လားရှိုးမြို့နယ် စာသင်ကျောင်းမှ ဆရာမများ အချိန်ပိုခေါ် ငွေကျပ် ၂ သောင်းတောင်း

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် စစ်ကောင်စီမှ ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် ပညာရေးဝန်ထမ်းများက အချိန်ပို ဟုခေါ်ဆိုကာ ကျောင်းသား/သူ များကို စာသင်ပေးပြီး တစ်ဦးလျှင် ငွေကျပ် ၂ သောင်းပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းများတွင် ကျောင်းဆရာ၊ဆရာမ များက အချိန်ပိုယူသင်ပေးကာ ပိုက်ဆံယူနေလျက်ရှိကြောင်း သိရသည်။ ထိုသို့ အချိန်ပိုကို အတန်းတိုင်းက တက်ရကြောင်းလည်း သိရသည်။

လားရှိုးမြို့ အထက်တန်းကျောင်း

“ အတန်းတိုင်းက တက်ရတယ်။ ကျောင်းမှာ အချိန်ပိုဆိုပြီးတော့ သင်ပေးတာပေါ့။ ကျူရှင် ပုံစံလိုမျိုးသဘောပဲ။ သင်ပေးပြီးတော့ကျောင်းသား/ သူ တစ်ယောက်ကို ၂ သောင်းပေးရတယ်။ အတန်းတော့ ကွာမယ်ထင်တယ်။ အတန်းကြီးရင်တော့ ၂ သောင်းပေါ့။ ကျနော်အတိကျတော့ ၂ သောင်းပေးရတာပေါ့” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းတွင် အချိန်ပိုသင်ကြားရခြင်းသည် ဆရာ/ဆရာမ များ၏ နေအိမ်တစ်ချို့က ကျဉ်းမြောင်းသောကြောင့် ကျောင်းတွင်အချိန်ပိုသင်ပေးပြီး ကျောင်းသားတိုင်းကို တက်ခိုင်းကြောင်း ဒေသခံများက ပြောသည်။

စာသင်ကျောင်းများ

“ ဒီမှာစာလာသင်တဲ့ ကျောင်းဆရာ/ဆရာမတွေ တစ်ချို့နေအိမ်က ကျဉ်းတယ်လေ။ အဆောင်တွေ၊ အခန်းတွေနဲ့နေတဲ့ ဆရာမတွေလည်းရှိနေတယ်။ ဒါကြောင့် သူတို့က ကျောင်းမှာ အချိန်ပိုဖွင့်ပေးလိုက်ပြီးတော့ ပိုက်ဆံကောက်ယူတာပါ။ ကျောင်းသားအားလုံးကိုလည်း တက်ခိုင်းတာပေါ့” ဟု ဒေသခံ အမျိုးသားက ပြောသည်။

အဆိုပါ ကျောင်းဆရာ/ ဆရာမများသည် ယခုလိုမျိုး အချိန်ပိုသင်ကြားပေးပြီး ငွေတောင်းနေခြင်းသည် စေတနာအရင်းဖြင့် စာသင်ပေးနေသည် မဟုတ်ကြောင်း ကျောင်းသားမိဘများတစ်ချို့က သုံးသပ်ပြောဆိုသည်။

“ သူတို့ ဒီလိုကောက်နေတာက အာဏာသိမ်းပြီးကတည်းပဲ။ စာလည်းသူတို့ သေချာသင်ပေးတာမဟုတ်ဘူး။ ကျန်ရှိနေတဲ့ ကျောင်းဆရာမတွေကလည်း ကျောင်းသားအပေါ် စိတ်ရင်းစေတနာနဲ့သင်ပေးတာမျိုးမဟုတ်ဘူး။ အများစုက ငွေကြောင့်ပဲ လုပ်နေတာများတယ်” ဟု ဒေသခံ ကျောင်းသားမိဘက ပြောသည်။

စစ်ကောင်စီလက်အောက်ခံကျောင်းကို ယခုနှစ် ဇွန်လအတွင်း ပြန်ဖွင့်ပေးခဲ့ပြီး သျှမ်းပြည်အတွင်းရှိ မြို့နယ်တိုင်းနီးပါး ကျောင်းတက်သူများလည်း ပိုမိုများပြားလာကြောင်းသိရသည်။

အဆိုပါ ကျောင်းတွင် အချိန်ပိုယူပြီး ငွေတောင်းခြင်းသည် စစ်အစိုးရ ဗိုလ်ချုပ်ကြီး သန်းရွှေလက်ထက်က စတင်ရှိခဲ့ဖူးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...