Tuesday, January 27, 2026

သီပေါမြို့နယ် ဘော်ကြိုဘုရားကျောင်းရှိ စစ်ရှောင်ကလေးများကို TNLA၊ PDF မှ စစ်မှုထမ်းခေါ် သတင်းမှားဖြန့်ဝေနေ

သျှမ်းပြည် သီပေါမြို့နယ် ဘော်ကြိုရွာရှိ ဘော်ကြိုဘုရားကျောင်းတွင် တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ရှောင်ကလေးများကို တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့မှ စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေကြောင်း ဆိုသည့် သတင်းအမှား ဖြန့်ဝေနေသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ် ချယ်နယ်ဖြစ်သည့် Lashio thar ဆိုသည့်အကောင့်တစ်ခုမှ “ သောင်းကျန်းသူပုန် “ TNLA၊ PDF “ တို့မှ ရှမ်းတိုင်းရင်းသား အသက် (၁၀) နှစ်အထက် စစ်ဘေးရှောင် ကလေးသူငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေကြောင်း “ ဟုဆိုကာ ပြည်သူလူထုကို လှည့်ဖြားမှားယွင်းစွာ တင်ဆက်ချက်ဖြင့် ချဲ့ကားရေးသား ဖြန့်ဝေနေသည်။

Archive Link – https://archive.ph/NK9po

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသည့် အဖွဲ့အနေဖြင့် စစ်ရှောင်ကလေးများကို တအာင်းတပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေသော သတင်းကို စီစစ်ဆေးမှု ပြလုပ်ခဲ့သည်။ ယင်းမှာ မှားယွင်းနေကြောင်းတွေ့ရသည်။

သျှမ်းမြောက်ဒေသတွင် “ ၁၀၂၇ စစ်ဆင်ရေး “ စတင်လာပြီးနောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုရွာရှိ ဘုန်းကြီးကျောင်းဝိုင်းမှာ TNLA တပ်သားများ လာရောက်ကင်းလှည့်လည် ဆောင်ရွက်နေခြင်းမှာ ယခု (နိုဝင်ဘာလ) ထဲတွင် နှစ်ပတ်ကျော် ကြာမြင့်ပြီ ဖြစ်ကြောင်း ဒေသခံများပြောချက်အရသိရသည်။

သို့သော် ဘုန်းကြီးကျောင်းရှိ အသက် (၁၀) နှစ်အထက် စစ်ရှောင်ကလေးငယ်များအပြင် ဒေသခံများကို စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေခြင်း မရှိကြောင်း ဘော်ကြိုဘုရားကျောင်းရှိ သီပေါမြို့စစ်ရှောင်တစ်ဦးက ပြောသည်။

“ ဘော်ကြိုကျောင်းဝိုင်းအနားမှာတော့ TNLA တပ်သားတွေရှိနေတာ ၂၀ ရက်ကျော်၊ လဝက်လောက်ရှိနေပြီ။ သူတို့ လုံခြုံရေးအရ၊ လမ်းအတိုင်း စစ်တပ်အင်အားဖြည့်လာမှာကို စိုးရိမ်လို့ထင်တယ်။ နေရာခွဲပြီး လေး၊ ငါး ယောက်လောက်စောင့်နေတာတွေ့တယ်။ ဆေးလာကုတယ်ဆိုတာလည်းမရှိဘူး။ စစ်မှုထမ်းတာခိုင်းတာလည်း မရှိဘူး “ ဟု ၎င်းက ယခုလိုပြောဆိုထားသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သီပေါမြို့နယ် ဘော်ကြိုဘုရားကျောင်းရှိ စစ်ရှောင်ကူညီသူထံ ဆက်သွယ်မေးမြန်ရာမှာ မဟုတ်မှန်ကြောင်းလည်း ပြောသည်။ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေသည့် မီဒီယာများမှာလည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး ရေးသားဖော်ပြထားခြင်း မရှိပေ။

ထို့ကြောင့် စစ်ရှောင်ကလေးများကို TNLA နှင့် PDF မှ စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေခြင်းဆိုသည့် သတင်းမှာ အမှားဖြစ်ပြီး၊ ပြည်သူလူထုကို လှည့်ဖြားမှားယွင်းတင်ဆက်ချက်ဖြင့် ချဲ့ကားရေးသား ဖြန့်ချိနေသည့် သတင်းမှား ဖြစ်သည်။
သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်များကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

ထို့အပြင် စာဖတ်ပရိတ်သတ်များအနေဖြင့် (သတင်းအမှား) ဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့်ရဲ့ Chat Box မှ တစ်ဆင့် သတင်း၏ လင့်ခ် ( သို့ ) Screen Short ပေးပို့လာခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်

0
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဖြန့်ဝေထားတဲ့ လင့်ခ် - https://archive.is/wip/A3wln အချက်အလက်စိစစ်ချက် AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ Khit...