Friday, April 26, 2024

လားရှိုးမြို့နယ်

သီပေါ အမျိုးသမီးတစ်ဦး ပျောက်ဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမွန်းကျေးရွာနေ သျှမ်းအမျိုးသမီးငယ်တစ်ဦးသည် တလနီးပါး အဆက်အသွယ်မရ ပျောက်ဆုံးနေသည့်အတွက် မိဘများက စိတ်ပူနေကြောင်း သတင်းသိရသည်။ ဇွန်လ ၂ ရက်နေ့ ကတည်းက နေအိမ်မှ ထွက်သွားပြီး ယနေ့အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေသည့် သီပေါမြို့ နားမွန်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ်...

လားရှိုးမြို့နယ် စာသင်ကျောင်းမှ ဆရာမများ အချိန်ပိုခေါ် ငွေကျပ် ၂ သောင်းတောင်း

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် စစ်ကောင်စီမှ ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် ပညာရေးဝန်ထမ်းများက အချိန်ပို ဟုခေါ်ဆိုကာ ကျောင်းသား/သူ များကို စာသင်ပေးပြီး တစ်ဦးလျှင် ငွေကျပ် ၂ သောင်းပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းများတွင် ကျောင်းဆရာ၊ဆရာမ များက အချိန်ပိုယူသင်ပေးကာ ပိုက်ဆံယူနေလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လားရှိုးမြို့တွင်း လျှပ်စစ်ဝန်ထမ်း အယောင်ဆောင်ပြီး ငွေတောင်းယူမှုများရှိနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းယောင်ဆောင်ပြီး ပြည်သူများထံ ပိုက်ဆံကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ယခုရက်ပိုင်း လားရှိုးမြို့ တစ်ချို့ရပ်ကွက်မှာ လျှပ်စစ်ဝန်ထမ်း ယူနီဖောင်းဖြင့် နေအိမ်သို့လာကာ ဝါယာကြိုးလိုက်စစ်ပြီး ငွေတောင်းယူမှုများရှိကြောင်း သိရသည်။ယမန်နေ့ ဇွန် (၅) ရက်နေ့တွင်လည်း ရပ်ကွက် (၁၁) ပညာရေး ကောလိပ်နားတွင် ရှိနေသည့်...

လားရှိုးမြို့ တစ်လ အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ (၅)ဦးထိရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလ အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး သေဆုံးသူ (၅)ဦးထိရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့ အဆုံးစီရင်သူများသည် လူငယ်ပိုင်းထဲက အများဆုံးဖြစ်ပြီး မည်သည့် ကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်ကို မသိရှိရသေးကြောင်း လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်များက ပြောသည်။ “ဘာကြောင့် ဒီလို အဆုံးစီရင်ကြတာလဲ...

လားရှိုး ဟိုနားကျေးရွာ တရွာလုံး အစားအသောက် ခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနားကျေးရွာတွင် ကိုဗစ် ၁၉ ကာလနှင့် နိုင်ငံရေးအခြေအနေတွေကြောင့် တရွာလုံးနီးပါး စားဝတ်နေရေး ခက်ခဲလာပြီး ထမင်းနပ်မှန် မစားရကြောင်း စုံစမ်းသိရှိရသည်။ ဟိုနားကျေးရွာတွင် အိမ်ခြေ ၁၀၀ နီးပါးရှိပြီး ဝါးဖြင့် ဖျာယက်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ဝယ်ယူသူနည်းပါးလာသောကြောင့် စားဝတ်နေရေးအတွက် အလှူရှင်များကို အားကိုးလာရကြောင်း...

လားရှိုးမြို့နယ် ကောင်းကြဲပိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြည်သူပိုင်မြေ ရောင်းစားနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကောင်းကြဲပိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အများပိုင် မြေကွက်ကို ရောင်းစားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ကောင်းကြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နားမွန်းကျေးရွာမှ အများပိုင်မြေကွက်များကို ပြည်သူများ ကန့်ကွက်သည့်ကြားက အုပ်ချုပ်ရေးမှူး အာဏာဖြင့် ရောင်းစားနေကြောင်း နားမွန်းဒေသခံ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

လားရှိုးမြို့နယ်တွင်း ကိုဗစ်- ၁၉ မစစ်ဆေးပါက ဒဏ်ငွေရိုက်မည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုပိတ်‌ကျေးရွာအုပ်စုထဲတွင် ကိုဗစ်-၁၉ ပိုးမစစ်ဆေးပါက ဒဏ်ငွေရိုက်မှု ပြုလုပ်ကြောင်း သတင်းရရှိသည်။ ဟိုပိတ်ကျေးရွာအုပ်စုထဲ ဥက္ကဌ နှင့် ရွာသူကြီးများက ပြည်သူများအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးခိုင်းပြီး၊ မစစ်ဆေးပါက ဒဏ်ငွေ (သို့မဟုတ်) ရိုက်ဒဏ်ခံရမည်ဖြစ်သောကြောင့် ပြည်သူများက သွားရောက်စစ်ဆေးရကြောင်း သိရသည်။ “ ကိုဗစ် -၁၉ ပိုးရှိမရှိဆိုပြီး...

လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ် (၇) ဦးဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု နားဟွယ်ရွာတွင် ယမန့်နေ့ ဩဂုတ် (၃၁) နေ့လည် ၁ နာရီဝန်းကျင်က PDF ဟုထင်ခံရသည့် လူငယ် (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် (၇) ဦးကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း၊ လူငယ်များ...

မိုင်းယော် မန့်ပန်ပြည်သူ့စစ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်

သျှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်တပ်စခန်း အနီး စစ်ကောင်စီ မှ စစ်အင်အား (၁၀၀)ကျော် အင်အားလာဖြည့်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန် ၂၆ရက် တွင် စစ်ကောင်စီ ၏ တပ်မ ၉၉ မှ စစ်အင်အား (၁၀၀)ကျော် သည် လားရှိုးမြို့နယ် မိုင်းယော်ဒေသ...

လားရှိုးမြို့နယ် ပြည်သူ (၆ ) ဦးကို TNLA မှဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စု နားယေးကျေးရွာခံ သျှမ်းပြည်သူ ( ၆) ဦးကို တအောင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နေအိမ်ထိလာရောက် ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နာယေးကျေးရွာခံပြည်သူ ၆ ဦးကို ဇွန်လ (၁၃) ညနေ ၈ နာရီအချိန်တွင် လမ်းပြပေးရန်အတွက်...

Latest news