Thursday, April 25, 2024

လုယက်မှု

မူဆယ်မြို့ ပစ်ခတ်မှုဖြစ် ထိခိုက်ဒဏ်ရာ ရသူရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့  စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ (မေ ၁၇) ရက် ည ၁၁ နာရီ၀န်းကျင်၌ အမည်မသိ လက်ကိုင်တစ်စုက လက်နက်အပြည့်အစုံဖြင့် ရပ်ကွက်ထဲ၀င်လာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ယမန်နေ့  (မေလ ၁၇) ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ဝတ်စုံနှင့်...

တန့်ယန်းမြို့ လုယက်မှုဖြစ် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် လုယက်ဓားပြတိုက်ယူမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်မှု မြှင့်တက်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် သူငယ်ချင်းဖြစ်သူ၏ မင်္ဂလာဆောင်မှ ပြန်လာသည့် အမျိုးသား လူငယ်တစ်ဦးသည် တန့်ယန်းမြို့ အမှတ် ၅ ရပ်ကွက်ရှိ ရွှေမောင်းကျောင်း အပေါ်ဘက်လမ်းအနီးတွင်...

မူဆယ်မြို့တွင်း လုယက်မှုမှ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လုယက်မှု မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်မှုမရှိသည့် ပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်မှ ပင်လုံလမ်းသွယ် ၂ တွင် ဈေးမှ ဆိုင်ကယ်စီးပြီး...

ကျောက်မဲမှာ လက်နက်ကိုင်လူတစ်စု နေအိမ်ထဲ ဝင်ရောက်မွှေနောက် ငွေ ယူသွား 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဧပြီ ၄ ရက် မနက်အစောပိုင်းက လက်နက်ကိုင်ထားသည့် လူတစ်စုမှ နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ပြီး ငွေများ ယူဆောင်သွားခဲ့ကြောင်း သတင်းသိရသည်။  ဧပြီ ၄ ရက် မနက် ၃ နာရီဝန်းကျင် ကျောက်မဲမြို့ ရပ်ကွက် ၈ အင်ကြင်းတောင်ရှိ နေအိမ်...

ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းတစ်ကြော လူတစ်စု လုယက်ဓားပြ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းတံတားလမ်းအနီးမှ အထက်ရဲရွာ လမ်းပိုင်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများနှင့် ကားသမားများ လုယက်တိုက်ခိုက်ခံရမှု ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကျောက်မဲမြို့နယ် နောင့်ပြစ်ကျေးရွာအနီး ဖြတ်သန်းသွားလာသည့် ကားသမားများ လုယက်တိုက်ခိုက်ခံရကြောင်း အဆိုပါ အနီးရှိ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ကို လက်နက်ကိုင်လူတစ်စုလို့ပြောဖို့လည်းခက်တယ်၊ ဘာဖြစ်လဲဆိုရင် သူတို့ကလက်နက်ဆိုလို့...

တာချီလိတ်မြို့တွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင် (ခ)ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၁၇) မနက် ၄ နာရီခွဲတွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဆန်ဆိုင်(ခ)ရပ်ကွက် ရီဂျီးနားဟိုတယ်အောက် ဝမ်မိုင်ရွာဝင် ကုန်းဆင်းနားတွင် လူအုပ်စု တစ်ဖွဲ့က ဓားရှည်ဖြင့် ဆိုင်ကယ်စီးလာသူကို ခုတ်ပြီး ဆိုင်ကယ်လုယူသွားကြောင်း...

နမ္မတူတွင် ဓားပြ ပစ္စည်းလုယက်မှု ဖြစ်ပွား

သျှမ်းမြောက် နမ္မတူမြို့တွင် ဓားထောက် ဓားပြတိုက်မှု၊ ပစ္စည်းလုယက်မှု (၂)ရက်ဆက်တိုက် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ (၅)ရက်နေ့ နမ္မတူ − လားရှိုးလမ်း နမ္မတူမြို့အထွက် (၆)မိုင်တွင် အမျိုးသမီး နှင့် ကလေးငယ်စီးလာသည့်ဆိုင်ကယ်အား လူတစ်စုမှ ဓားထောက်ကာ ဆိုင်ကယ် ယူဆောင်သွားခဲ့ပြီး၊ ယမန်နေ့...

လားရှိုးတွင် သူခိုး၊ အကြမ်းဖက်လုယက်မှု ပိုများလာ

သျှမ်းမြောက် လားရှိုးမြို့နယ်တွင် အုပ်စုဖွဲ့ အကြမ်းဖက်လုယက်မှုများ၊ ပစ္စည်းခိုးယူခံရမှု ပိုများလာကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ လားရှိုးတွင် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာများထံမှ တန်ဖိုးရှိပစ္စည်းများလုယူခြင်း၊ ဆိုင်ကယ်နှင့် ဖုန်းများအား လုယူခြင်း၊ နေအိမ်အတွင်း ဝင်ရောက်ခိုးယူမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများအတွက် လုံခြုံမှုအားနည်းနေကြောင်း သိရသည်။ “တစ်ယောက်ထဲဆိုရင် အပြင်ကို မထွက်ရဲတော့ဘူး၊ မိန်းကလေးဆိုတော့...

ကျောက်မဲ ညဘက် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်နေ

ဇူလိုင်လက စပြီး ကျောက်မဲမြို့ပေါ်တွင် ပစ္စည်းလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ “ညပိုင်း လူပြတ်တဲ့နေရာတွေမှာ စကစတွေလား၊ ရဲတွေလားဆိုတာတော့ သေခြာမသိဘူး၊ သူ့တို့ပုံစံတွေလိုလုပ်ပြီး သွားလာတဲ့လူတွေကို ဟန့်တားပြီး အနုကြမ်းစီး ပစ္စည်းလုတာတွေ ရှိတယ်” ဟု ကျောက်မဲမြို့မှ ဒေသခံက ပြောသည်။ ဇူလိုင်လမှ စတင်ပြီး ယခုချိန်ထိ...

တောင်ကြီးမြို့ ရွှေဆိုင်တခု လုယက်ခံရ

သျှမ်းပြည် တောင်ပိုင်းတောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် တွင် ဖွင့်လှစ်ထားသည့် ရွှေဇာမဏီရွှေဆိုင်တွင် ယနေ့ (ဇန်နဝါရီ ၈ ရက်) နေ့လည်ပိုင်း အချိန်တွင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ ကန့်ရှေ့ရပ်ကွက်၊ ကုန်သည်လမ်းတွင်ဖွင့်လှစ်ထားသည့် ရွှေဇာမဏီ ရွှေဆိုင် ကို ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ကာ ရွှေဝယ်ယူသည့်...

Latest news