လားရှိုးမှာ စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို နှိပ်စက်ဆိုတဲ့ ရုပ်သံဖိုင်အမှား

သျှမ်းပြည် လားရှိုးမြို့က နေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူလို့ အပြစ်ပေးခံရတဲ့ရုပ်သံဖိုင်တခုကို အသုံးပြုပြီး စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ကလူမဆန်စွာ ဖမ်းဆီးရိုက်နှိက်နေတယ်ဆိုတဲ့ရုပ်သံတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီ့သတင်းကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် ဟန်ငြိမ်းဦးချယ်နယ်ကစတင် ဖြန့်ချိခဲ့ပြီး “လားရှိုးတွင် ငွေကြေးအဆင်မပြေမှုကြောင့် စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို အကြမ်းဖက်တရုတ် ကိုးကန့်ခွေးမိစ္ဆာ MNDAA အဖွဲ့မှ ဖမ်းဆီးပြီး လူမဆန်စွာဖမ်းဆီးရိုက်နှိက်နေတယ်” လို့ (မူရင်းအတိုင်း) ရေးသားဖော်ပြထားပါတယ်။

ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၂,၀၀၀ ကျော်အထိရှိနေပြီး ဟန်ငြိမ်းဦးချယ်နယ်အပြင် အခြားတယ်လီဂရမ်တွေမှာလည်း ဖြန့်ဝေထားကြတာပါ။

မူရင်းလင့်ခ် – https://archive.ph/RvlmV

မှိုင်းဝေ – https://archive.ph/zVuY3

သတင်း စစ်ဆေးခြင်း

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူတွေ အနေနဲ့ အဲ့ဒီ့ပျံ့နှံ့လာတဲ့ရုပ်သံဖိုင်ကို စစ်ဆေးကြည့်တဲ့အခါ မတူညီတဲ့ရုပ်သံဖိုင်ကို အသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှား တခုဖြစ်တာကို တွေ့ရပါတယ်။

၂ မိနစ်ကျော်ကြာမြင့်တဲ့ အဲ့ဒီ့ရုပ်သံမှာ MNDAA ယူနီဖောင်းဝတ်ဆင်ထားသူတွေက ဗမာစကားပြောတဲ့လူလေးဦးကို ဖမ်းဆီးထားပြီး တံမြက်စည်းတုတ်နဲ့ ရိုက်နှိက်နေတာကိုတွေ့မြင်ရပါတယ်။

အဲ့ဒီ့ရုပ်သံဖိုင်ထဲမှာ“လားရှိုးမြို့ အိမ်ဖောက်သူခိုးတွေ မိထားပါတယ်၊ ပညာပေးအနေနဲ့ နောက်မခိုးဖို့ နောက်တစ်ကြိမ် ပြစ်မှုဖြစ်ပါက အချုပ် ၆ လနေရမယ်လို့ သတိပေးထားပါတယ်” ဆိုပြီး John Minh ဆိုတဲ့ Facebook အသုံးပြုသူတယောက်က မနေ့က ဩဂုတ်လ ၁၃ရက်၊ မနက်၁၀နာရီဝန်းကျင်မှာ အစောဆုံးမျှဝေထားတာကိုတွေ့ရပါတယ်။

မူရင်းရုပ်သံ – https://rb.gy/mibjo7

အဲ့ဒီဖြစ်စဉ်ဟာ လားရှိုးမှာအမှန်တကယ်ဖြစ်ပွားခဲ့တယ်ဆိုတာမှန်ပေမယ့် သတင်းအမှားဖြန့်ချိသူတွေရေးသားခဲ့သလို “ငွေကြေးအဆင်မပြေမှုကြောင့် စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုး” ဆိုတဲ့အကြောင်းအရာက မှားယွင်းနေပါတယ်။

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကလည်း “ လူသူမရှိတဲ့ လားရှိုးမြို့ထဲက နေအိမ်တချို့နဲ့ဈေးဆိုင်တွေ ဆက်လက်ဖောက်ထွင်းခံနေရ” ဆိုပြီး ၂၀၂၄ သြဂုတ် ၁၁ ရက်နေ့က ဖော်ပြထားတာကို ဖတ်ရှု့နိုင်ပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/8IvMQ

ဒါ့အပြင် နေအိမ်ဖောက်ထွင်းခိုးယူနေသူတွေကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA ကဖမ်းဆီးပြီး ပညာပေးမောင်းထုတ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင်၊၂၉ ရက်က မဲခေါင်သတင်းကလည်း ဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/MnEbA

လားရှိုးမြို့ ဒေသခံတစ်ဦးကို လက်ရှိအခြေအနေနဲ့ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းရာမှာ “ဗမာတွေကိုဖမ်းတာမျိုးရှိပေမယ့် သူတို့မေးတာဖြေနိုင်ဘာမှမလုပ်ပါဘူး။ ဖုန်းစစ်တယ်၊ တောင်းရင်ပေးလိုက်တယ်။ စစ်ပြီးပြန်ပေးပါတယ်။ အခုချိန်ထိတော့ မြို့ပေါ်မှာ အေးအေးဆေးဆေး ဖြစ်ပါတယ်။ ဗမာဆိုရင်တော့ သတင်းပေးဖြစ်မှာကြောက်လို့ ကိုးကန့်က စစ်ဆေးမေးမြန်တာ ရှိပါတယ်” လို့ ပြောပါတယ်။

သုံးသပ်ချက်

သတင်းအမှားဖြန့်သူတွေဟာ မတူညီတဲ့နေရာက ရုပ်သံ၊ အကြောင်းအရာတွေကို အသုံးပြုပြီး စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးကို ကိုးကန့်တပ်ဖွဲ့ MNDAA ကရိုက်နှိက်တယ်လို့ လူမျိုးရေးမှိုင်းတိုက် ဝါဒဖြန့်ခြင်းသာ ဖြစ်ပါတယ်။

၂၀၂၄ သြဂုတ် ၁၃ ရက်နေ့ ဧရာတီသတင်းတစ်ပုဒ်မှာလည်း “အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သမိုင်းဝင် ဆုံးရှုံးခြင်းအား တုံ့ပြန့်သည့်အနေဖြင့် စစ်ကောင်စီသည် အမျိုးသားရေးစကားနှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို အရှိုန်မြင့်တက်လိုက်သည်” ဆိုပြီး ဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/OObPO

လားရှိုးမှာ စစ်မရှောင်နိုင်တဲ့ ဗမာတွေကို နှိပ်စက်ညှင်းပန်းတယ်ဆိုတဲ့ ဗီဒီယိုဖိုင်ဟာ လိုသလို ချိတ်ဆက်ရေး သားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာ အတည်ပြုစစ်ဆေးတွေ့ရှိရပါတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

factcheck #MFCN #SHAN News #Delta News Agency

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...