လားရှိုးမြို့တွင် ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ပြန်တွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ် ပန်ယောင်းကျေးရွာ လူနာတစ်ဦးသည် လားရှိုးမြို့သို့ ဆေးကုရန် အတွက် ရောက်ရှိလာစဥ် ကိုဗစ် – ၁၉ ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် လားရှိုးသို့ ဆေးကုသမှုခံယူရန်အတွက် ပန်ယောင်းရွာ ဒေသခံများသည် ဟိုပန်ဆေးရုံမှ လူနာတင်ကားဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း လားရှိုးမြို့ Covid-19 Operation Team မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လားရှိုးဆေးရုံကြီးကိုရောက်လာပြီး ရောဂါအခံရှိထားတဲ့သူကို RDT နဲ့စစ်လိုက်တဲ့အချိန် ကိုဗစ် ပိုးတွေ့လို့ ကိုဗစ် လူနာသီးသန့်ဆောင် ပို့နေစဉ်မှာပဲ သေဆုံးသွားပါတယ်၊ သူနဲ့ပါလာတဲ့ မိသားစုဝင် အမျိုးသမီးငယ် တစ်ဦးထံလည်း ကိုဗစ်ပိုးထပ်တွေ့တယ်၊ ကိုဗစ် – ၁၉ ပိုးပါ အသစ်ထပ်ထွက်လာတဲ့ ပိုးမဟုတ်ပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

photo: SWT

လက်ရှိတွင် ကိုဗစ် – ၁၉ ပိုးစစ်ဆေးတွေ့ရှိသည့် သေဆုံးသူ အတည်ပြုလူနာ မိသားစုဝင် အမျိုးသမီးကို လားရှိုးပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ လူနာ သီးသန့်စောင့်ကြည့် ကုသဆောင်မှာ ထားရှိပြီး ကုသမှုများ ခံယူနေကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“ပိုးထပ်တွေ့တဲ့ မိသားစုဝင်က မိန်းကလေးတစ်ဦးတည်း ဖြစ်နေလို့ မိသားစုဝင် အကိုဖြစ်သူက လူနာစောင့် လုပ်ပေးနေပါတယ်။ လားရှိုးဆေးရုံကြီး ကိုဗစ် လူနာ သီးသန့်ဆောင်မှာပဲထားထားပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပိုးတွေ့လူနာနှင့်ထိစပ်သည့် မိသားစုဝင်များနှင့် လိုက်ပို့လာသည့် ဟိုပန်မြို့မှ ယာဉ်မောင်းများ လားရှိုးမြို့ ခရိုင်ကျန်းမာရေးရုံးမှာ ကွာရန်တင်း ထားရှိကြောင်းလည်း သတင်းသိရသည်။

လက်ရှိတွင် ကွာရန်တင်းဝင်ထားရသည့် ပိုးတွေ့လူနာများ အပါအဝင် ထိစပ်သူများ၏ စာရေးသောက်ရေးနှင့် ဆေးဝါးများကို လားရှိုးမြို့ Covid-19 Operation Team နှင့် အလှူရှင်တစ်ချို့မှ ကူညီဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ တစ်ဖန် ပြန်လည်တွေ့ရှိလာခြင်းနှင့် ပတ်သက်ပြီး လားရှိုးမြို့ Covid-19 Operation Team အဖွဲ့ဝင်တစ်ဦးက ပြည်သူများ သွားရေးလာရေးနှင့် ကျန်းမာရေး ဂရုစိုက်မှုများကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ပြောဆိုထားသည်။

ကိုဗစ် – ၁၉ ရောဂါပျံ့နှံ့ကူးစက်မှုသည် ပြီးခဲ့သည့် မတ်လအတွင်းမှ စတင်ကာ ကူးစက်မှုများ လျှော့ကျလာပြီး ယခုတစ်ဖန် ပိုးတွေ့လူနာများပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...