သီပေါမြို့နယ် ဘော်ကြိုဘုရားကျောင်းရှိ စစ်ရှောင်ကလေးများကို TNLA၊ PDF မှ စစ်မှုထမ်းခေါ် သတင်းမှားဖြန့်ဝေနေ

သျှမ်းပြည် သီပေါမြို့နယ် ဘော်ကြိုရွာရှိ ဘော်ကြိုဘုရားကျောင်းတွင် တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ရှောင်ကလေးများကို တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့မှ စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေကြောင်း ဆိုသည့် သတင်းအမှား ဖြန့်ဝေနေသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ် ချယ်နယ်ဖြစ်သည့် Lashio thar ဆိုသည့်အကောင့်တစ်ခုမှ “ သောင်းကျန်းသူပုန် “ TNLA၊ PDF “ တို့မှ ရှမ်းတိုင်းရင်းသား အသက် (၁၀) နှစ်အထက် စစ်ဘေးရှောင် ကလေးသူငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေကြောင်း “ ဟုဆိုကာ ပြည်သူလူထုကို လှည့်ဖြားမှားယွင်းစွာ တင်ဆက်ချက်ဖြင့် ချဲ့ကားရေးသား ဖြန့်ဝေနေသည်။

Archive Link – https://archive.ph/NK9po

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသည့် အဖွဲ့အနေဖြင့် စစ်ရှောင်ကလေးများကို တအာင်းတပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေသော သတင်းကို စီစစ်ဆေးမှု ပြလုပ်ခဲ့သည်။ ယင်းမှာ မှားယွင်းနေကြောင်းတွေ့ရသည်။

သျှမ်းမြောက်ဒေသတွင် “ ၁၀၂၇ စစ်ဆင်ရေး “ စတင်လာပြီးနောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုရွာရှိ ဘုန်းကြီးကျောင်းဝိုင်းမှာ TNLA တပ်သားများ လာရောက်ကင်းလှည့်လည် ဆောင်ရွက်နေခြင်းမှာ ယခု (နိုဝင်ဘာလ) ထဲတွင် နှစ်ပတ်ကျော် ကြာမြင့်ပြီ ဖြစ်ကြောင်း ဒေသခံများပြောချက်အရသိရသည်။

သို့သော် ဘုန်းကြီးကျောင်းရှိ အသက် (၁၀) နှစ်အထက် စစ်ရှောင်ကလေးငယ်များအပြင် ဒေသခံများကို စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေခြင်း မရှိကြောင်း ဘော်ကြိုဘုရားကျောင်းရှိ သီပေါမြို့စစ်ရှောင်တစ်ဦးက ပြောသည်။

“ ဘော်ကြိုကျောင်းဝိုင်းအနားမှာတော့ TNLA တပ်သားတွေရှိနေတာ ၂၀ ရက်ကျော်၊ လဝက်လောက်ရှိနေပြီ။ သူတို့ လုံခြုံရေးအရ၊ လမ်းအတိုင်း စစ်တပ်အင်အားဖြည့်လာမှာကို စိုးရိမ်လို့ထင်တယ်။ နေရာခွဲပြီး လေး၊ ငါး ယောက်လောက်စောင့်နေတာတွေ့တယ်။ ဆေးလာကုတယ်ဆိုတာလည်းမရှိဘူး။ စစ်မှုထမ်းတာခိုင်းတာလည်း မရှိဘူး “ ဟု ၎င်းက ယခုလိုပြောဆိုထားသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သီပေါမြို့နယ် ဘော်ကြိုဘုရားကျောင်းရှိ စစ်ရှောင်ကူညီသူထံ ဆက်သွယ်မေးမြန်ရာမှာ မဟုတ်မှန်ကြောင်းလည်း ပြောသည်။ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေသည့် မီဒီယာများမှာလည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး ရေးသားဖော်ပြထားခြင်း မရှိပေ။

ထို့ကြောင့် စစ်ရှောင်ကလေးများကို TNLA နှင့် PDF မှ စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေခြင်းဆိုသည့် သတင်းမှာ အမှားဖြစ်ပြီး၊ ပြည်သူလူထုကို လှည့်ဖြားမှားယွင်းတင်ဆက်ချက်ဖြင့် ချဲ့ကားရေးသား ဖြန့်ချိနေသည့် သတင်းမှား ဖြစ်သည်။
သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်များကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

ထို့အပြင် စာဖတ်ပရိတ်သတ်များအနေဖြင့် (သတင်းအမှား) ဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့်ရဲ့ Chat Box မှ တစ်ဆင့် သတင်း၏ လင့်ခ် ( သို့ ) Screen Short ပေးပို့လာခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...