နမ္မတူတွင် ဓားပြ ပစ္စည်းလုယက်မှု ဖြစ်ပွား

သျှမ်းမြောက် နမ္မတူမြို့တွင် ဓားထောက် ဓားပြတိုက်မှု၊ ပစ္စည်းလုယက်မှု (၂)ရက်ဆက်တိုက် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ပုံစာ- နမ္မတူ မြို့ထဲ ပစ္စည်းလုတဲ့ လူငယ်ကို ဝိုင်းဖမ်းတဲ့ပုံ

ပြီးခဲ့သည့် အောက်တိုဘာလ (၅)ရက်နေ့ နမ္မတူ − လားရှိုးလမ်း နမ္မတူမြို့အထွက် (၆)မိုင်တွင် အမျိုးသမီး နှင့် ကလေးငယ်စီးလာသည့်ဆိုင်ကယ်အား လူတစ်စုမှ ဓားထောက်ကာ ဆိုင်ကယ် ယူဆောင်သွားခဲ့ပြီး၊ ယမန်နေ့ (အောက်တိုဘာ ၆)ရက် ညနေပိုင်းတွင်လည်း နမ္မတူမြို့တွင်းတွင် ဖုန်းလုယူထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

“နမ္မတူမြို့အထွက် (၆)မိုင်မှာ အမျိုးသမီးနဲ့ကလေး စီးလာတဲ့ ဆိုင်ကယ်ကို ဓားထောက်ပြီး ဆိုင်ကယ် ယူသွားခဲ့တာ၊ သူတို့ (ဓားပြ)တဲ့သူက (၃)ယောက်လို့တော့ ပြောတယ်၊ အတိအကျတော့ မသိရသေးဘူး၊ မနေ့က ညနေပိုင်းလည်း မြို့ထဲမှာ ဖုန်းလုပြေးသွားသေးတယ်” ဟု နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူတွင် ဓားထောက်လုယက်မှု၊ ဓါးပြတိုက်မှုများသည် ယခင်နှစ်များတွင်လည်း ဖြစ်ပွားလေ့ရှိသော်လည်း ယခုရက်ပိုင်းတွင် ပိုမိုများပြားလာခဲ့တာဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

ထိုပစ္စည်းလုယက်သူများသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်နေသည့် ဒေသခံ လူငယ်များသာ ဖြစ်ပြီး ယနေ့ (အောက်တိုဘာ ၇ ရက်)တွင် တရားခံတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဒီလိုဖြစ်နေတာက အဓိကမြင်မိတာတော့ မူးယစ်ဆေးဝါးကြောင့်ပါ၊ နောက်ပြီး ကိုဗစ်ကာလဆိုတော့ အလုပ်အကိုင်မရှိတာတွေလည်း ပါတာပေါ့၊ ဓားထောက်ပြီး ဆိုင်ကယ်ယူသွားတဲ့ သူတွေကလည်း ဒီဒေသက လူငယ်တွေပဲ၊ အသက် (၂၀)ဝန်းကျင်လောက်ပဲ ရှိတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ဓားထောက်ကာ ဆိုင်ကယ်လုယူသွားသည့် လူငယ်တစ်ဦးအား ယနေ့ နေ့လည်ပိုင်းတွင် ဒေသခံတို့မှ ဝိုင်းဝန်းဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

နမ္မတူမြို့တွင် ယခုနှစ်အတွင်း ဓားထောက်ပစ္စည်းလုယက်မှု (၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နေအိမ်တွင်း ဝင်ရောက် ခိုးယူမှုများ ပိုမိုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့က သျှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်ကောင်းကျေးရွာတွင်လည်း အမျိုးသမီးတစ်ဦး ဓါးပြတိုက်ခံခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...

တောင်ကြီး လုယက်မှုများကြောင့် ကားရောင်းဝယ်သူများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးရဲ

0
သျှမ်းပြည်တောင်ပိုင်းတွင် ကား၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ နှစ်ဉီး တိုက်ခိုက်ခံရပြီး တစ်ဉီး သေဆုံးပြီးနောက် ကားအရောင်းအဝယ် လုပ်သူများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မပြုလုပ်ရဲတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နှင့် အေးသာယာမြို့ရှိ ဆိုင်ကယ်နှင့် ကားအရောင်းဆိုင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ကာလ အခြေအနေအရ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချပြီး...