မိုင်းဆတ်မြို့ အသက် ၆၀ရှိ အမျိုးသမီးတစ်ဦး ရိုက်ခံရပြီး ပိုက်ဆံအိတ်လုခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အသက် ၆၀အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ယနေ့ (စက်တင်ဘာ ၃)ရက် မနက် ၄နာရီဝန်းကျင်၌ တုတ်ဖြင့်ရိုက်ခံရပြီး ပိုက်ဆံအိတ်ပါ လုယက်ခံရကြောင်း သတင်းသိရသည်။

မိုင်းဆတ်မြို့ ရိုက်နှက် ပိုက်ဆံလုခံရ

ဖြစ်စဥ်မှာ ယနေ့ မနက် (၄)နာရီဝန်းကျင်တွင် အသက် (၆၀) အရွယ်ရှိ အမျိုးသမီးသည် မိုင်းဆတ်မြို့ရှိ စျေးသို့ စက်ဘီးဖြင့် သွားနေစဥ် အမျိုးသားတစ်ဦးမှ တုတ်ဖြင့်ရိုက်ကာ ပိုက်ဆံအိတ်ကို လုယူသွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့အိမ်က ဆီချက်ခေါက်ဆွဲရောင်းတော့ မနက်အစောကြီးဈေးကို သွားပြီး လိုတာတွေ ဝယ်ဖို့ပေါ့၊ ဒါမဲ့ မြို့လယ်ခေါင်က လမ်းလေးခွရောက်တော့ အမျိုးသားတစ်ယောက်က သူ့ဦးခေါင်းကို တုတ်ချောင်း နဲ့ လွဲရိုက် ချပြီး ပိုက်ဆံအိတ်ကို လုသွားတာတဲ့၊ အဲ့ချိန်မှာသူလည်းသတိလစ်သလိုလိုဖြစ်သွားတယ်၊ သူ့ခေါင်းကို ငါးချက် ချုပ်လိုက်ရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ရိုက်နှက်ခံရသည့်အမျိုးသမီးသည် မိုင်းဆတ်မြို့ မယ်ဆွမ်မြောက်ရပ်ကွက်နေ ပါလုံ (ခ) ကြီးကြီးဖြစ်ပြီး ဦးခေါင်းငါးချက်ချုပ်ခံလိုက်ရသည့်အပြင် ပိုက်ဆံလေးသောင်းကျော် လည်း ဆုံးရှုံးလိုက်ရ ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူ တရားခံကို နယ်မြေခံရဲနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

“မြို့လယ်ခေါင်မှာလည်း မူးယစ်ဆေးဝါးသမားတွေ အရမ်းများနေတယ်၊ အဲ့လိုမျိုး ရှိနေတာတောင် သက်ဆိုင်ရာက လာဖမ်းတာ မရှိဘူး။ ရောင်းနေတဲ့သူတွေကိုလည်းသိရက်နဲ့ မဖမ်းကြဘူး၊ အခုတရားခံကို လည်း လိုက်နေတယ်လို့တော့ ပြောတယ် မိနိုင်ကြမလားသိဘူး” ဟု မိုင်းဆတ်မြို့ ဒေသခံ အသက် ၅၀ ကျော် အမျိုးသားက ဆက်လက်ပြောသည်။

လက်ရှိ မိုင်းဆတ်မြို့လယ်ခေါင်တွင် မူးယစ်ဆေးများကို ပေါ်တင်သုံးစွဲလာပြီး နေ့လည်ပိုင်းအချိန်၌ အုတ်တံတိုင်းကျော်ကာ ပစ္စည်းများ ဝင်ရောက်ခိုးယူနေသော်လည်း နယ်မြေခံရဲများ သက်ဆိုင်ရာ တာဝန်ရှိသူများက နှိမ်နှင်းနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းပြည်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု နှင့် ဒေသအတွင်း ဆူပူအကြမ်းဖက်မှုများ ခိုးယူလုယက်မှုများ တစ်ဖန်ပြန်ကြီးထွားလာနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းဆတ်မြို့နယ် တောင်ယာထဲ အမျိုးသမီးတစ်ဦး အသတ်ခံရ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် တောင်ထဲတွင် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် မိုင်းဆတ်မြို့ နယ် အ‌နောက်ဘက် ကျတီကျေးရွာအုပ်စု အားဟယ့်ရွာတွင် နေ့ထိုင်သည့် အမျိုးသမီးတစ်ဦး တောင်ယာထဲတွင် အသတ်ခံရပြီး သေဆုံးနေကြောင်း မိုင်းဆတ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...