Tuesday, January 27, 2026

သတင်းတု

စစ်ကောင်စီရဲ့ ကြေညာချက်တွေကို ဂရုမစိုက်တာကြောင့် ရေဘေးခံစားရလို့ လိမ်လည်ဝါဒဖြန့်

မြန်မာနိုင်ငံတဝှမ်း ရေဘေးခံစားကြရတဲ့ နေရာတွေမှာ တော်လှန်ရေးထောက်ခံသူတွေ နေထိုင်ကြတဲ့ အရပ်ဒေသအများစုဖြစ်ပြီး သာသနာ၊ ဘာသာကို စော်ကားကြတာ၊ စစ်ကောင်စီရဲ့ ကြေငြာချက်တွေကို ဂရုမစိုက်တာတွေကြောင့် အခုလိုရေးဘေးခံစားနေတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် မှိုင်းဝေချန်နယ်ကနေ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ဂျင်းသတင်းတွေ တင်နေတဲ့ Khit Thit...

နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေသေဆုံးဆိုတဲ့ သတင်းအမှား

သျှမ်းပြည် နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင် ကလေးငယ်အပါအဝင် ၁၁ ယောက်သေဆုံးတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် MMC (News) ချန်နယ်ကနေ (သြဂုတ် ၆ ရက်နေ့)မှာအချိန်ကိုက် ဖြန့်ချိခဲ့တာဖြစ်ပြီး “နမ့်ခမ်းက အကြမ်းဖက်...

နောင်ချိုမှာ TNLA နဲ့ PDF ပူးပေါင်းတပ်များ အလံဖြူထောင်ပြီး ဆုတ်ခွာခဲ့ရတယ်ဆိုတဲ့ သတင်းအမှား

20 August 2024 By (SHAN News+Kantarawaddy Times) ရှမ်းပြည် နောင်ချိုမြို့နယ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အလံဖြူထောင်ပြီး ဆုတ်ခွာဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်တောင်းခဲ့တယ်ဆိုပြီး ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် KO CHIT (MDY) ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး...

သျှမ်းမြောက်စစ်ပွဲ တရုတ်ဆန့်ကျင်တယ်ဆိုသည့်စစ်ကောင်စီဝါဒဖြန့်မှု ကွဲလွဲချက်

သျှမ်းမြောက်ဒေသကို တိုင်းရင်းသားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ကြောင်း တရုတ်အစိုးရ အခိုင်အမာပြောဆိုလိုက်သည်ဟု စစ်ကောင်စီ သတင်းမီဒီယာများနှင့် ဝါဒဖြန့်ချယ်နယ်များက ဖြန့်ချိနေသည်။ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာဌာနတစ်ခုဖြစ်သည့် MRTV သတင်းဌာနမှ “သျှမ်းပြည်နယ် မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ပြောကြားခဲ့ပါတယ်” ဟု...

မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “MNDAA အတွက်မူဆယ်ကို တိုက်ဖို့လာသော BPLA PDF အကောင် (၁၀၀) အရှင်ဖမ်းဆီးရမိ၊ ဆောင်းခရဲ့...

စစ်ကောင်စီတပ်က လားရှိုးမြို့ကို အလုံးစုံပြန်ထိန်းချုပ်နိုင်၊ ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကိုအရှင်ဖမ်းမိ သတင်းအတု

သျှမ်းပြည် လားရှိုးမြို့ကို စစ်ကောင်စီတပ်မှ အလုံးစုံပြန်ထိန်းချုပ် ထားနိုင်ခဲ့ပြီး ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကို အရှင်ဖမ်းမိထားဆိုတဲ့သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Snow Queen ချယ်နယ်ကနေ သြဂုတ် ၆ ရက် မွန်းတည့်အချိန်က ဖြန့်ချိခဲ့ပြီး လက်လွတ်လိုက်ရတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က အလုံးစုံပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့...

နိုင်ငံခြားရုပ်အလောင်းပုံတွေသုံးပြီး MNDAA နဲ့ TNLA တပ်ဖွဲ့ဝင် အလောင်းတွေ ကောက်လို့မပြီးသေးဟု သတင်းအတုဖြန့်

ဂါဇာကမ်းမြောင်က အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ လူရုပ်အလောင်းဓာတ်ပုံကိုအသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေလို့ မပြီးသေးဟု ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က ဖြန့်ချိခဲ့ပြီး “ကိုးကန့်နဲ့ ပလောင် (တအာင်း) အလောင်းတွေကိုကောက်လို့မပြီးသေးဘူး။ AA နဲ့ ချင်းတွေက “မင်းတပ်” မှာ အလောင်းတွေ လာထားဖို့ပြင် နေပြီဆိုဘဲ။ “မတူပီ” ကိုလာတိုက်တုန်းက မင်းတို့အလောင်းတွေ ဘယ်လောက်ချန်ထားခဲ့ရတယ်ဆိုတာ မင်းတို့အသိဆုံးဖြစ်လိမ့်မယ်” လို့ (မူရင်း)​ရေးသားဖော်ပြထားပါတယ်။ အဆိုပါ သတင်းအတုကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ကျော်ရှိပြီး တခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာလည်း ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/Nsxkg Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ဓာတ်ပုံကို ဖြတ်ညှပ်ကတ်လုပ်ပြီး လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတု ဖြစ်နေတာကိုတွေ့ရပါတယ်။ သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ စာလာအိတ်အပြာနဲ့ထုပ်ထားတဲ့ ရုပ်အလောင်းဓာတ်ပုံကို RevEye Reverse Image Search နဲ့ စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသွား သော ပါလက်စတိုင်းသားတွေရဲ့ ရုပ်အလောင်း ရုပ်ပုံတွေသာ ဖြစ်ပါတယ်။ ၂၀၂၄ ဧပြီ ၆ ရက်နေ့က VOA သတင်းဌာနကနေ အင်္ဂလိပ်စာဘာသာနဲ့ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ သတင်းလင့်ခ် - https://rb.gy/tr2m5t ဒေသတွင်း သတင်းဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ သျှမ်းပြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီးအသေအပျောက်များနေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ဩဂုတ် ၁ ရက်နေ့က The Irrwaddy-Burmese Edition သတင်းဌာန ဖော်ပြချက်အရ "လားရှိုးမြို့ထဲမှာ ရုပ်အလောင်းတွေမကောက်နိုင်ဘဲ ဖြစ်နေ (ရုပ်/သံ)” သတင်းအပြည့်အစုံကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ လင့်ခ် - https://rb.gy/hg0do3 ၂၀၂၄ ဇူလိုင် ၃၁ ရက်နေ့က သျှမ်းသံတော်ဆင့်ကနေ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာလည်း လားရှိုးသို့ စစ်အင်အားဖြည့်လာတဲ့စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မူရင်းလင့်ခ် - https://shorturl.at/kJN1U သုံးသပ်ချက် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က မတူညီတဲ့နေရာက ဓာတ်ပုံတွေပို ပြုပြင် အသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေကောက်လို့ မပြီးသေးဘူးဆိုပြီး ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း မှိုင်းဝေတယ်လီဂရမ်ချယ်နယ်က ခလရ ၆၈ တပ်က သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ဗီဒီယိုကို MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတယ်ဆိုပြီး သတင်းအမှားတစ်ပုဒ်ကို Delta News Agency က စီစစ်ခဲ့ပါတယ်။ လင့်ခ့် - https://shorturl.at/7R8UY သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ်(သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Web...

စစ်ကောင်စီလက်လွတ်ခဲ့ရတဲ့ လားရှိုးမြို့ (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းအမှားဖြန့်

