၊ ပုံဟောင်းတွေပါလို့ ရေးသားဖော်ပြထားပါတယ်။ ၎င်းက “ဒီကားတွေက...

တိုက်ပွဲဆက်ဖြစ်နေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်းအေးချမ်းသွားပြီဟု သတင်းမှားဖြန့်နေ

တိုက်ပွဲဆက်ဖြစ်ပွားနေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်အေးချမ်းသွားပြီဖြစ်၍ နေရပ်ပြန်သွားသည့် ပြည်သူ ၁ ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း ဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် (တိုက်ပွဲသတင်းစုံ) အကောင့်မှ “တည်ငြိမ်အေးချမ်း ပြီဖြစ်တဲ့ ဆီဆိုင်မြို့သို့ နေရပ်ပြန် ပြည်သူ ၁,၀၀၀ ခန့်ရှိပြီလို့ သိရပါတယ်။ မိမိအိမ်ကို ပြန်လည်ဝင်ရောက် နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ PNLA/KNDF...

ပင်လောင်းမြို့နယ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများအား Danu PDF မှခိုးယူနေဟု ဓာတ်ပုံသတင်းမှားဖြန့်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ဖွဲ့မှကားများဖြင့် လာရောက်ခိုးယူနေကြောင်း သတင်းမှားဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပင်လောင်းဒေ ပအိုဝ်းကျေးရွာတွေမှာ KNDF ပူးပေါင်းအဖွဲ့က တိုက်ပွဲတွေ...

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီး ၁ ဦးကို PNLA၊ KNDF နှင့် PDF တို့က အဓမ္မပြုကျင့်သတင်းမှား

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးကို ပအိုဝ်းအမျိုးသား လွတ်မြောက်တပ်မတော် PNLA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းမှားဖြန့်ချိနေလျှက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် ကျော်စွာ (Kyaw Swar)...

ဆီဆိုင်မြို့ စစ်ဘေးရှောင်များကို အကြောင်းပြုပြီး ငွေလိမ်လည်မှုရှိနေ

တိုက်ပွဲကြောင့် ဆီဆိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပုံများအား အသုံးပြု၍ လူမှုကွန်ရက် စာမျက်နှာများပေါ်မှတစ်ဆင့် အလှူခံကာ ငွေလိမ်လည်နေလျက်ရှိသည်။ အများပြည်သူဒုက္ခရောက်နေချိန်တွင် အခွင့်ကောင်းယူပြီး အလှူခံကာ ငွေလိမ်လည်နေသဖြင့် သတိပြုရန် လိုအပ်သည်။ ယခုရက်ပိုင်းအတွင်း လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် Khain Zar Lwin ဆိုသည့်အကောင့်နာမည်ဖြင့် “ အလှူခံ Post လေးပါ။ စစ်စံထွန်း...

မိုးမိတ်မြို့ကို ဆိုင်ကယ်ဖြင့်ဝင်လို့ရ သတင်းအမှား

သျှမ်းပြည် မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ထဲသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်၍ရပြီဆိုသည့်  သတင်းအမှားဖြန့်ချိနေသည်။

သိန္နီမြို့နယ် စာသင်ကျောင်းများ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေး ယန္တရားစတင်လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး ညွှန်ကြားချက် ၆ ချက်ထုတ်ပြန်ပြီးနောက် စာသင်ကျောင်းများ၌ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား ဖြန့်ဝေနေသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် (မှိုင်းဝေ) အကောင်းတစ်ခုမှ “သိန္နီမှာ MNDAAက...

သီပေါမြို့နယ် ဘော်ကြိုဘုရားကျောင်းရှိ စစ်ရှောင်ကလေးများကို TNLA၊ PDF မှ စစ်မှုထမ်းခေါ် သတင်းမှားဖြန့်ဝေနေ

သျှမ်းပြည် သီပေါမြို့နယ် ဘော်ကြိုရွာရှိ ဘော်ကြိုဘုရားကျောင်းတွင် တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ရှောင်ကလေးများကို တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့မှ စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေကြောင်း ဆိုသည့် သတင်းအမှား ဖြန့်ဝေနေသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ် ချယ်နယ်ဖြစ်သည့်...

တိုက်ပွဲအတွင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော် ကျဆုံးဆိုတဲ့ သတင်းအမှား ဖြန့်ဝေနေ

သျှမ်းပြည် သီပေါမြို့အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲထဲတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် ကျဆုံးဆိုသော သတင်းမှား ဖြန့်ဝေနေသည်။ စစ်ကောင်စီ ဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်ဖြစ်သော Ko Thet ဆိုသည့် အကောင့်မှ “...

Latest news