လားရှိုး
လားရှိုး မန်ဆူဘုန်းကြီးကျောင်း ဗုံးကြဲခံရ စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး
သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သီရိမင်္ဂလာ မန်ဆူသျှမ်းကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် (၅) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ သီရီမင်္ဂလာ မန်ဆူဘုန်းကြီးကျောင်း အနီးသို့...
လားရှိုးမြို့”ဝ” ပြင်ပဆက်ဆံရေးရုံးနှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် UWSA လုံခြုံရေးတပ်စွဲ
သျှမ်းပြည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ပေါ်ရှိ ‘ဝ’ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုကို ကာကွယ်ရန် အတွက် UWSA မှ ဝင်ရောက်နေရာယူ တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့ပေါ်သို့ ယမန်နေ့ (ဇူလိုင်လ ၂၇...
လားရှိုးမြို့တွင်း စစ်ကောင်စီတပ်နှင့် MNDAA စစ်ရေး ပြန်ပြင်းထန်နေ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့သည် ယနေ့ (ဇူလိုင် ၁၉ ရက်) နံနက်အစောပိုင်းမှ စတင်ကာ စစ်ရေးပြန်လည် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည်...
လားရှိုးမြို့ နန်ကျိုင်းစခန်းတွင် ဖမ်းမိသော စစ်သုံ့ပန်းများအနက် ကလေး ၃ ဦးပါဝင်
သျှမ်းပြည် လားရှိုးမြို့ စစ်ကောင်စီ၏ နန်ကျိုင်းစခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများအနက် အသက် (၁၈) နှစ်မပြည့်သေးသည့် ကလေး ၃ ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။ ဇူလိုင် ၁၄ ရက်က စစ်ကောင်စီ၏ နန်ကျိုင်းစခန်းကိုး ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ပြီးနောက်...
လားရှိုးခံစစ် စစ်ကူနှင့် ဆာလာအိတ်သိန်းချီ လေကြောင်းမှ ပေးပို့
SHAN -
တိုက်ပွဲများ ပြင်းထန်နေသည့် သျှမ်းမြောက်၊ လားရှိုး ခံစစ် အတွက် စစ်ကောင်စီက စစ်ကူ စစ်သားနှင့် ဆာလာအိတ် သိန်းချီ လေကြောင်း အသုံးပြု ပေးပို့နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ပြောသည်။ ညီနောင်မဟာမိတ်တပ်များ အပစ်ရပ်ထားသည့် ကာလ လားရှိုးမြို့...
လားရှိုးမြို့တွင် စက်သုံးဆီဈေးများ အဆမတန် မြှင့်တက်နေ
သျှမ်းပြည် လားရှိုးမြို့နယ်တွင် တိုက်ပွဲများအကြား စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြှင့်တက် နေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂ ရက်နေ့မှ စတင်၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့်...
လားရှိုးမြို့တွင် လက်နက်ကြီးထပ်ကျ ပြည်သူ ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့တွင် လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၁၂ ရက်) ညပိုင်းတွင် ရပ်ကွက် (၄) ရှိ အ.ထ.က ၅ ကျောင်းဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ကျောင်းဆရာအပါအဝင် ပြည်သူ ၃...
လားရှိုးမြို့ လက်နက်ကြီးကျ၍ ပြည်သူ ၄ ဦးထပ်မံသေဆုံး
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း လားရှိုးမြို့လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁ ရက်) မနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ သာသနာ (၂၅၀၀) တောင်အခြေအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံ ၁ ဦး...
လားရှိုးမြို့မှ ထွက်ခွာလာသည့် လူငယ် ၁ ဦးကို တပ်သားသစ်အဖြစ် MNDAA မှအတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွား
သျှမ်းမြောက် လားရှိုးမြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များထဲမှ လူငယ် အမျိုးသားတစ်ဦး ကို တပ်သားသစ်အဖြစ် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ၎င်းမိသားစုဝင်များကပြောကြားသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်က တိုက်ပွဲကြောင့် လားရှိုးမြို့မှ မိုင်းရယ်၊ ဝမ်ဟိုင်းဘက်သို့ တိမ်းရှောင်ရန် ကားဖြင့်စီးလာကြစဉ်...
အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းအခက်ခဲဖြစ်နေ
သျှမ်းပြည် အောင်ပန်းမြို့နယ်အတွင်းသို့ လားရှိုးမြို့နှင့် ပင်လောင်းမြို့နယ်မှ ရောက်ရှိလာသော ဒေသခံများအတွက် နေရာထိုင်ခင်းအခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ပထမ ပတ်မှစ၍ အောင်ပန်းမြို့တွင် ထပ်မံရောက်ရှိလာသော လားရှိုးမြို့ နှင့် ပင်လောင်းမြို့နယ်မှ စစ်ဘေးရှောင်များအတွက် ဘုန်းကြီးကျောင်းများနှင့် အခြားနေရာများတွင် နေရာထိုင်ခင်းအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ထပ်ရောက်လာမယ်ဆိုရင်တော့ လောလောဆယ်တော့ နေရာတွေက...