စစ်ကောင်စီတပ်မှ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နယ်မြေရှိတပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ People Media တယ်လီဂရမ်ချယ်နယ်က ဇူလိုင် ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ လက်လွတ်လိုက်ရသော တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီဟု ဗီဒီယိုဖိုင်နဲ့ပြောဆိုထားပါတယ်။ ၁ မိနစ် ၁၈ စက္ကန့်ကြာ ဗီဒီယိုဖိုင်ထဲတွင် ကျော်စိုးဦးဆိုသူက “ဒီကနေ့ (ဇူလိုင် ၃၀ ရက်) မွန်းလွဲပိုင်းမှာ တိုက်စီး ၄ ပြန်လည်သိမ်းပိုက် ရရှိခဲ့တယ်။ ထပရ (၆၂၆) ၊ ပြီးတော့ ဆက်သွယ်ရေးတပ်၊ ပြီးရင် ခလရ ၆၈၊ ပြီးရင် ဝန်တင်တပ်ရင်းပေါ့။ အားလုံးတပ်ရင်း ၅ ရင်းကို ဒီကနေ့ကျနော်တို့ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါကျနော်တို့ ရပခနယ်မြေအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်မတော်အားလုံးက၊ ကျနော်တို့အားလုံးက ဘုရင့်နော်တွေဘဲ” လို့(မူရင်း) ပြောဆိုခဲ့တာပါ။ အဆိုပါ သတင်းအမှားကို ကြည့်ရှု့သူပေါင်း ၆၅,၀၀၀ ကျော်ရှိပြီး People Media တယ်လီဂရမ်ချယ်နယ်အပြင် အခြားစစ်တပ်လော်ဘီ တယ်လီဂရမ်ချယ်နယ်များကလည်း ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/42V6J သတင်း စစ်ဆေးခြင်း Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ချဲ့ကားပြောဆိုထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။ သျှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၈)၊ ရပ်ကွက် (၉) နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးတွင် ယမန့်နေ့ ဇူလိုင် ၃၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် မှန်ကန်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာနဲ့အခြားမီဒီယားတွေက ဖော်ပြထားတာမရှိသလို၊ ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတဲ့ တပ်စခန်းဓာတ်ပုံတွေလည်း မတွေ့ရသေးပါဘူး။ ၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့တွင် လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ထပ်မံ ရှင်းလင်းနိုင်ဟု MNDAA အသိပေး ဆိုတဲ့ People’s Spring သတင်းဌာက တင်ဆက်ထားတဲ့ သတင်းအပြည့် အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ လင့်ခ် - https://shorturl.at/Pr4II ၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့က ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၈၊ ၉ နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ဘက်မှာ ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံတချို့ ပိတ်မိကာ ဒဏ်ရာရသူနဲ့ ကောက်လို့ မရသေးတဲ့ အလောင်းတွေလည်း ကျန်ရှိနေသေးတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ် ဆိုပြီး Shwe Phee Myay News Agency က သတင်းတင်ဆက်ထားတဲ့သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ရွှေဖီမြေကဖော်ပြထားတဲ့သတင်းကို ဒီမှာကြည့်ပါ - https://shorturl.at/en9kn အလားတူ လားရှိုးမြို့ကို စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း ယမန်နေ့ ဇူလိုင် ၃၀ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က လားရှိုးမြို့နယ် မန်ပန်နဲ့ ဟိုကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများတယ်လို့ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားပါတယ်။ ဆက်စက်ဖတ်ရှု့ရန် - https://shorturl.at/B9FH0 စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တန့်ယန်းကနေ နမ့်ပေါင်ကို အင်အားဖြည့်ဖို့ သွားတဲ့ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်နဲ့ PDF က ဖြတ်တိုက်တာ။ ဝမ်ပန်ရွာနားမှာ မနက် ၃ နာရီလောက်ကတည်းက စောင့်ပြီး တိုက်တာ။ ဘယ်အချိန်ထိ ပစ်ကြလဲတော့ မသိဘူး။ ကား ၈ စီးနဲ့ အင်အား ၄၀၀ လောက်လာတာ၊ ဗမာစစ်သား ၅၀ ကျော် သေပြီး ၈၀ ကျော် ဒဏ်ရာရတယ်” လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။ သုံးသပ်ချက် အထက်ပါ အကြောင်းအရာအချက်အလက်များနှင့်တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ နယ်မြေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာ မှန်ကန်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားထဲ စစ်ကောင်စီလက်လွတ်လိုက်ရတဲ့ ရမခ စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်လော်ဘီများက ဖြန့်ချိမှု သတင်းပါ အကြောင်းအရာမှားယွင်းပြီး ချဲကားဝါဒဖြန့်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ ကို ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်လာတဲ့အချိန်တည်းမှာဘဲ စစ်တပ်လော်ဘီတယ်လီဂရမ်ချယ်တွေက ဓာတ်ပုံဟောင်းကိုအသုံးပြုပြီးအဆိုပါစစ်ဌာချုပ်မကျသေးဟု သတင်းအမှားဖြန့်ခဲ့ပါတယ်။ လင့်ခ် - https://burmese.shannews.org/archives/42985 သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့်သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ သတင်းအချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Web – https://myanmarfactcheckingnetwork.org/ Fb – https://www.facebook.com/myanmarfactcheckingnetwork #FactCheck #MFCN

လားရှိုးသို့ စစ်အင်အားဖြည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံမှုမဟုတ်ကြောင်း စစ်ကောင်စီပြောင်လိမ်

သျှမ်းပြည် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါ်ဘက်သို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းအပေါ် မဟုတ်မမှန်ကြောင်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တွေက ဝါဒဖြန့်ချိနေပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်က ဖြန့်ချိခဲ့ပြီး ယာဉ်တန်းပစ်ခတ်ခံရခြင်းမရှိဘဲ အိန္ဒိယနိုင်ငံက စစ်တပ်ကားတွေ၊ ပုံဟောင်းတွေပါလို့ ရေးသားဖော်ပြထားပါတယ်။ ၎င်းက “ဒီကားတွေက...

တိုက်ပွဲဆက်ဖြစ်နေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်းအေးချမ်းသွားပြီဟု သတင်းမှားဖြန့်နေ

တိုက်ပွဲဆက်ဖြစ်ပွားနေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်အေးချမ်းသွားပြီဖြစ်၍ နေရပ်ပြန်သွားသည့် ပြည်သူ ၁ ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း ဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် (တိုက်ပွဲသတင်းစုံ) အကောင့်မှ “တည်ငြိမ်အေးချမ်း ပြီဖြစ်တဲ့ ဆီဆိုင်မြို့သို့ နေရပ်ပြန် ပြည်သူ ၁,၀၀၀ ခန့်ရှိပြီလို့ သိရပါတယ်။ မိမိအိမ်ကို ပြန်လည်ဝင်ရောက် နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ PNLA/KNDF...

Latest news